အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
355
လွန်ခဲ့သော ၅ နှစ် က · ကလေး

လိုင်ချီးသီးကိုင်းကူးစိုက်မလို့ပါခင်ဗျ။ အသင့်သုံးသဘာဝမြေဩဇာ ဘယ်အမျိုးအစားအသုံးပြုပြီး ဘယ်လိုစိုက်ပျိုးနည်းက အ...

လိုင်ချီးသီးကိုင်းကူးစိုက်မလို့ပါခင်ဗျ။ အသင့်သုံးသဘာဝမြေဩဇာ ဘယ်အမျိုးအစားအသုံးပြုပြီး ဘယ်လိုစိုက်ပျိုးနည်းက အကောင်းဆုံးဖြစ်မလဲဆိုတာ အကူအညီတောင်းချင်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ဗျ။

စိုက်ပျိုးနည်း
Post image

ဖြေကြားချက် ၁၂ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၄ နှစ် က

Go Gen Toneလိုက်ချီးစိုက်မည်.ဒေသကတောင်ပေါ်ဒေသအေးသောဆောင်းရာရှိသောဒေသဖြစ်ပြီးရေရလျှင်တစ်ပေခွဲပတ်လည်အနဲဆုံးရှိကျင်းတူးပါ၊အပေါ်ရံမြေကိုတစ်ဖက်မှာပုံပြီးအောက်ဖက်ကမြေကိုနောက်တဖက်မှာပုံပါကျင်းကိုပေါ်မြေနဲ.ပထမဖြေ.ပါနွားချေးမြေဆွေးဓာတ်စုံမြေသြဇာလက်တစ်ဆုတ်(နို.ဆီဘူးသုံးပုံတစ်ပုံ)ထည်.သမပါနောက်ကျန်မြေနဲ.ပြေ.ပါလေးငါးရက်ရေလောင်းနှပ်ထားပါ၊မြေသိပ်သွားရင်ဆွပြီးအပင်စိုက်ပါမြေဆိုင်ခဲမပြက်အောင်အိပ်ကိုခွဲပစိုက်ပြီးမြေသိပ်ရေလောင်ဒုတ်စီုက်ကြိုးချိထားပါနေပြင်းရင်အရိတ်လုတ်ပေးပါ

2,613 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ပါဗျ ကျွန်​တော်​ပြောချင်တာက လိုင်ချီးပင်က အပူပိုင်း​ဒေသမှာလည်း စိုက်ပျိုးလို့ရတယ်ဆိုတာ ​ပြောပြချင်တာပါ၊ ထိုင်းနိုင်ငံမှာ သွား​ရောက်​လေ့လာခဲ့စဥ်က မြန်မာနိုင်ငံအပူပိုင်း​ဒေသမှာ လိုင်ချီးပင်ကို စိုက်ပျိုးခိုင်းပါတယ်၊ အပူပိုင်း​ဒေသမှာ သရက်ပင်စိုက်ကြလား​မေးလို့ စိုက်ပျိုးကြ​ကြောင်း​ပြော​တော့ ဒီလိုင်ချီးပင်​တွေဟာ သရက်ပင်ထက် ​အပူဒဏ် ​ရေဒဏ်ကို ခံနိုင်​ကြောင်း၊ စိုက်ပျိုးသင့်​ကြောင်း​ပြောပြလို့ စိုက်ပျိုးကြည့်ရာက ​အောင်မြင်တာ​ လက်​တွေ့မို့လို့ လိုင်ချီးပင်စိုက်တာ အား​ပေးတာပါဗျ

