ye
232လွန်ခဲ့သော ၁၁ လ က
ခရမ်းချဉ်ကို မြေခံ၁၅ ပတ်လည်ဘဲထည့်ပြီး ၊ေနာက်ပိုင်းရွက်ဖျန်းအားဆေးနဲ့ဘဲ အပင်အောင်မြင်ဖြစ်ထွန်းနိုင်လားဗျ၊(အင်တာနက်လှိုင်းမကောင်းလို့ အမြန်ဖြေပေးစေလိုသည်)
ခရမ်းချဉ်
U Yan
10,465လွန်ခဲ့သော ၁ နှစ် က
ဆရာ မိုးရွာပြိဆိုတော့လေ အပွင့်တွေလဲဝင်နေပိဆိုတော့ ကွန်ပေါင်း ထပ်ကျွေးဖို့လိုသေးလားခင်ဗျ ဆရာ့လဲမေးရတာအားနာနေပါပြီဗျာ 8 ရက်နေ့က လဘက်စားဇွန်းတစ်ဇွန်း ကျွေးထားပါတယ်ခင်ဗျ ထပ်ဆင့်ပွားလေးကြည့်ပေးပါအူး ထပ်ဆင့်ပွားက စျေးလေးတွေနည်းတော့ ဖျန်းပျော်တယ်လားလို့ဆရာ အဲ့ကောင်လေးကအပင်အားဆေးလား အသီးပွင့်အားဆေးလားဆရာ ဖားပျံပိုးဆေး လဲတစ်ထုတ် ၅၀၀ တဲ့ တွဲ ဖျန်းလို့ရပါသလားခင်ဗျ မိုးရွာပြီဆိုတော့ ဘယ်ဆေးကိုအရင် သုံးပြုရမလဲဆရာ အိမ်ရှိဆေး အားဆေး - အမိုင်နို / တောနစ် / ပွင့်သီးရှယ် / ထူးကောင်း / ထပ်ဆင့်ပွား / ကယ်မက် ပိုးဆေး - ဖော်ယူ / ဆိုင်လာ / ဒိုင်လေး / အစီဖိတ် မှိုဆေး - မက်တလဇီး / မန်ကိုဇက် + မက်တလဇီး ဆရာဖျန်းခိုင်းတာပဲ ဖျန်းမှာနော် ဦးလေးက အဲ့ဘက်တွေမကျွမ်းကျင်တော့ မေးနေတာလေးတွေ အပြစ်မမြင်ပါနဲ့ ကျေးဇူးတင်ပါတယ်နော်။
ခရမ်းချဉ်
Chit Khaing
22လွန်ခဲ့သော ၁ နှစ် က
ခရမ်းချဉ်ပျိုးထောင်ရက် ၇ ရက်သားကိုပျိုးပင်လှီနေလို့အပင်သန်အောင်ဘယ်လိုအားဆေးဖျန်းသင့်လည်းဘာမြေသြဇာသုံသင့်လည်းဆရာတို့ ပြောင်းရွှေ့မစိုက်ခင်ပျိုးခင်းကို မှိုဆေး စုပ်စားပိုးဆေး ကြိုတင်ဖျန်းသင့်လားသုံးသင့်ရင် ဘာဆေးကိုသုံးသင့်လည်း
ခရမ်းချဉ်
မောင်သက်လှိုင်
403လွန်ခဲ့သော ၁ နှစ် က
ခရမ်းချဉ်ကို အဆီဘယ်လိုကျွေးရမလဲ ရှင်းပြပေးကြပါအုံးခင်ဗျာ
ခရမ်းချဉ်
U Yan
10,465လွန်ခဲ့သော ၁ နှစ် က
