အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,167
လွန်ခဲ့သော ၄ နှစ် က · ကန့်ဘလူ

ကိုဖုန်းမာန်တိုးခင်ဗျားယခုပုံပါအတိုင်းမြေပဲမျှားများဟာဥဖြစ်မူ့နဲပြီးကြာနေပါတယ် ကြီးထွားမူ့လဲနဲနေပါတယ်ဗျ ဘာ...

ကိုဖုန်းမာန်တိုးခင်ဗျားယခုပုံပါအတိုင်းမြေပဲမျှားများဟာဥဖြစ်မူ့နဲပြီးကြာနေပါတယ် ကြီးထွားမူ့လဲနဲနေပါတယ်ဗျ ဘာကြောင့်ဖြစ်နေတာသိပါရစေ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
Post image
Post image

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၄ နှစ် က

မြေပဲရဲ့သဘောသဘာဝအရဒီလိုဖြစ်တာပါ.နောက်မှပွင့်ပြီးဖြစ်လာတဲ့အတောင့်တွေနဲ့..အောက်ဆုံးသီးကိုင်းမှမဟုတ်ဘဲအပေါ်ဖက်ကကိုင်းတွေကအသီးအများစုဟာ နှုတ်သိမ်းချိန်မှာနုနေတာနဲ့အသီးတောင့်မဖြစ်သေးတာပါ.မြေပဲပင်အများစုကပုံပါအတိုင်းတွေ့ရမှာပါ.စိတ်မပျက်ပါနဲ.။အောင်မြင့်တဲ့အတောင့် ၂၀ မှ ၃၀ ရှိတယ်ဆိုရင်အခြေ အနေကောင်းပါတယ်. အပင်အားလုံးနှုတ်ကြည့်ရင် အဆံပြည့်ဝတဲ့မြေပဲတောင့်တွေဖြစ်ဖို့ဆိုရင် နောက်ဆုံးပေါင်းလိုက်ပြီးနောက် ကြားထွန်ဝင်ချိန်မှာဂျစ်ပဆန်ကျောက်မှုန့်ထည့်ပေးသင့်ပါတယ်.အမှုန့်ဖြစ်တာကြောင့်ထည့်သွင်းချိန်မှာအခက်အခဲမဖြစ်အောင် နွားချေးဆွေးမှုန့်နဲ့ရောပြီးအပင်ခြေရောက်အောင်ထည့်ပေးသင့်ပါတယ်။

1,167 လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါအကို

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အခုချိန်မှာ ဘာမှလုပ်မရတာတော့မဟုတ်ပါ ရွက်ဖျန်း နဲ့ ဟော်မုန်း လိုက်ရင်​တော့မှီပါသေးတယ်၊ မြေခံကွျေးတာ ထက်ပါ၊

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ရောဂါကြောင့်မဟုတ်ပါ၊ ပိုးလဲမဟုတ်ပါ၊ ဒီပုံအရဆိုရင် မြေက သဲဆန်မယ်ထင်ပါတယ်၊ အဟာရဓာတ် ရှိရင်းစွဲ မြေဆီ နဲပါမယ်၊ ဒါကြောင့်မလို့ လတ်တစ်လောမာတော့ အထက်က ကိုရဲသူရပြောထားတဲ့ နည်းလမ်းနဲ့ ဖြေရှင်း၍ ​ရေရှည်အတွက်မှာတော့ သဘာဝမြေဆွေးများထည့်ပြီး မြေသားရဲ့တည်ဆောက်မှု အဟာရထိန်းနိုင်စွမ်းတို့ကို ပိုကောင်းအောင်လုပ်ပေးပါ၊

1,167 လွန်ခဲ့သော ၄ နှစ် က

ye thura ဒါဆိုဒီအနေမှာဘာမှလုပ်မရတော့ဘူးပေါ့ အဲ့လိုလားဆရာ

11,500 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်ယူဆထားမိတာပြောပါမယ်။ ပုံကိုကြည့်ရတာ ပိုး/ရောဂါ ကျရောက်ဖျက်ဆီးမှူကြောင့်လို့မထင်ပါ။ အာဟာရ ဖြည့်ဆည်းမှူအပိုင်းအရ မြေပဲဟာ စွယ်ချချိန်မှာ ကယ်လ်ဆီယမ်၊ဆာလဖာ ဓာတ်များဖြည့်ပေးနိုင်ရင် အစေ့အဆံအောင်မြင်ပြီး ဆီထွက်နှူန်းမြင့်မားစေပါတယ်၊တောင်သူအနေဖြင့် မြေပဲစွယ်ချချိန်တွင် ဂျစ်ပဆန် မြေသြဇာ တစ်ဧကလျှင် 25kg နှစ်အိတ်နှူန်းထည့်သွင်းပေးပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။