အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
4,843
လွန်ခဲ့သော ၄ နှစ် က · ကဝ

ပင်လုံးပြန့်တဲ့ဆေးကိုဖျန်းရင် အပင်မှ စတိုမာတာလို့ခေါ်တဲ့အပေါက်လေးတွေပွင့်နေမှ ထိရောက်တယ်လို့ကြားဖူးပါတယ် အဲ့တာ...

ပင်လုံးပြန့်တဲ့ဆေးကိုဖျန်းရင် အပင်မှ စတိုမာတာလို့ခေါ်တဲ့အပေါက်လေးတွေပွင့်နေမှ ထိရောက်တယ်လို့ကြားဖူးပါတယ် အဲ့တာကြောင့်စတိုမာတာအပေါက်လေးတွေ အဖွင့်အပိတ်လုပ်တာ နေရောင်ကြည်နဲ့လား သို့ အချိန်နဲ့လားဆိုတာသိချင်ပါတယ် အချိန်နဲ့ဆိုရင်လဲဘယ်အချိန်တွေမှာ ဖွင့်ပါသလဲဆိုတာပြောပြပေးပါဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၄ ခု

10,576 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

စတုိမာတာဆိုတာ မနက်ခင်းအလင်းရောင်နဲ့အတူပွင့်တဲ့ စက်ရုံတံခါပေါက်နဲ့တူပါတယ်။ အရမ်းပူပြင်တဲ့အပူချိန်မှာပြန်ပိတ်နိုင်ပြီး ညပုိင်မှာလည်း အပင်အပူချိန်ထိန်းအောင် ပိတ်တတ်ပါတယ်။ စတိုမာတာက ကလုိဖီးရောင်ချယ်အစာချက်လုပ်မှုတွေအလုပ်လုပ်တာနဲ့ဆက်စပ်နေသလို အပင်တပင်လုံးရဲ့အပူချိန်ထိန်းညှီ့ပေးတဲ့ ရှက်တာနဲ့ တူပါတယ်။ ပင်လုံးပျံဆေးတွေပက်ဖျန်းချိန်နဲ့သတ်ဆိုင်တဲ့ သတ်မှတ်ချက်ကိုတော့ တကျောင်းတဂါတာ တစ်ရွာတစ်ပုဒ်ဆန်းပါပဲ။

4,843 လွန်ခဲ့သော ၄ နှစ် က

နောက်ပြီး စတိုမာတာပွင့်နိုင်ခြေများတဲ့အချိန်လေးနဲ့ အပင်အစာချက်များတဲ့အချိန်​​လေးကိုလဲ ​ပြောပြပေးပါ ကျတော်ဖျန်းနေတာက Thiamethoxamနဲ့ Abamectinနှစ်မျိုးပါ

4,843 လွန်ခဲ့သော ၄ နှစ် က

ကျတော်ဖျန်းမှာက ပဲတီစိမ်းပါ လှေးကိုနိုင်တဲ့ အကောင်းဆုံးaiလေးကို လမ်းညွှန်ပေးပါ အပင်အားဆေးဖျန်းရင်တော့ နေပြင်းတဲ့အချိန်ကိုရှောင်ရတာတော့သိထားပါတယ် ပိုးသတ်ဆေးဆိုရင်ရော ရှောင်ဖို့လိုပါသလားဗျ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

မိမိဖျန်းမည့်ပင်လုံးပျန့်မှိုသတ်ဆေး အပေါ်မူတည်ပါသည်။ ပင်လုံး ပြန့်မှာမှ translaminar action (အရွက်ဖောက်တွယ်ပြန့်နှံ့ကပ်တွယ် အာဏိသင်) ရှိတဲ့ဆေးတွေဆိုရင်မလိုပါ။ တစ်ချို့ကတော့ အမြစ်ကနေတစ်ဆင့်ပို့ တစ်ပင်လုံးပို့ပေးရတဲ့ ပင်လုံးပြန့်ပါ အဲ့ဆိုရင်တော့ အစာချက်တဲ့အချိန် နောက်တစ်ခု မိမိ စိုက်ပျိုးတဲ့အပင်အပေါ်မူတည်ပါမယ် အပင်က သစ်ခွဆိုရင် ညကြမာ့ အစာချက်ပါမယ် စတိုမာတာ ပွင့်ပါတယ်၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်း...

ဖြေကြားချက် 4 ခု

ပဲခင်းမှာ ကျရောက်တဲ့ပိုးတွေက လပြည့် လကွယ် မှာ ပိုမြူးတယ်ဆိုတာ ဟုတ်လားဗျ တောင်သူအများစု အဲ့နေ့ရောက် ပိုးမတွေ့...

ဖြေကြားချက် 3 ခု

ပဲတီစိမ်းအသီးအပွင့်အတွက်ဘယ်ဆေးအကောင်းဆုံးလည်းဗျာ

ဖြေကြားချက် 1 ခု

ပဲတီစိမ်းမှာဖြစ်နေတာလေးဖြေပေးကြပါဦးရှငိ့ ဘာဆေးတွေသုံးရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာဖြေပေးပါဦးရှင့်

ဖြေကြားချက် 6 ခု

ပဲတီစိမ်းမှာလှေးအကျများနေတယ်chlorfenapyrက လှေး အတွက်တော်တော်ထိရောက်လား ဘယ်aiတွေက လှေးအတွက် ပိုထိရောက်မလဲ

ဖြေကြားချက် 9 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။