ဟဲဟဲ😄 ခရမ်းချဥ်စိုက်လာတာ ၃ နှစ်ရှိပီ ဒီနှစ်ကောဆို ၄ နှစ်ပေါ့ဆျာ ရှေ့ ၃ နှစ်မှာ အပင်ရေ ၃၀၀ ရာလောက်စိုက်တာ သေချာတွက်ကြည့်ရင် ၃နှစ်လုံး အနှုတ်ပြတယ် အဲ့ ၃ နှစ်မှာအပင်တွေဘာဖြစ်လဲဆိုရင် ၁ ။ အောက်က ပိုးတီကောင်ဆွဲ ပြီးသေတယ် ၂ ။ ခါးရိရောဂါဖြစ်တယ် ၃ ။ အပင်ညှိုးရောဂါဖြစ်တယ်.. ၄ ။ အပွင့်ပွင့်ချိန် မိုးများတယ် ၅ ။ ဆေးနဲ့အနာနဲ့မတည့်တဲ့ဆေးတွေ စိတ်ကလောပြီး ဖျန်းမိတယ် ၆ ။ အပွင့် ခိုင် 6 ပွင့်တစ်ခိုင်မှ ၂ လုံးလောက်ပဲ အသီးတင်တယ်.. စသည်ဖြစ်ပေါ့ဆျာ - ဒီနှစ်တော့အရင် နှစ်တွေထက် အပင် ရေ 800 လောက်စိုက်ထားတယ် အပင်အနေအထားတွေတော့ပုံထဲကပါတဲ့အတိုင်း ခုချိန်ထိတော့အဆင်ပြေနေဆဲ ထွန်းယက်ပီးမစိုက်ခင်မှာလဲ မြေအောင်းပိုးသတ်ဆေးထည့်တယ် တာရာဖစ်ထည့်ထားတယ်... ဒီနှစ်တော့အောင်မြင်ချင်ပါတယ်ဆျာတို့ ပဲသီးကလဲစျေးကောင်းနေတော့ ပဲတောင့်ရှည်လေးပါညှပ်စိုက်ထားတယ်😅 ပဲကအပေါ်တက်မှာမို့ ခရမ်းချဥ်အတွက် မထိခိုက်နိုင်ဘူးလားလို့ပါဆျာ - ပုံထဲမှာ ဆေးဖျန်းထားတဲ့ရက်ရော လက်ရှိ ကျွန်တော့်ဆီမှာရှိတဲ့ အားဆေး မှိုဆေး ပိုးသတ်ဆေး အနည်းလို အဟာရဓာတ်များ အဲ့ဆေးတွေရှိနေသေးတယ် ဒီနှစ်မှဝယ်ထားတဲ့ဆေးတွေရော မနှစ်က လက်ကျန်တွေရောပါ ဆေးတွေထပ်ဖြည့်ဖို့လိုသေးလား အသီးပွင့်အားဆေးတွေထပ်ဝယ်ရအူးမလား ရာသီကုန်ထိ အဲ့ဆေးတွေနဲ့အဆင်ပြေလောက်လား အားမနာတမ်းပြောပါဆျာ ဒီနှစ်တော့. အောင်မြင်ချင်လို့ဆျာတို့ရဲ့. လမ်းညွှန်မှုအတိုင်း ကျွန်တော်ဆောင်ရွက်ပါမယ်ခင်ဗျ ပဲတောင့်ရှည်အပင်ပေါက်အရွက်တေမှာတော့ လောက်ကောင်တွေနဲ့လောက်ချေးအမဲတွေ တွေ့ရပါတယ်ခင်ဗျ ဒီထဲက ဘယ်ဆေးနဲ့အဆင်ပြေလောက်မလဲခင်ဗျ ကွန်ပေါင်းရော ကျွေးလို့ရပီလားခင်ဗျ . စာရှည်သွားတဲ့အတွက်လဲတောင်းပန်ပါတယ် အားလုံးကိုလေးစားလျှက်ပါဆျာတို့
ခရမ်းချဉ်
U Yan
10,465လွန်ခဲ့သော ၁ နှစ် က
