အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,505
လွန်ခဲ့သော ၄ နှစ် က · ဒိုက်ဦး

မင်္ဂလာပါ ခင်ဗျာ ကျွန်တော့်ပဲခင်း ပန်းစဝင်ချိန် ၄၅ ရက်သားဝန်းကျင်မှာ ဆေးဖျန်းပုံးတပုံးကို ၀:၅၂:၃၄ ၄၀ ဂရမ် Ca+B...

မင်္ဂလာပါ ခင်ဗျာ ကျွန်တော့်ပဲခင်း ပန်းစဝင်ချိန် ၄၅ ရက်သားဝန်းကျင်မှာ ဆေးဖျန်းပုံးတပုံးကို ၀:၅၂:၃၄ ၄၀ ဂရမ် Ca+Bo ၂၀ စီစီ Emamectin ၁၀ ဂရမ် Thiamethoxam ၁၀ ဂရမ် နှုန်း ရောစပ်ပက်ဖျန်းပါတယ် အဲ့ဒီကနေ အကွက်ထဲကင်းမထောက်မိသလို ဆေးပြန်ဝင်ရက်ကလည်း ၈ ရက်လောက်ကွာသွားပါတယ် ၅၃ ရက်သား ဆေးပြန်ဝင်တော့ ပွင့်ထွေးနဲ့လှေးအနည်းငယ်တွေ့ပါတယ် အဲ့ဒီအကြိမ်မှာ ဖျန်းတဲ့ဆေးကတော့ ၀:၅၂:၃၄ ၄၀ ဂရမ် Ca+Bo ၂၀ စီစီ Chlorantraniliprole ၁၅ စီစီ Thiamethoxam ၁၅ ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါတယ်ခင်ဗျာ ဆေးဖျန်းပြီး ၃ရက်အကွာမှာ ညခင်းဖက် မိုးဖွဲဖွဲရွာပါတယ် ၄ရက်အကွာမှာကင်းထောက်ကြည့်တော့ ပွင့်ထွေးနဲ့လှေးက ရှိနေတုန်းပဲခင်ဗျ အဲ့တာ ပွင့်‌‌ထွေးနဲ့လှေးကင်းသွားအောင် ဘာဆေးဖျန်းရမလဲ ခင်ဗျာ

ပိုးမွှားရောဂါ ပဲတီစိမ်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကင်းအောင်လုပ်နိုင်ဖို့တော့မလွယ်ပါ ဘယ်ပိုးမဆ်ု သက်သာ အောင်ပဲလုပ်ရပါမယ် ယခုပြောတဲ့ဆေးအေအိုင်တွေအရ သက်သာစေပါတယ် အကြိမ်အရေအတွက်ကိုစိတ်စိတ်ဖျန်းကြည့်နိုင်ပါတယ်

2,505 လွန်ခဲ့သော ၄ နှစ် က

ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ

10,576 လွန်ခဲ့သော ၄ နှစ် က

ဆေးသုံးစွဲမှုနဲ့ စနစ်ကျမှုကတော့အတော်လေးစားပါတယ်ဆရာ။ ပွင့်ထွေးနဲ့လှေးက ပင်တရာမှာ အပင် ဆယ့်ငါးပင်နဲ့အထက်တွေ့ရင်တော့ အားဆေးမပါဆေးသာပြန်ဖျန်းပေးပါ။ အဲလိုမဟုတ်ရင် သူအလှည်နဲ့ပဲ ဖျန်းပေးပါ။ ကင်းအောင်မလုပ်ပါနဲ့ ။ ပိုးနဲ့အပင်ဆိုတာ မင်းသားနဲ့ဗီလိန်လိုပဲ ပါရင်လည်းကြည့်မကောင်းသလို မပါရင်လဲ ပေါ့ဟာဟာနဲ့ပါခင်ဗျာ။ ကျေးဇူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။