အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,288
လွန်ခဲ့သော ၄ နှစ် က · သပိတ်ကျဉ်း

ပဲခင်းမှာ ကျရောက်တဲ့ပိုးတွေက လပြည့် လကွယ် မှာ ပိုမြူးတယ်ဆိုတာ ဟုတ်လားဗျ တောင်သူအများစု အဲ့နေ့ရောက် ပိုးမတွေ့...

ပဲခင်းမှာ ကျရောက်တဲ့ပိုးတွေက လပြည့် လကွယ် မှာ ပိုမြူးတယ်ဆိုတာ ဟုတ်လားဗျ တောင်သူအများစု အဲ့နေ့ရောက် ပိုးမတွေ့ ဘဲ ဖြန်းနေကြလို့ဗျ

ပိုးမွှားရောဂါ ပဲတီစိမ်း
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကြိုတင်ကာကွယ်ဆေးအနေနဲ့ဖျန်းရပါတယ်၊ ဖလံအများစု ဥပမာ သီးလုံးဖောက် ပွင့်ထွေး ငမြောင်တောင် တွေက အလင်းကိုကြိုက်ပါတယ် သို့ပေမယ့် လအလင်းကိုတော့ အဲ့လောက်မဟုတ်ပါ၊ စိုက်ခင်း အနီးအနားကအလင်းကိုဖြစ်ပါသည်၊

10,576 လွန်ခဲ့သော ၄ နှစ် က

လိပ်ပြာဖလံ အုပ်စုက ညဘက်မြူးသော အုပ်စုဖြစ်ပါတယ်။ အဲ့ဒါကြောင့် နိုကျူတေး အုပ်စုလို့ခေါ်ပါတယ်။ ဥပမာ ညတာတို​သောနွေရာသီမှာ ပွင့်ထွေး ရွက်လိပ်ရွက်ကပ်သီးလုံးဖောက်စတာတွေတွေရနည်းပြီး ညတာရှည်သော ဆောင်းရာသီ မှာပိုတွေရပါတယ်။ လိပ်ပြာဖလံအုပ်စု မျိုးပွားပုံကိုအလွယ်မှတ်ရရင် လဆန်း ၃ ၄ ၅ မှာ လူပျိုလှည့် မဂ်လာဆောင် သံဝါသ ပြုပြီး အဲအချိန်ဆေးဖျန်းရင် ဖိုမ ဟော်မုန်းများပြီး အာနိသင်မထိရောက်တာတွေ့ရတတ်ပါတယ်။ လဆန်း ၈ ၉ ၁၀ ကတော့ အကောင်းဆုံးဆေးဖျန်းရက်ပါ။ နောက် လဆန်း ၁၄ ၁၅ လပြည့်ကျော် ၁ တွေမှာ အထက်ပါအတိုင်း လုပ်ဆောင်ပြီး ာဆေးဖျန်းဖို့အကောင်းဆုံးရက်တွေက လပြည့်ကျော် ၃ ၄ ၅ ပါ။ ဒါက လိပ်ပြာဖလံပါ။ စုပ်စားပိုးအနေနဲ့ ပူအိုက် စွတ်စိုရင် အများဆုံးတွေ့ရပြီး ရာသီသိပ်ရွေးမနေပါဘူး။ လိင်ရှိရှိ မရှိရှိ မျိုးပွားပါတယ်။ အခြေအနေပေးရင် ၄၅ မိနစ် တစ်နာရီ ခြားတိုင်း တစ်ကောင်ပွားပါတယ်။ စုတ်စားပိုးက အပင်ပိုင်း အသီးအပွင့်ကျဆင်းမှုသာမက အပင် HIV လို့ စနောက်ခေါ်တဲ မိုစေ့ကျရောက်စေလို့အတော်ဆိုးပါတယ်။ စုပ်စားပိုးကာကွယ်ဆေးများဖြစ်တဲ့ အင်မီတာကလိုပစ် ၊ သိုင်ရာမီသောက်ဆမ် ၊ ဖစ်ပရိုနေး ၊ အစရှိတဲဆေးတွေကို တစ်ပတ်ခြားဆယ်ရက်ခြားတခါ အသီးအပွင့် မဝင်ခင်ထိ ဖျန်းပေးနိုင်ရင်ကောင်းပါသညိ။ ဓာတ်ကြွမ်းကျန်မည်ဆိုး၍ နောက်ဆုံးဆေးဖျန်းရက်ကိုကြည့်ဖိုတော့လိုမည်။

1,288 လွန်ခဲ့သော ၄ နှစ် က

ကြိုတင် ကာကွယ်ဆေးအနေနဲ့ မည်သည့် Al ပါတဲ့ ဆေးတွေ သုံးသင့် လည်း ဗျ

You

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းအသီးအပွင့်အတွက်ဘယ်ဆေးအကောင်းဆုံးလည်းဗျာ

ဖြေကြားချက် 1 ခု

အဇိုဇီစထိုဘင်ဆိုတဲAiကမှိုရောဂါကာကွယ်ကုသတဲနေရာမာဘယ်လိုအကျိုးသက်ရောက်မှုရှိတာလဲဗျဆရားများဖြေကြားပေးပါအုန်းခင်...

ဖြေကြားချက် 4 ခု

ပဲတီစိမ်းအပင်မှာအဝါရောင်အပင်တွေတွေ့နေလို့မှိုဆေးဖျန်းသင့်ပါသလားဘာဆေးဖျန်းသင့်ပါသလဲဆရာများရှင့်

ဖြေကြားချက် 3 ခု

ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်း...

ဖြေကြားချက် 4 ခု

ပင်လုံးပြန့်တဲ့ဆေးကိုဖျန်းရင် အပင်မှ စတိုမာတာလို့ခေါ်တဲ့အပေါက်လေးတွေပွင့်နေမှ ထိရောက်တယ်လို့ကြားဖူးပါတယ် အဲ့တာ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။