အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၄ နှစ် က · ပဲခူး

သီးထိုးယင် အတွက် pheromone trap လုပ်နည်းပြောပြပေးပါ...ဖမ်းဖို့လိုအပ်တဲ့ အမယ်များကိုလဲပြောပေးပါအုန်း...Methyl E...

သီးထိုးယင် အတွက် pheromone trap လုပ်နည်းပြောပြပေးပါ...ဖမ်းဖို့လိုအပ်တဲ့ အမယ်များကိုလဲပြောပေးပါအုန်း...Methyl Eugenol ဝယ်လို့ရမယ့်ဆိုင်တွေကိုလမ်းညွှန်ပေးပါအုန်း...အသီးတွေများပြီးအဖတ်မတင်လို့ပါ

ပိုးမွှားရောဂါ ရွှေဖရုံသီး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

ရန်ကုန်မာဆိုရင်တော့ မီသိုင်းယူဂျီနော်ကိုမာလာမြိုင်ကနေဝယ်ရပါတယ် မရခဲ့ရင်တော့ မိမိဖာသာအလွယ်လုပ်လို့ရပါတယ် ရေသန့်ဘူးကို ဖြတ်ပြီး ကန်တော့လိုမောက်ပါ ပြီးရင်အခင်းထဲမာချိတ်ထားပါ ရေသန့်ဘူးပိုင်းအခြေထဲမှာ ရှာလကာရေ သကြား နဲ့ ငှက်ပျောသီးအမှည့်အခွံအနဲငယ်ထည့်ပါ၊ ပျော်အောင်မွှေပြီး သုံးနိုင်ပါတယ် (အချိုးက ရေတစ်လီတာ - ငှက်ပျောသီးခွံ အပိုင်းသေးသေးလေးများ ၁ ဇွန်း၊ သကြား အညို ၁ ဇွန်း ရှာလကာရှည်တစ်ဇွန်းပါ - ဇွန်း ဟင်းစားဇွန်းကိုသုံးပါ)

270,769 လွန်ခဲ့သော ၄ နှစ် က

Methyl Eugenol က သိသလောက်ဆိုရင်တော့ ရန်ကုန်မှာပဲဝယ်လို့ရပါတယ်။ မာလာမြိုင်မှာဆက်သွယ်ကြည့်ပါရှင့်။ သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ ထောင်ချောက်လုပ်နည်းကို ဒီဆောင်းပါးမှာလေ့လာကြည့်ပါ အပြည့်အစုံနဲ့ methyl eugenol မရှိတဲ့အခြေအနေမျိုးမှာလည်းလုပ်လို့ရတဲ့ ထောင်ချောက်ပုံစံတွေပါပါတယ်။

116 လွန်ခဲ့သော ၄ နှစ် က

ဒီလိုအကောင်ပါဖျတ်ဆီးနေတာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။