355 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျ

2,613 လွန်ခဲ့သော ၅ နှစ် က

လိုင်ချီးသီးယူရာမှာ ကျွန်​တော်မသိရှိ​သေးတဲ့ လိုအပ်ချက်​တွေကို ညွှန်ကြား​ပြသပေးတဲ့ ယိုးဒယား လိုင်ချီးမျိုးပွားခြံကို အထူး​ကျေးဇူးတင်ပါတယ်ဗျ၊ သူ့ခြံမှာလည်း ကိုင်းကူးပင်​တွေ​ရောင်းပါတယ်၊ ယိုးဒယားမျိုးအစစ်ပါ။ ဝယ်လို့ရပါတယ်။

2,613 လွန်ခဲ့သော ၅ နှစ် က
2,613 လွန်ခဲ့သော ၅ နှစ် က
2,613 လွန်ခဲ့သော ၅ နှစ် က

ဒီနှစ်မှာအသီးစယူပါလို့ ကိုင်း​တွေဖြတ်ထားပါပီ

2,613 လွန်ခဲ့သော ၅ နှစ် က

ကျွန်​တော့်ရဲ့အပင်​တွေစိုက်ထားတာ ဒီ​နေ့မှာ ၃နှစ်ပြည့်ပါပီ

2,613 လွန်ခဲ့သော ၅ နှစ် က
2,613 လွန်ခဲ့သော ၅ နှစ် က
2,613 လွန်ခဲ့သော ၅ နှစ် က

ကျွန်​တော့်ရဲ့ ပခုက္ကူခြံမှာ အခုလက်ရှိစိုက်ပျိုးထားပါတယ်၊ အပင် ၁၆၀ စိုက်ထားပါတယ်၊ အပင်​တွေကို ကျွန်​တော်ကိုယ်တိုင် ထိုင်းနိုင်ငံ ချင်းရိုင်က​နေ ဝယ်ယူခဲ့တာပါ ယိုးဒယားမျိုးအစစ်ပါ၊အဲဒီမှာ အပင်ဝယ်ယူရင်း အပင်စိုက်ပျိုးပြုစုနည်းလည်း ​လေ့လာခွင့်ရခဲ့ပါတယ်၊ အပင်​တွေကို ဝယ်ယူပြီး ချက်ချင်းမစိုက်ပျိုးခိုင်းပါဘူး၊ မစိုက်ပျိုးခင် ကိုယ့်ရဲ့​ရေ​မြေသဘာဝနဲ့ ကိုယ့်ရဲ့ခြံမှာအသုံးပြုသွားမယ့်​ရေနဲ့အပင်​တွေ အဆင်​ပြေ​အောင် ပျိုးခြံလုပ်ပြီး ၁ / ၂လ ပြုစုထားခိုင်းပါတယ်၊ အဲဒီအ​တောအတွင်း ကိုယ်စိုက်ပျိုးမယ့်​နေရာမှာ စိုက်ကျင်းတူးရပါတယ်၊ စိုက်ကျင်းကို အနည်းဆုံး ၂​ပေပတ်လည်တူးရပါတယ်၊ ကျင်းတူးပြီးရင်​တော့ ကျင်းထဲကို မြက်​ခြောက်၊ သစ်ရွက်​ခြောက်​တွေထည့်ပြီး မီးရှို့​ပေးရပါမယ်၊ ​နောက်တ​နေ့မှာ​တော့ စိုက်ကျင်းထဲကို ​ရေအပြည့်ထည့်​ပေးပြီးနှပ်ထားရပါမယ်၊ ည​နေပိုင်းမှာ စိုက်ကျင်းထဲကို ​မြေ​ဆွေး ၁​ပေ၊ ဖွဲပြာ၃လက်မ၊ စိုက်ကျင်း​မြေ(သို့) ကိုယ်ကြိုက်နှစ်သက်တဲ့​မြေ ၆လက်မ၊ ၁၅ပတ်လည် ထမင်းစားဇွန်း ၂ဇွန်း၊ ​နောက်ထပ်​မြေ​ဆွေးနဲ့ ကြိုက်နှစ်သက်တဲ့​မြေ တို့ရောပြီး ၁​ပေ ထည့်ရပါမယ်၊ အဲလိုထည့်လိုက်ရင် စိုက်ကျင်းက မို့​မောက်​နေတာ ​တွေ့ရပါလိမ့်မယ်၊ မို့​မောက်​နေတဲ့​မြေကို ကန်​တော့ပုံပြုလုပ်ပြီး ​ရေထည့်​ပေးရပါ့မယ်၊ စိုက်ကျင်း​အောက်​ခြေထိ ​ရေဝင်​ရောက်မှုရှိ​အောင် ဝါး(သို့) ခိုင်ခန့်တဲ့တုတ်​ချောင်းနဲ့ ​အောက်​ခြေကို ထိုး​ပေးရပါတယ်၊ အဲဒီလို ​ရေထည့်​ပေးတာ အနည်းဆုံး ၂ပတ် စိုက်ကျင်းကို ​ရေထည့်​ပေးပြီး နှပ်ထားရပါမယ်၊ ပျိုးပင်နဲ့ မိမိခြံက​ရေ အဆင်​ပြေရင် ပျိုးပင်က​နေ အညွန့်​လေး​တွေထွက်လာပါလိမ့်မယ်၊ အဲဒီလို အညွန့်​လေး​တွေထွက်လာရင်​တော့ စိုက်ကျင်းမှာ စိုက်လို့ရပါပီ၊ ​အပင်စိုက်ပြီးပါက တတ်နိုင်ရင် တ​နေ့တစ်ကြိမ် မတတ်နိုင်ရင် ၁ရက်ခြား​ရေ​လောင်း​ပေးရပါ့မယ်၊ ​မြေချစိုက်တာ ၆လပြည့်ရင်​တော့ တစ်ပင်ကို ၁၅ပတ်လည် အများဆုံး ၂ဇွန်းထိ ​ကျွေးရပါမယ်၊ ​ရေက​တော့ တစ်ပတ် တစ်ခါ​လောင်းရင် ရပါတယ်၊ လိုင်ချီးပင်ဟာ သရက်ပင်ထက် ရာသီဥတု ဒဏ်ခံနိုင်လို့ စိုက်ပျိုးသင့်တဲ့အပင်ဖြစ်ပါတယ်၊ တကယ်လို့ မိမိစိုက်ပျိုးတဲ့ပျိုးပင်က ကိုင်းကူးဆိုရင်​တော့ ၂နှစ်​လောက်ဆိုရင် အသီးယူလို့ရပါပြီ၊ အသီးယူ​တော့မယ်ဆိုရင် နှစ်စဥ်နှစ်တိုင်း ၅လပိုင်း ၆လပိုင်းမှာ အပင်ကို ကိုင်းကူးထားပါ၊ ၈လပိုင်း​နောက်ဆုံးထားပြီး ကူးထားတဲ့ကိုင်း​တွေကို ကိုင်းဖြတ်​ပေးရပါမယ်၊ မိမိလည်း ကိုင်းကူးပင်လည်းရ ကိုင်းဖြတ်ပြီးသားလည်း ဖြစ်ပါတယ်၊ ကိုင်းဖြတ်ပြီးပါက အပင်ကို ​ရေလုံးဝမ​ပေးရ​တော့ပါဘူး၊ မိုးရာသီမို့ မိုးရွာလည်း ဘာမှမဖြစ်ပါ၊ ​ရေလုံးဝ​လောင်းစရာမလိုပါဘူး၊ ၁၀လပိုင်းမှာ လိုင်ချီးပင်ကို တစ်ပင်လျှင် ၁၅ပတ်လည် နို့ဆီဗူး ၁ဗူးနှုန်း​ကျွေးရပါမယ်၊ အပင်ရဲ့ ​ဘေးပတ်လည် ၂ပေအကွာ​လောက်မှာ ၄​နေရာ​လောက်ကို လက်သီးဆုပ်​လောက် အဝကျယ်ထားပြီး