ကြက်ချေးအရိုင်းနှင့် မြေဩဇာဖော်စပ်နည်း

24/12/2020 11:45 AM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ကြက်ချေးအရိုင်းနှင့် မြေဩဇာဖော်စပ်နည်းကို သိလိုပါသည်။

    တိရိစ္ဆာန်ချေးမြေဩဇာအရည်ဖော်နည်း ရှိပါသည်။ လိုအပ်သောပစ္စည်းများမှာ အရည်စိမ့်ထွက်နိုင်ရန် ခိုင်ခံ့သော ဂုန်နီအိတ် (သို့) ချည်အိတ်၊ ၂၀၀ လီတာပုံး (သို့) စဉ့်အိုး၊ ပုံး (သို့) စဉ့်အိုးပုံး၏အဖုံး၊ တိရိစ္ဆာန်မွေးမြူရေးခြံမှထွက်သော မစင် အညစ်အကြေးများတို့ဖြစ်ပါသည်။

ပြုလုပ်နည်း

     မစင်အညစ်အကြေးများကို အိတ်အတွင်းသို့ထည့်ပြီး အိတ်၏ထိပ်ပိုင်းကို ကြိုးဖြင့်ချည်ပါ။ ထို့နောက် အိတ်ကို ပုံး (သို့) စဉ့်အိုးထဲသို့ ထည့်သွင်းထားပါ။ ပုံး (သို့) စဉ့်အိုးထဲသို့ ရေဖြည့်ထည့်လိုက်ပါ။ ခြင်များမဝင်အောင် အဖုံးဖြင့် ဖုံးထားပါ။

ရလဒ်

    (၂) ပတ်ကြာပြီးနောက် ပုံး (သို့) စဉ့်အိုးထဲမှရေများသည် လက်ဖက်ရည်အရောင်ကဲ့သို့ အညိုရောင်ပြောင်းသွားပါသည်။ တိရိစ္ဆာန်အညစ်အကြေးထဲတွင်ရှိသော အာဟာရဓာတ်များ ရေတွင်ပျော်ဝင်သွားသောကြောင့် ဖြစ်ပါသည်။ မစင်အရည်များကိုဖောက်ထုတ်၍ အပင်ကိုကျွေးပါ။

အသုံးမပြုမီ

    ကောက်ပဲသီးနှံများကို လက်တွေ့မတိုက်ကျွေးမီ အစမ်းသဘောအနေဖြင့် မြက်ပင်တစ်ကွက်ပေါ်သို့ မစင်ရည်အနည်းငယ် လောင်းချလိုက်ပါ။ ၂ ရက် (သို့) ၃ ရက် နောက်ပိုင်းတွင် မြက်ပင်များလောင်ကျွမ်း၍ အညိုရောင်ပြောင်းသွားပါက အဆိုပါမစင်ရည်ကို ရေဖြင့် ထပ်မံရောထည့်ရပါမည်။

မှတ်ချက် - အလေးချိန်တူသော ကြက်/ ဝက်ချေးဖြင့်ပြုလုပ်ထားသော မစင်ရည်သည် နွား/ သိုး/ ဆိတ်ချေးတို့ဖြင့်ပြုလုပ်ထားသော မစင်ရည်ထက် ပိုမိုအာနိသင်ပြင်းသည်ကို တွေ့ရပါသည်။

စိုက်ပျိုးရေးဦးစီးဌာန - call center


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်