အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၅ နှစ် က · ကော့မှုး

မျိုးစေ့မြှုပ်တဲ့အခါ အပင်လေးဖြစ်မလာခင် ပရွက်ဆိတ် ပရစ် ဂဏန်း တို့၏ အန္တရာယ်ကိုကာဖို့ဘလိုလုပ်ရမယ်ဆိုတာ နည်းလမ်း...

မျိုးစေ့မြှုပ်တဲ့အခါ အပင်လေးဖြစ်မလာခင် ပရွက်ဆိတ် ပရစ် ဂဏန်း တို့၏ အန္တရာယ်ကိုကာဖို့ဘလိုလုပ်ရမယ်ဆိုတာ နည်းလမ်းလေးပြောပြပေးကြပါဦးခက်ဗျ

ပိုးမွှားရောဂါ ရုံးပတီ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၅ နှစ် က

F1 မျိုးထုပ်တွေဝယ်စို်ကမယ်ဆိုရင်တော့ အဲဒီမျိုးစေ့တွေက ဆေးစီမံထားပြီးသားဖြစ်တာကြောင့် စိတ်ပူစရာတော့ မလိုပါဘူးဗျ။ ဒေသမျိုး OP တွေ စိုက်မယ်ဆိုရင်တော့ ဒါတွေက သတိထားဖို့လိုပါတယ်။ ဒါကြောင့် တစ်ကျင်းကို ၂-၃ စေ့ထိ ထည့်ကြပြီး အပင်ပေါက်လာမှ အသန်ဆုံး ၁ ပင်ကို ထားပြီး နှုတ်ပစ်ကြပါတယ်။ ဒါမှမဟုတ်လည်း အညှောင့်ဖောက်ထားပြီးသားကို ကြဲမယ်ဆိုရင်တော့ မျိုးစေ့က မြေကြီးထဲမှာ ရှိနေတဲ့ရက်တိုသွားလို့ သက်သာရာရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဆန်ကွဲကို ပိုးသတ်ဆေး/အဆိပ်လူးနယ်ပြီး ကြဲကြပါတယ်။ ပရစ်အရေအတွက်ကို အဲဒီနည်းနဲ့လည်း လျော့ချကြပါတယ်။ အခြားအတွေ့အကြုံရှိတဲ့သူတွေလည်း ဝင်ဖြေပေးကြပါဦးဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။