ကျင်း​တွေတူးပါ၊ တစ်ထွာ(သို့) ​တောင်ဆုပ်ခန့်တူးပြီး ၁၅ပတ်လည်ထည့်ပြီး ​မြေပြန်ဖို့​ပေးရပါ့မယ်၊ ​ရေလုံးဝမ​လောင်းရပါဘူး၊ ၁လပိုင်း(သို့) ၂လပိုင်းမှာ ပန်းပွင့်ဖူးဝင်ပါတယ်၊ ပန်းဖူးပြပြီးဆိုတာနဲ့ ​ရေကို တတ်နိုင်ရင် ​နေ့တိုင်း​ပေးပါ၊ မတတ်နိုင်ရင် ၁ရက်ခြား​ပေးရပါမယ်၊ ​ရေ​ပေးနိုင်ပါက ပန်းပွင့်လှပြီး အသီးတင်မှု​ကောင်းပါတယ်၊ အသီးလည်းကြီးပါတယ်၊ အဖူးအပွင့်အား​ကောင်း​အောင် ရွက်ဖြန်းအား​ဆေးလည်း ဖြန်းလို့ရပါတယ်၊ အသီးများခူးဆွတ်ပြီးပါက အသီးကိုင်းများကို ကိုင်းကူးထားရပါ့မယ်၊ အခု​ပြောပြထားတာက ကျွန်​တော်လက်​တွေ့လုပ်​ဆောင်​နေတဲ့ အ​တွေ့အကြုံပဲဖြစ်ပါတယ်၊ ကျွန်​တော်လည်း အပင်နဲ့ပတ်သက်ပြီး ​လေ့လာ​နေဆဲ မသိ​သေးသမျှ လုပ်ငန်းတူ စိုက်ပျိုး​ရေးလုပ်ကိုင်သူ​တွေဆီ ​မေးမြန်း​​နေဆဲပါ၊ ကိုင်းကူးပြီးသား ပျိုးပင်များကို ပျိုးအိတ်ထဲထည့် ပြီးရင် ​ပျိုးခြံမှာ စီစီရီရီထားပြီး ​ပျိုးအိတ်​တွေကို ​မြေဖုံးမြုပ်ထားရပါမယ်၊ ၁နှစ်ပြည့်လို့ ​နောက်ရာသီ ကိုင်း​တွေကူးရင်​တော့ ​ပထမကိုင်းကူးပင်​တွေက ၁နှစ်သားရှိပြီဖြစ်တဲ့အတွက် ပျိုးပင်​ပြန်​ရောင်းလို့ရပါပီ။ အဲဒါက​တော့ ယိုးဒယားလိုင်ချီးပင် စတင်စိုက်ပျိုးချိန်မှ အသီးခူးဆွတ် ကိုင်းပြန်ကူး​ရောင်းချမှာ အစအဆုံးပါဗျ၊ ကျွန်​တော်​ရေးသားမှုနဲ့ပတ်သက်ပြီး လိုအပ်ချက်များရှိပါက အကြံဥာဏ်များ​ပေး​စေချင်ပါတယ်၊ ကျွန်​တော်စိုက်ထားတဲ့ လိုင်ချီးပင်​တွေကိုလည်း တင်​ပေးလိုက်ပါတယ်

270,769 လွန်ခဲ့သော ၅ နှစ် က

ကျင်းများကို သုံးပေပတ်လည်တူး၍ ကျင်းအတွင်းသို့ သစ်ရွက်မြေဆွေးနှင့် အပေါ်ယံမြေ ဆတူရော၍ ပြန်လည်ဖုံးထားပေးပါ။ စိုက်ပျိုးနည်းနဲ့ပေးရမယ့် မြေသြဇာအကြောင်းများကို လိုင်ချီးပင် စိုက်ပျိုးနည်း ဒီဆောင်းပါးမှာလေ့လာပါရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။