အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
6,815
လွန်ခဲ့သော ၄ နှစ် က · မိုးညို

ပဲတီစိမ်းမှာလှေးအကျများနေတယ်chlorfenapyrက လှေး အတွက်တော်တော်ထိရောက်လား ဘယ်aiတွေက လှေးအတွက် ပိုထိရောက်မလဲ

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

chlorfenapyr တစ်မျိုးတဲဆိုမထိ့ရောက်ပါ၊ ဖစ်ပရိုနေး သို့ သိုင်ရာမီသောက်ဇမ် နှင့်တွဲပါ၊

524 လွန်ခဲ့သော ၄ နှစ် က

မင်းမဟော်ကထွက်တဲ့ ဖော်ယူကိုး+ဆစ်ပိုး ရော၍ပါတ်ဖျန်းပါ။

6,815 လွန်ခဲ့သော ၄ နှစ် က

အဘာမက်တင်ကဘာကောင်းလဲဗျ

10,576 လွန်ခဲ့သော ၄ နှစ် က

chlofenapyar က လှေးကိုထိရောက်မှုနည်းပါတယ်။ လိပ်ပြာဖလံအတွက်ပိုမိုထိရောက်တာတွေ့ရပါတယ်။ လှေးအတွက်ဆိုရင် ဖစ်ပရိုနေး သိုင်ယာမီသောက်ဆမ် အင်မီတာကလိုပစ် ဒိနိုတီဖြူရမ်အစရှိတာကို စုံးဆွဲရပါတယ်။ လှေးအရမ်းဆိုရင် ထိသေဆေးနဲတွဲမှအဆင်ပြေပါတယ်။ bro ပြောသလို ကလိုဖက်နက်ပြာနဲတွဲသုဲးရင်အဆင်ပြေပါတယ်။ ဘိုရွန်နဲ့တွဲသုံးဖို့ အကြံပေးချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါ

260,000 လွန်ခဲ့သော ၄ နှစ် က

အရမ်းကြီးမများသေးဘူးဆိုရင် အပြာရောင်ကဒ်ပြား ကော်သုတ်ထားသော ပိုးထောင်ချောက်ပြုလုပ်ကြည့်ပါလားခင်ဗျာ။ တဧကတွင် ကဒ်ပြား ၆-၁၅ခု ထောင်ပေးပါက ဆေးဖျန်းမှုလျော့ချ နိုင်ပါလိမ့်မယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။ အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ ဂိမ်း၊ အော်ပတီမာ၊ ကွန်ဖီးဒင့်။

756 လွန်ခဲ့သော ၄ နှစ် က

abamectin နှင့် တွဲဘတ်သုံးလျင် ပိုထိရောက်ပါတယ်..

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အတွဲတွေပဲရမယ်ခင်ဗျ ဥပမာ အဘာမင်တင် တစ်လှည့် ဖစ်ပရိုနေးတစ်လှည့် ပြီးတော့ မြေခံ ဆေးသုံးတာ ဆေးအပြင်အခြားထိန်းချုပ်တည်းတွေနဲ့သုံးတာမျိုးကိုပိုအားပေးပါတယ်၊ တစ်မျိုးတဲက ထိန်းလို့ကတော့အဆင်ပြေပေမယ့် ထိ့ရောက်ဖို့တော့ လှေးတွေ ဆေးတွေယဉ်နေလို့အဆင်မပြေပါ၊

6,815 လွန်ခဲ့သော ၄ နှစ် က

လှေး အတွက် ထိရောက်တဲ့ai လေးပြောပေးပါဆရာ

You

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းမှာဖြစ်နေတာလေးဖြေပေးကြပါဦးရှငိ့ ဘာဆေးတွေသုံးရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာဖြေပေးပါဦးရှင့်

ဖြေကြားချက် 6 ခု

ပင်လုံးပြန့်တဲ့ဆေးကိုဖျန်းရင် အပင်မှ စတိုမာတာလို့ခေါ်တဲ့အပေါက်လေးတွေပွင့်နေမှ ထိရောက်တယ်လို့ကြားဖူးပါတယ် အဲ့တာ...

ဖြေကြားချက် 4 ခု

ပဲတီးစိမ်း စိုက်ခင်း ရောင်တိုင်ထွက်ချိန်မှာ အားဆေးဖြန်းလိုက်တာ အညွန့်တွေလိုက်လာလို့ ဘယ်လို့ အသီးအားဆေးဖြန်း...

ဖြေကြားချက် 4 ခု

အဘာမက်တင်ကဘယ်ပိုးတွေနိုင်လဲဗျ ဆေးအာနိသင်ပါသိချင်ပါတယ်

ဖြေကြားချက် 2 ခု

ပဲတီစိမ်းရေဆင်း ၁၄ ကို မိုးကြိုစိုက်မလို့ဘယ်လလောက်ဆိုအဆင်ပြေမလဲဗျ ပဲခူးတိုင်းအနောက် မိုးညိုမြို့ကပါဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။