ဆရာကြီးခင်ဗျ ခရမ်းချဥ်စိုက်ဖို့ စိုက်ဘောင်တော့တင်ပြီးပါပြီ ခရမ်းချဥ် ရွှေ့စိုက်တဲ့အချိန်မှာ ကွန်ပေါင်း 15 ပတ်လည် ဓာတ်မြေသြဇာ အလုံးလေးတွေ အပင်အောက်ကနေ ထည့်စိုက်လို့ရလားခင်ဗျ ဘယ်လိုစိုက်သင့်လဲ အကြံပေးပါအူးခင်ဗျ
ခရမ်းချဉ်
ကိုခိုင်စိုးဦး
609လွန်ခဲ့သော ၂ နှစ် က
ယူနဒီ တော့ ဒီနေ့ ဖြန်းထားတယ်ဗျ ဘာဆေးသုံးရမလည်း ဖြေပေးပါအုံး ရွှေစိုက်ပြီး ၂၁ ရက်ပါ ဗျ ဘယ်လိုပြုစုရမယ်ဆိုတာ သင်ပြပါအုံးဗျ
ခရမ်းချဉ်
ဦးအောင်ဆန့်
2,155လွန်ခဲ့သော ၃ နှစ် က
ရေဘဝဲခရမ်းချဥ်သီး အခုလို အရွက်ဝါလာလို့ အတော်များများ ညှပ်ပစ်လိုက်တယ်
ခရမ်းချဉ်
Yan Naing
3,427လွန်ခဲ့သော ၃ နှစ် က
သစ်ဆွေးမြေသြဇာအသုံးပြုထားတဲ့ သဲဆန်မြေမှာ ခရမ်းချဥ်ပင်တွေ နိုက်ထရိုဂျင် ချို့တဲ့တာကို ဘယ်မြေသြဇာ အာဟာရကျွေးရမလဲခင်ဗျ.. ပုလဲကျွေးရင်ရလားခင်ဗျ
ခရမ်းချဉ်
ဦးအောင်ဆန့်
2,155လွန်ခဲ့သော ၃ နှစ် က
ရေဘဝဲခရမ်းချဥ်သီးပျိုးပင်များ၏ အပင်ခြေရင်း 1 လက်မအကွာ သို့မဟုတ် လက်မဝက်အကွာ ကျင်းနည်းနည်းတူးပြီး ပုလဲမြေသြဇာ ကျွေးလို့ရလား
ခရမ်းချဉ်
Phyoe Kyaw
128လွန်ခဲ့သော ၄ နှစ် က
ခရမ်းချဉ် အသီး သီးေနပြီ ကြီးအောင်၊အလုံးလှအောင် ဘာဆေးသုံးရမလဲဗျ။
ခရမ်းချဉ်
Phyoe Kyaw
128လွန်ခဲ့သော ၄ နှစ် က
ခရမ်းချဉ်သီး🍅အသီးကြီးအောင် ဘယ်လိုအားဆေးက ကောင်းပါလဲဗျ
ခရမ်းချဉ်
မဖြူနှင်းဝေ
လွန်ခဲ့သော ၄ နှစ် က
ခရမ်းချဉ် ရောဂါကျရောက်နေလို့ ဘာ ရောဂါလဲ ဘာ ဆေးဖျန်းရမလဲ
ခရမ်းချဉ်
Ko Min
19,845လွန်ခဲ့သော ၅ နှစ် က
ခရမ်းချဉ်စိုက်ပြီး ၁လ ကျော်ပြီ။ ၁၅ ရက်တုန်းက ပုလဲကျွေးထားတယ်။ အခုဘာကျွေးရင် ကောင်းမလဲ။ မြေဩဇာဈေးကြီးလို့ ဘာအစားထိုးကြမလဲ
ခရမ်းချဉ်
အမည်မသိ
2လွန်ခဲ့သော ၅ နှစ် က
ခရမ်းချဥ်သီးမှာ ဖြစ်လေ့ရှိတဲ့ ပုံပါအတိုင်း အသီးမှာ အနာ ဖြစ်နေတာ ဘာရောဂါပါလဲ သိချင်ပါတယ်ဗျ
ခရမ်းချဉ်
ဆက်နွယ်သည့် အကြောင်းအရာများ