အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
235
လွန်ခဲ့သော ၄ နှစ် က · ဒီပဲယင်း

#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း(သို့)သိပ္ပံနည်းကျ စိုက်ပျိုးရန်ပျိုးထောင်ခြင်း အပိုင်း(၂) (ကျွမ်းကျင်သောတောင်သူ...

#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း(သို့)သိပ္ပံနည်းကျ စိုက်ပျိုးရန်ပျိုးထောင်ခြင်း အပိုင်း(၂) (ကျွမ်းကျင်သောတောင်သူမိတ်ဆွေဆရာကြီးများကျော်ခွသွားနိုင်ပါတယ်။မိတ်ဆွေအချို့တောင်းဆိုမှုကြောင့် ရေးသာတင်ပြရခြင်းဖြစ်ပြီး အကျိုးရှိမယ်ထင်ရင် shareပေးနိုင်ပါတယ်။) ယခုဖော်ပြမယ့် အကြောင်းအရာကတော့ မျိုးစေ့နဲနဲ နဲ့ ပျိုးထောင်စိုက်ပျိုးနည်း ပဲဖြစ်ပါတယ်။တောင်သူအများစုသည် ခေတ်နှင့်လျော်ညီသော မျိုးစေ့များကို ပြောင်းလဲစိုက်ပျိုးလာသော်လည်း ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းကို မူ ပြောင်လဲခြင်းမရှိသောကြောင့် ကုန်ကျစရိတ်များ ခြင်း မြေဩဇာများပိုမို သုံးစွဲလာရခြင်း များ ဖြစ်ပေါ်လာပါတယ်။ မျိုးစေ့မျိုးကောင်းများဈေးကြီးသည်မှန်သော်လည်း မျိုးစေ့ကို ချွေတာနိုင်လျင် မျိုးစေ့ဈေး ကြီးခြင်းကို ထက်ဝက် လျော့ချနိုင်ပါသည်။လယ်တစ်ဧက ရဲ့ ကောက်ပင်ဝင်ဆံ့မှုကို တွက်ချက်ပီး လိုအပ်သောမျိုးပမာဏ အတိုင်းအတာကို သိရှိနိုင်ပါက မျိုးစေ့ ချွေတာ သုံးစွဲပါမည်။လယ်တစ်ဧက၏ပျမ်းမျှ ကောက်ပင်ဝင်ဆံ့မှုကိုပုံသေနည်းဖြင့် တွက်ချက်ကြည့်နိုင်သည်။ ၁၄၄×၄၃၅၆၀ ____________=ကောက်ပင်ဝင်ဆံ့မှုအရေအတွက်(၁ဧက) ပင်ကြား×တန်းကြား ပဲဖြစ်ပါတယ်။ ဥပမာ။ ပင်ကြားတန်းကြား ၉"×၉"ထားပြီးစိုက်မည်ဆိုပါက အပေါ်ကိန်းတန်းနှစ်ခုမြောက်လာဒ်(၆၂၇၂၆၄၀)ကို ပင်ကြား×တန်းကြား အကွာအဝေး မြောက်လာဒ်(၈၁)နဲ့ စားပေးရင် လယ်တစ်ဧကရဲ့ ကောက်ပင်ဝင်ဆံ့မှု(၇၇၄၄၀)ကောက်ပင် ရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုကျနော်တိုက လယ်တစ်ဧက ကောက်ပင်လိုအပ်ချက်သိရှိလာပြီဆိုတော့ကား မျိုးစေ့လိုအပ်ချက် တွက်ရမှာဖြစ်ပါတယ်။မျိုးစေ့ နို့ဆီတစ်ဗူးမှာ ဘေးကြားမျိုးစေ့ဆိုလျင် (၆၅၂၇)စေ့ မျှ ပါဝင်ပြီး အခြားသော ဧရာမင်း ရက်(၉၀)ဆင်းသုခ ရွှေဆယ်ရင် စသော လုံးသွယ် အမျိုးစားများကတော့ နို့ဆီတစ်ဗူးမှာ အစေ့ပေါင်း(၇၀၀၀)အထက် ပါဝင်မှာဖြစ်တယ်။ လယ်တစ်ဧက စာ အတွက် မျိုးစေ့ ၂ပြီ(၁၆×၆၅၀၀=၁၀၄၀၀ပင်) ပျိုးထောင်ပါက လက်ဆ တစ်ပင် စိုက်လျင် ပိုပါလိမ့်မယ်။မျိုး‌ေစ့ဖိုးအ‌ေနဖြင့် (၇၀၀၀ကျပ်)ကျော်မျှသာကုန်ကျမှာဖြစ်ပါတယ်။အမှန်တကယ် လိုအပ်သည်က ၇သောင်းကျော် မို့ ပိုနေခြင်းသာဖြစ်ပါတယ်။ဒီနေရာမှာ စိုက်ပျိုးမယ့်တောင်သူဟာ လက်ဆ နှစ်ပင်မှ သုံးပင် ထည့်စိုက်လျင် မျိုးစေ့ အနဲငယ် ထပ်ပိုရပါ့မယ်။ ဒါဆို ဘောင်စနစ်ပျိုးထောင်ခြင်းကို စတင်ဆောင်ရွက်ကြပါမယ့်။ဘောင်စနစ်လို့ ဆိုလိုက်တာနဲ့ ရေပျိုးဟု ယူဆလို့မရနိုင်ပါ။လယ်တစ်ဧကစာ ဘောင်ပျိုးထောင်ရန်အတွက် အပိုင်း(၁)မှာ ရေးခဲ့သလို မျိုးစေ့ ‌အညောင့်ဖောက်ပြီးဖြစ်လျင် ရပါပီ။မိမိ၏ စိုက်ပျိုးမည့် လယ်ယာအနီး တမန်းပြင်ဆင်ပြီးသော အကွက်ငယ်အတွင်း ဘောင်ဆွဲပါ။လိုအပ်တဲ့အလျား ၄၀'×အနံ၄' ဘောင်ဆွဲရပါ့မယ်။ဘောင်မဆွဲခင် ပျိုးခင်းနေရာအား ပေါင်းအမှိုက်များ မရှိအောင် သေချာ လုပ်ကိုင်ဆောင်ရွက်ထားရပါ့မယ်။ရေကို အတတ်နိုင်ဆုံးပြောင်အောင် ထုတ်ပစ်ပါ။ရေပြောင်သွားလျင် အထက်မှာဖော်ပြခဲ့သလို ပေ၄၀ |၄ပေ ဘောင်ဆွဲပါ။ဘောင်ဆွဲသည်အခါ မိမိ အဆင်ပြေသလိုဆွဲနိုင်ပါတယ်။ကြိုးတန်း၍ဖြစ်စေ မျည်းတန် စိုက်၍ဖြစ်စေ ဆွဲနိုင်ပါတယ်။တစ်ချို့ ရေအိုးထဲတွင် ရွှံနှစ်များထည့်၍ တွန်းပြီး ဘောင်မြောင်းဖော်ကြပါတယ်။တစ်ချို့ တောင်သူများလည်း ပေါက်ပြားအနှောင့်ဖြင့် ကြိုးတန်း ဆွဲပြီး ဘောင်ဖော်ပါတယ်။ဘယ်လိုမဆို အဓိက ရေမြောင်းလေးများ ဖြစ်သွားစေပီး ဘောင်ပေါ်ဖို့သာ အဓိကကျပါတယ်။ ထို့ကဲ့သို့ဘောင်ဖော်ပြီးလျှင် ဘောင်အတွင်းတမန်းပြင်ကို ညီညာစေအောင်ပြလုပ်ပါ။တမန်းညီညာလျင် ထိုတမန်းပြင်ပေါ်သို့ စက်ဖွဲပြာ တစ်ဘောင်လျင် (၅၀kg)သုံးအိပ်နှုံ‌းလောက် ထည့်ပေးရပါ့မယ်။ပထမ တမန်းပြင်ပေါ် ကို စက်ဖွဲပြာ ထူထူလေးခင်းပေးပါ။ရွှံပြင်ဖုံးသည်အထိ ဖြူးပေးပါ။ပြီးနောက် မျိုးစေ့အညှောင့်ပေါက်များကို တစ်ဘောင်လျင် တစ်ပြီ နှုံးခပ်ပါးပါး ကျဲပက်ပေးပါ။ကျဲပက်ပြီးသော မျိုးစေ့အညှောင့်ပေါက်များ ခြောက်မသွားစေရန်နှင့်ငှက်မကောက်စေရန် ဖွဲပြာထပ်ဖုံးပေးပါ။ရေမြောင်းဘောင်လေးများကို ဖောက်ပေးထားခဲ့ရမှာပဲဖြစ်ပါတယ်။ တစ်ချို့ တောင်သူများသည် ပျိုးပင် ၈ ရက်သားမှ စိုက်ပျိုးနိုင်သည်ကို သံသယဖြစ်နေကြသည်။လက်တွေ့ ပျိုးထောင်ကြည့်သည့်အခါ (၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅/၁၆/၁၇/၁၈/၁၉)စသည့်ရက်များသည် စိုက်ပျိုးနိုင်သောအနေအထားဖြစ်ပါသည်။ပျိုးခင်းဘောင်များကို ဓာတ်မြေဩဇာကျွေးမည်ဆိုပါက တစ်ဘောင်လျင် ကွန်းပေါင်း ပတ်လည်ထဲက နို့ဆီတစ်ဗူးမျှသာကျွေးပါ။တမန်းပြင်တွင် မြေခံအဖြစ်ထည့်သွင်းထားနိုင်က ပိုအဆင်ပြေပါသည်။ကျနော်ပျိုးဘောင်များ ဓာတ်မြေဩဇာမကျွေးခဲ့ပါ။ဒီနေရာမှာ သတိထားရာမှာက မြေဩဇာကျွေးထားသည့် ‌ပျိုးဘောင်သည် (၁၅)ရက်သားခန့်တွင် အရပ်ရှည်ပြီး အပင်ပျော့နေတာ တွေ့ရပါတယ်။ဖွဲပြာထူထူခံထားလျင် မြေဩဇာ မလိုတော့ပါ။ ထို့သို့ အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်ထားသော ပျိုးဘေ‌ာင်များကို ရေမြှုပ်ရန် မလိုပါ။ရေသွင်းပေးရန်မလိုပါ။ဘေးက ရေမြောင်းလေးများအတွင်း ရေရှိလျင်ပင်ရပါသည်။မိမိလယ်စိုက်တမန်းအဆင်ပြေလျင် (၉)ရက်သားမှ (၁၅)ရက်သားအတွင်း အသင့်စိုက်ပျိုးနိုင်သော အနေအထားရောက်ပါပြီ။ပျိုးနှုတ်သည့်အခါ ရေမြှုပ် ရေသွင်းပြီးမနှုတ်ရပါ။ပျိုးနှုတ်ကျွမ်းကျင်သူ တစ်ယောက်သီးသန့်လက်ရွေးခေါ်ပြီး အသာယာ နှုတ်ယူက ပျိုးချေး လုံးဝ မခါ မရိုက်ပဲ ပျိုးချေးလေးများနှင့် သစ်သီးခြင်းများအတွင်း စီထည့်ပေးပြီး သယ်ယူရမှာဖြစ်ပါတယ်။ပျိုး‌ေဘာင်အား ရေသွင်းခြင်း ရေမြှုပ်ခြင်း မပြုလုပ်သည့်အတွက် ‌အခြောက်ပျိုး ကုန်ပျိုးကဲ့သို့ ပျိုးထောင်ခြင်းကို ရရှိမှာပဲဖြစ်ပါတယ်။ စိုက်ပျိုးခြင်းအဆင့်ကို အပိုင်း(၃)အနေဖြင့် ဆက်လက်ရေးသားပါအုန်းမည်။ (တောင်သူအကျိုးပြု) သက်ဆွေ ဒီပဲယင်း(ကိုင်းကန်)။

စိုက်ပျိုးနည်း စပါး
Post image
1

ဖြေကြားချက် ၁ ခု

22,373 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။