အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3,756
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

စိုက်ပျိုးရေးသုံး EMကို ကိုယ်တိုင်လုပ်လို့ရပါသလားခင်ဗျာ ၊ ဘာတွေလိုအပ်လည်း ၊ ဘယ်လ်ိုတွေလုပ်ရမလည်း တိတိကျကျသိ...

စိုက်ပျိုးရေးသုံး EMကို ကိုယ်တိုင်လုပ်လို့ရပါသလားခင်ဗျာ ၊ ဘာတွေလိုအပ်လည်း ၊ ဘယ်လ်ိုတွေလုပ်ရမလည်း တိတိကျကျသိခြင်ပါတယ်ခင်ဗျာ၊ အလွယ်ကူဆုံးနည်းလမ်းလေးသ်ိခြင်ပါတယ် ဆရာများဖြေပေးကြပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

"EM ပြုလုပ်နည်း (Farmer EM ) ======================= EM ဘိုကာချီ ပဲလုပ်လုပ် ရွက်ဖျန်းအားဆေးပဲသုံးချင်သုံး EM ရရှိဖို့ အချို့နေရာတွေမှာ ခက်ခဲပါတယ်ဆိုပြီးပြောလာတဲ့ မိတ်ဆွေများအတွက် ပြုလုပ်နည်းအဆင့့််ဆင့်ကို ဖော်ပြပေးသွားပါမည်။ တောင်သူတွေ အလွယ်တစ်ကူ လုပ်နိုင်တဲ့ နည်းလေးပေါ့။ အားလုံးအတွက် အဆင်ပြေတာပေါ့ EM ဆို ဝယ်စရာတောင်မလိုတော့ဘူး လိုတာတွေကတော့ ၁၊ငှက်ပျောသီးမှည့် ၁ ပိဿာ ၂၊ သဘောင်္သီးမှည့် ၁ ပိဿာ ၃၊ တင်လဲရည် သို့မဟုတ် ထန်းလျက်ရည်ကျို ၂ ပုလင်း ၄၊ ကြက်ဥ ၅ လုံး ၅၊ ဖွဲနုခေါ် ဆန်ချေး ၂၀ ကျပ်သား ၆၊ ရေ ၃ လီတာ ၇၊ ဗူး ၂၀ လီတာဝင် /သို့ စဉ့်အိုး ပြုလုပ်နည်းကတော့ ငှက်ပျော သဘောင်္တွေကို လက်တစ်ဆစ်ခန့်လှီး ဗူးထဲထည့် တင်လဲရည်နဲ့ ဖွဲနုထည့် ကြက်ဥလည်းခွဲခြေပီး အကုန်ထည့် ရေ ထည့်ပြီးတော့ သေချာလက်နဲ့မွှေ ပြီးတော့လုံအောင် သေချာပိတ် အရိပ်ရပြီး အေးတဲ့နေရာမှာထား ၄ ရက်လောက်ကျတော့ တစ်ခါမွှေ နောက်တစ်ပတ်တစ်ခါ ဆန်ဆေးရည် ၂ ပုလင်းထည့်မွှေ ဆန်ဆေးရည် ၄ ကြိမ်လောက် ထည့်ပြီးရင်တော့ ချိုချဉ်နံ့လေးသင်းနေတဲ့ EM ဆိုတာရေရော သေချာ လေလုံအောင်သာထား နှစ်ပေါက်အောင်ထားလို့ရတယ် Credit: green memo ဝေဖြိုး စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

3,756 လွန်ခဲ့သော ၄ နှစ် က

အခု့လိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ☺

260,000 လွန်ခဲ့သော ၄ နှစ် က

ဒါက အသင့်သုံးEM မရသေးပါဘူဒခင်ဗျာ။ ပြန်ပွားရပါတယ်။ EMဦးရေက ၄ပုလင်း၊ ရေဂါလန် ၂၀၊ အချို ၅၀သား၊ ပဲငံပြာရည်ပုလင်းဝက်ကို ပုံးတစ်ပုံးထဲထည့် ရောသမပြီးအလုံပိတ် ၁၅ရက်အကြာ ရပါပြီခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

ရပါတယ်ခင်ဗျာ။ လုပ်နည်းက အမျိုးမျိုးပါခင်ဗျာ။ အလွယ်ဆုံးကို ပြောရရင် အုန်းစိမ်းရည် ၄လုံး၊ နို့ချင် ၄ဘူး(ဖန်ခွက်တစ်ခွက်စာ)၊ ပဲငံပြာရည် ၃ဇွန်း၊ လေုာ်စာတုံး ၁တုံးကိုရောပြီး ဘူးထဲထည့်ထားပါ ၇ရက်ပြည့်ရင်ရပါပြီခင်ဗျာ။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

လုပ်မရပါ လုပ်ရတဲ့ဆိုတဲ့ဟာက အဖြစ်တွေ ပြောမယ်ဆို နံမယ်ကြီးနိုင်ငံခြားဖြစ် တံဆိပ်ကိုမြန်မာပြည်မယ်ပြန်ထုတ်သလိုပေါ့ ခိခိ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။