#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း (သို့)သိပ္ပံနည်းကျ လယ်ယာစိုက်ပျိုးခြင်း အပိုင်း(၃) ယခုတစ်ပတ်မှာတော့ ပျိုးထောင်ပုံ...
#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း (သို့)သိပ္ပံနည်းကျ လယ်ယာစိုက်ပျိုးခြင်း အပိုင်း(၃) ယခုတစ်ပတ်မှာတော့ ပျိုးထောင်ပုံနည်းစနစ်လေးတွေ ရေသားပြီးပြီဆိုတော့သိပ္ပံနည်းကျ လယ်စိုက်ကြရအောင်ပါ မိတ်ဆွေတို့။ ပီးခဲ့တဲ့အပိုင်းတွေမှာ ပျိုးထောင်ပုံနည်းစနစ်လေးတွေကို တောင်သူမိတ်ဆွေများ မျှဝေခဲ့ပြီးဖြစ်ပါတယ်။မိရိုးဖလာ လုပ်ကိုင်ဆောင်ရွက်ခြင်းအပေါ် အပစ်မြင်ဝေဖန် ရေးသားခြင်းမျိုးမဟုတ်ပဲ ကုန်ကျစရိတ်သက်သာပြီး စပါးအမှန်တကယ်အထွက်တိုးစေတဲ့ နည်းလမ်းများကို သာ တောင်သူများ ဗဟုသုတ အဖြစ် ရေးသားတင်ပြရခြင်းပဲ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် အပိုင်းမှာ တော့ SRI (System of Rice Intensification)လို့ ခေါ်တဲ့ စပါးအစွမ်းဖွင့် စိုက်ပျိုးနည်းအကြောင်းကို တင်ပြပေးမှာပဲ ဖြစ်ပါတယ်။တကယ်တော့ ဒီစနစ်ဟာ ယခင်က ရှိခဲ့ပြီးသားဖြစ်ပေမယ့် ယခုအခါ စိုက်ပျိုးရေးပညာရှင် ဆရာကြီးဦးသိန်းဆုရဲ့ ကျေးဇူးကြောင့် လည်းကောင်း နည်းပညာ ခေတ် ဖြစ်သည်အတွက်ကြောင့်လည်းကောင်း (SRI)စပါးစိုက်ပျိုးနည်းကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်တစား သိရှိလာရခြင်းပဲဖြစ်ပါတယ်။ SRI စနစ်မှာ ဘာတွေ ထူးခြားသွားလည်း ဆိုတော့ ကုန်းပျိုးထောင်းခြင်း|ပျိုးဗန်းလေးများဖြင့် စနစ်တကျ ပျိုးထောင်ခြင်း|မျိုးစေ့ ပမာဏ(တစ်ဧကနို့ဆီဗူး ၁၀ဗူး) နဲနဲသာအသုံးပြုခြင်း |ပျိုးသက်နုနု စိုက်ပျိုးခြင်း|ခုနှုတ် ခုစိုက် စိုက်ပျိုးခြင်း|ရေအေပြာင်လွှတ် စိုက်ပျိုးခြင်း |စိုက်ကြောင်း ဆွဲ စိုက်ပျိုးခြင်း|ပေါင်းထိုးတမန်းနှိုး ပြုလုပ်ခြင်း |သဘာဝ ကိုအခြေခံ၍ မြေဩဇာသုံးစွဲခြင်း ဓာတုပိုးသတ်ဆေး ရှောင်ရှာခြင်း စပါးခင်းကို