အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
19,845
လွန်ခဲ့သော ၄ နှစ် က · သာစည်

ခရမ်းချဉ်စိုက်ပြီး ၁လ ကျော်ပြီ။ ၁၅ ရက်တုန်းက ပုလဲကျွေးထားတယ်။ အခုဘာကျွေးရင် ကောင်းမလဲ။ မြေဩဇာဈေးကြီးလို့ ဘာအ...

ခရမ်းချဉ်စိုက်ပြီး ၁လ ကျော်ပြီ။ ၁၅ ရက်တုန်းက ပုလဲကျွေးထားတယ်။ အခုဘာကျွေးရင် ကောင်းမလဲ။ မြေဩဇာဈေးကြီးလို့ ဘာအစားထိုးကြမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ် ရာသီဥအုံ့မှိုင်း အသင့်တင့် နေသာပြီးမိုးဖွဲဖွဲရွာ
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၄ နှစ် က

ခရမ်းချဉ်ရဲ့ကျွေးရမည့်အချိန်နဲ့လိုက်ပြီး စီးပွားဖြစ်စိုက်ပျိုးရာမှာ လိုအပ်တဲ့အနေအထားကို ဆောင်းပါးတစ်ပုဒ်ကနေဖော်ပြလိုပါတယ်။ ခရမ်းချဉ်ပင်အတွက် မြေသြဇာအသုံးပြုရမည့်အချိန် ခရမ်းချဉ်ပင်သည် တခြားသော သီးနှံအများစုနှင့်မတူသော အစာစားသုံးသည့်ပုံစံရှိနေသည်။ အသက်ငယ်စဉ် ပန်းမပွင့်မီ ကာလတွင် အစာနှုန်းနည်းပြီး အသီးဖွံ့ဖြိုးချိန်မှ ခူးဆွတ်ချိန်ထိ အစာစားနှုန်းမြင့်သည်။ ထိုကြောင့်စိုက်ပျိုးသူအနေနဲ့ ခရမ်းချဉ်ပင်များကို အစားကျွေးရာတွင် ယင်း၏အစာလိုအပ်ချက်နှင့်ကိုက်၍ အစားကျွေးရန် အထူးသတိပြုရမည်။ ယခင် ခရမ်းချဉ်စိုက်သူများက မြေပြင်ချိန်တွင် အသုံးပြုမည့်နိုက်ထရိုဂျင် မြေသြဇာ၏ (၆၀) မှ (၈၀) ရာခိုင်နှုန်းအထိ အသုံးပြုကြသည်။ ပိုတက်စီယမ်ကိုလည်း (၆၁) မှ (၇၄) ရာခိုင်နှုန်းအထိ အသုံးပြုကြသည်။ သုတေသီပညာရှင်များ၏ နောက်ဆုံး လေ့လာချက်တွင် ခရမ်းချဉ်ပင်ကို ကြီးထွားမှု အဆင့်(၄) ဆင့်သတ်မှတ်၍ အစားကျွေးကြသည်။ ပထမ အဆင့်ဖြစ်သော အပင်ငယ်စဉ်အဆင့် seedling တွင် မြေသြဇာ၏ (၇.၇) ရာခိုင်နှုန်းသာအသုံးပြုကြသည်။ ဒုတိယ အဆင့်ဖြစ်သော ပန်းပွင့်ချိန် flowering ကာလတွင် (၂၇.၄) ရာခိုင်နှုန်း အသုံးပြုသည်။ တတိယအဆင့်ဖြစ်သော အသီး တင်ချိန် fruit setting ကာလတွင် (၂၅.၂)ရာနှုန်းအသုံးပြုပြီး နောက်ဆုံးအဆင့်ဖြစ်သော ရင့်ချိန်မှ ခူးဆွတ်ချိန် fruit later growth state and harvesting တွင် (၃၂..၃) ရာနှုန်းအသုံးပြုသည်။ အချို့သော ခေတ်မီစိုက်ပျိုးသူများက မြေသြဇာ၏ ၉၀ ရာနှုန်းကို ပန်းပွင့်ချိန်လွန်မှ အသုံးပြုကြသည်။ သို့သော် ပန်းမပွင့်မီ ပင်ပိုင်းကြီးထွားမှု ကောင်းစွာဖြစ်ရန် လည်း လိုအပ်သည်။ သို့မှသာ နောင်အသီးအထွက်နှုန်း ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ ခရမ်းချဉ် စိုက်ပျိုးခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း ဒီဆောင်းပါးကနေကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့နိုက်ထရိုဂျင်ဓာတ်မြေသြဇာအတွက် ငါးအမိုင်နိုကောင်းပါတယ်။ မြေဆွေးတွေလုပ်ပြီးလည်းထည့်ပေးဖို့လိုပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။