အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၄ နှစ် က · လောင်းလုံ

ကြက်ချီးကို ဘယ်လို အသုံးပြုရပါသလဲ။ ဖွဲနဲ့ ရောထားတဲ့ ကြက်ချီးတွေကို ဒီအတိုင်းပဲထည့်ရမလား။ ဘာလုပ်ရဦးမလဲရှင်။ တ...

ကြက်ချီးကို ဘယ်လို အသုံးပြုရပါသလဲ။ ဖွဲနဲ့ ရောထားတဲ့ ကြက်ချီးတွေကို ဒီအတိုင်းပဲထည့်ရမလား။ ဘာလုပ်ရဦးမလဲရှင်။ တချို့ပြောတာ ကြက်ချီးက အပင်လောင်တတ်သေတတ်တယ်ပြောလို့ပါ။ အပင်နဲ့ ဘယ်လောက်ခွာပြီး ထည့်ရမလဲ။ ကြက်ချီးနဲ့ မတည့်တဲ့ အပင်တွေ ရှိလားရှင်။ အခုစိုက်ထားတာတွေက ပဲတောင့်ရှည်။ ရုံးပတီ ။ ငရုပ်။ ခရမ်းချဉ်။ ခရမ်း။သခွား။ ကြက်ဟင်းခါး။ ခဝဲသီး။ ဗူး။ ဖရုံ ။ ပဲလင်းမြွေသီးတွေပါ။ ကြက်ချီးကအပင် ဘယ်အရွယ်ရောက်ရင်ထည့်ရမှာပါလဲ။ ကြက်ချီး နွားချီး မြေဆွေး သမအောင်နယ်ပြီး ရောထည့်ရင်ရော ရလားရှင်

အပင်အာဟာရ သခွား
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က

ကြက်ချေးအရိုင်းနှင့် မြေဩဇာဖော်စပ်နည်း စာတန်းလေးကိုနှိပ်ပြီးဖတ်လို့ရပါတယ်

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ကြက်ချေးက ဟုတ်ပါတယ် အခတ်မသင့်ရင် အပင်တွေကိုလောင်တတ်ပါတယ်၊ ဖြစ်နိုင်ရင် ဆွေးမြေ့အောင် အချိန် အတိုင်းတာတစ်ခုထားပြီးမှသာ သုံးတာ ကောင်းပါတယ်၊ အချိန်ကတော့ သီးနှံမစိုက်မှီ သို့မဟုတ် စိုက်ပြီး ရက် ၁၀ ကနေ အသီးမသီးခင် အချိန်အထိ့ သုံးနိုင်ပါတယ်၊

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။