ရေမြုပ်မထားပဲ ရေသွင်း ရေထုတ် ခနခန ပြုလုပ်ပေးခြင်း စသည့် အချက်များသည် SRI ရဲ့ အဓိကကျသော လုပ်ငန်းဆောင်တာများသာဖြစ်သည်။ အမှန်တကယ်SRI စိုက်ပျိုးမည့်တောင်သူသည် လယ်ယာမြေပြင်ဆင်ခြင်း ကအစ ပျိုးထောင်ခြင်း သဘာဝ မြေဩဇာများပြူလုပ်ခြင်း စသည့်တို့ကို ဦးစွာကြိုတင်ပြင်ဆင်ထားရမည်။မိမိ လုပ်ကိုင်ဆောင်ရွက်ဘူးခြင်းမရှိသေးပါက လုပ်ကွက်အနဲငယ်မှ အစပျိုးလုပ်ကိုင်ဆောင်ရွက်ရပါမည်။လယ်မြေညီညာစေရန် ပြင်ဆင်ရာတွင် ရာနှုံးပြည့် မဟုတ်တောင်မှ ၈၅%ခန့် ညီညာလျင် စိုက်ပျိုးနိုင်ပါသည်။ဒီနေရာမှာ မိုးများဒေသများနှင့် ရေမြုပ်ကွင်းများ အနည်းငယ် အဆင်မပြေဖြစ်နိုင်သည်။အဓိက စိုက်ပျိုးသည့်ရက်တွင် ရေအပြောင်ထုတ်နိုင်ပီး စိုက်ပီး (၁၀)ရက်ခန့်အထိ ရေ မသွင်းပဲ ထားနိုင်လျင် စိုက်ပျိုးရန် ဖြစ်နိုင်ပါသည်။ ရေဖြတ်ထားသော စိုက်ခင်းအတွက် သဘာဝ အလျောက် ပေါက်ရောက်သော ပေါင်းမြက်ပြဿနာ ရှိလာနိုင်သည်။၎င်းကို ဓာတုပေါင်းသတ်ဆေးမသုံးပဲ လူအားဖြင့် သာရှင်းစေချင်သည်။ပေါင်းသတ်ဆေးသည် စပါးပင်ကို ထိခိုက်စေနိုင်သလို မြေကြီးကိုလည်းပျက်စီးစေနိုင်သည်။လုံးဝ မသုံးလျင် အကောင်းဆုံးဖြစ်သည်။ SRIစိုက်ပျိုးရန် အသင့်ပျိုးထောင်ပြီးသော အပင်လေးများ ပျိုးဗန်းများထဲမှ ပျိုးပင်လေးများကို လက်နဲ့ အသာယာယာ တစ်ပင်ချင်းဆီ ဖဲ့ယူပြီး စိုက်ကွက်တမန်းပြင်ပေါ် တင် တင်ထားပေးယုံသာဖြစ်သည်။တစ်ချို့ကောက်စိုက်သမ ကျွမ်းကျင်မှုနဲပါးသောကြောင့် ပျိုးပင်ကို တမန်းပြင်အတွင်း ထိုးနှစ် စိုက်ပျိုးတတ်ကြသည်။ တောင်သူအချို့ မေးလာတတ်သည်မှာ SRIစိုက်ပျိုးလျင် စပါးမည်မျှထွက်ပါသနည်း ဆိုသော အမေးဖြစ်ပါသည်။မျိုးစေ့ပမာဏ နဲနဲဖြင့် လက်ဆ တစ်ပင်နှုံးစိုက်ပျိုးလျင် စပါးအထွက် လျော့ကျသွားမှာစိုးရိမ်တတ်ကြသည်။မှန်ပါသည်။တောင်သူအများစုသည် စပါးအထွက်တိုးရေး ဖျက်ပိုးကင်းစေရေး ဈေးကွက်ရရှိရေးနှင့် အမှန်တကယ် ကုန်ကျစရိတ် သက်သာ စေရန် အရေးကြီးလှပေသည်။တောင်သူအကြောက်ဆုံးမှာသွင်းအားစုကုန်ကျစရိတ်များခြင်းနှင့် စပါးအထွက်လျော့ကျမှာ ပင် ဖြစ်သည်။SRI စနစ်သည် ပျိုးသက်နုနုဖြင့် ကောက်ကွက်ကျဲ စိုက်ပျိုးရသောကြောင့် တစ်ဧကရဲ့ ကောက်ပင် ဝင်ဆံ့မှုလျော့နည်းသွားနိုင်သည်ကို မှန်းဆနေကြသည်။အောက်မှာ တွက်ချက်ကြည့်ကြပါမည်။ SRI စနစ်ဖြင့် ပင်ကြားတန်းကြား ၉"×၉"ထားပြီးစိုက်ပျိုးလျင် ၁၄၄×၄၃၅၆၀ _____________=၇၇၄၄၀(တစ်ဧကကောက်ပင်) ၉×၉ ရမှာပဲဖြစ်ပါတယ်။၎င်းကောင်ပင်ကို ပျမ်းမျှအပင်ပွားနှုံး (၃၀)ပင်နှင့် ပွားလျင် (၂၃၂၃၂၀၀) တစ်ဧက ရဲ့ကောက်ပင်ဝင်ဆံ့မှုရလာမှာဖြစ်ပါတယ်။အမှန်တကယ်ပွားသလိုအပင်ပွားများလည်းအောင်နှံအပြည့်ရပါတယ်။ပင်ပွားရက်ကန့်သက်ချက်ရှိပါသေးတယ်။ထိုအနှံပါအပင်ပွားသည် ပျိုးသက်မှ ရက်ပေါင်း (၈၅)အတွင်း ပွားသော အပင်များသာ အောင်နှံအပြည်ရနိုင်ပါတယ်။ဆက်လက်ပြီး မိရိုဖလာစိုက်ခင်းရဲ့ အပင်ပွားကို ခန့်မှန်းတွက်ချက်ကြည့်ကြရအောင်ပါ။ မိရိုးဖလာ စိုက်ပျိုးရာတွက် လက်ဖြင့် တစ်ေတာင်လျင် ပျမ်းမျှ (၅)ပင် ခန့်ရှိသည်။ထို့ကြောင့် တစ်ပင်နှင့်တစ်ပင် ပျမ်းမျှ (၄)လက်မ အကွာအဝေးလောက်ရှိနိုင်သည်။လက်ဆအားဖြင့်( ၆)ပင်မှ (၇)ပင်အထိ စိုက်ပျိုးတတ်ကြသည်။ပျိုးသက်အားဖြင့်လည်း တစ်လမှ (၃၅)ရက် နှင့် ရက်(၄၀ )အထိ ထားစိုက်ပျိုးတတ်ကြသည်။ထို့ကြောင့် အပင်ပွားနဲသည်။(၆)ပင် လက်ဆ တစ်မြုံကို ပင်ပွား( ၆)ပင်မျသာ ပွားနိုင်သည်။ ၁၄၄×၄၃၅၆၀ ____________=၃၉၂၀၄၀(တစ်ဧက ကောက်ပင်) ၄×၄ ၎င်းတစ်ဧကကောက်ပင် ကို ပျမ်းမျှပင်ပွား(၆)ပင်နှင့်မြောက်လျင် (၂၃၅၂၂၄၀)ကောက်ပင် ရရှိပါသည်။လယ်တစ်ဧက ကောက်ပင် ၂၃သိန်းကျော် ဝင်ဆံ့ဖို့ဆိုတာ အင်မတန်မှ ခဲရင်းလှသည်။ လယ်တစ်ဧက ရဲ့ ကောက်ပင်ဝင်ဆံ့မှု နှစ်ခုကိုခြားနားကြည့်လျင် ၂၃၅၂၂၄၀(မိရိုးဖလာစိုက်နည်း) ၂၃၂၃၂၀၀(SRI) __________ ၉၀၄၀ ကောက်ပင် သာကွာခြားသည်။အမှန်တကယ် SRIစနစ်ဖြင့်စိုက်ပျိုးခြင်းက အပင်ပွားနှုံး (၃၀)ပင် ထက်ပိုပွားလျင် စပါးအထွက်တိုးမည်မှာ မလွဲပေ။ဖွိံဖြိုးတိုးတက်သော စိုက်ပျိုးရေးနိုင်ငံများတွင် SRIစိုက်ပျိုးနည်းရဲ့ အပင်ပွားနှုံးသည် အံ့ဩလောက်အောက်ပွားသည်ကို တွေ့မြင်ရသည်။ ယခုလို လယ်တစ်ဧက၏ကောက်ပင်ဝင်ဆံ့မှု ကိုတွက်ချက်နိုင်လျင် မိမိ၏လယ်တစ်ဧက စပါးအထွက်နှုံးကို ခန့်မှန်းနိုင်ပါသည်။ထို့ကြောင့် SRI ပျိုးသက်နုကောက်ကွက်ကျဲစိုက်ပျိုးခြင်းသည် မိရိုဖလာနည်းထက် စပါးအထွက်မလျော့စေပဲ စပါးပိုမိုထွက်နိုင်ကြောင်းကို ခန့်မှန်းသိရှိနိုင်ရန် တွက်ချက်တင်ပြရခြင်းဖြစ်ပါသည်။ တစ်ချို့တောင်သူမိတ်ဆွေများသည် ပျိုးသက်နုကောက်ကွက်ကျဲစိုက်ပျိုးခြင်းသည် ဓာတ်မြေဩဇာပိုမိုသုံးစွဲရလိမ့်မည်ဟု ထင်မြင်နေတတ်ကြသည်။အမှန်မှာ ဓာတ်မြေဩဇာပိုမိုသုံးစွဲရန် မလိုပေ။ဓာတုပိုးသတ်ဆေး ဓာတ်မြေဩဇာစသည်တို့ကို လုံးဝ လျော့ချ သုံးစွဲရသည်။SRIနည်းဖြင့် ဓာတုလွတ်စိုက်ပျိုးခြင်းဖြင့်စပါးအထွက်ပိုမိုလာသည်က လက်တွေ့သက်သေ သာဓကတစ်ခုဖြစ်သည်။ စပါးအထွက်နှုံး အတူတူပင်ဖြစ်လင့်ကစား ပျိုးသက်နုကောက်ကွက်ကျဲစိုက်ပျိုးခြင်းကြောင့် မျိုးစေ့ဖိုးသက်သာခြင်း ပျိုးနှုတ်ခ သက်သာခြင်း ဓာတ်မြေဩဇာနှင့် ဓာတုပိုးသတ်ဆေးဖိုးများသက်သာခြင်းတို့ကြောင့် မိရိုးဖလာနည်းဖြင့်ယှဉ်လျင် အမှန်တကယ်တွက်ချေကိုက်လှပါသည်။ယခုနှစ်မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဓာတုလွတ်စိုက်ပျိုးထားသော ပျိုးသက်နုကောက်ကွက်ကျဲစိုက်ခင်းများ၏စပါးအထွက်နှုံးနှင့် အမှန်တကယ် (လယ်တစ်ဧက) ကုန်ကျစရိတ်များကို တင်ပြပေးအုန်းမည်။ တောင်သူဦးကြီးမိတ်ဆွေများ ဗဟုသုတ ရစေပြီး မိမိ၏လယ်ယာမြေကို အကျိုးဖြစ်ထွန်းအောင် စိုက်ပျိုးထုတ်လုပ်နိုင်ကြပါစေ...... အပိုင်း(၄)တွင် စိုက်ပျိုးနည်း ပြုစုနည်း ထပ်မံတင်ပြပေပါမည်။ #ကိုးကား။ ဆရာကြီးဦးသိန်းဆု(စိုက်ပျိုးရေးတက္ကသိုလ်)၏#စပါးအစွမ်းဖွင့်စိုက်နည်းစနစ် (တောင်သူအကျိုးပြု) သက်ဆွေ ဒီပဲယင်း(ကိုင်းကန်)။