အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အခွံမာရေသတ္တဝါ………..ပုစွန်များအကြောင်း

အခွံမာရေသတ္တဝါ………..ပုစွန်များအကြောင်း

    ပုစွန်မျိုးစိတ်များမှာ ခြေ၊ လက် (စုံပါတဲ့ အခွံမာရေသတ္တဝါ (decapods crustaceansများဖြစ်ကြပြီး မျိုးပေါင်းစု(Phylum) – Arthropoda, မျိုးစဥ် (order) – Decapoda အောက်တွင် ပါဝင်ပါသည်။ ပုစွန်မျိုးစိတ်များမှာ အမြီးရှည်ရှည်နှင့် မျက်လုံးပြူးသည့် ရေသတ္တဝါလည်း ဖြစ်ပေသည်။

    ပုစွန်အမျိုးအစားပေါင်း မြောက်များစွာရှိကြပါသည်။ ၎င်းတို့မှာ- ပုစွန်ဖြူ၊ ပုစွန်မီးနီ၊ ပုစွန်ဆိတ်၊ ပုစွန်ကျော့၊ ပုစွန်ထုပ်၊ ကင်းပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်ကျား စသဖြင့် ရှိကြပါသည်။ ထိုအထဲတွင်မှ ပုစွန်ဆိတ်၊ ပုစွန်ကျော့နှင့် ပုစွန်ကျားအကြောင်းကို တင်ပြပါသည်။

(ပုစွန်ဆိတ်(Shrimp)

    ပုစွန်ဆိတ်များမှာ ပုစွန်ထုပ်ကြီးများကဲ့သို့ ရေနက်ရာပင်လယ်ပိုင်းတွင် မတွေ့ရဘဲ ရေတိမ်၍ သဲမြေရှိရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် အမြောက်အမြားတွေ့ရပါသည်။

    ပုစွန်မျိုးများမှာ ပုံသဏ္ဍာန်ဆင်တူကြသော်လည်း အရွယ်အစားမတူကြပေ။ ပုစွန်ဆိတ်သည် အကြီးဆုံး ()လက်မထိသာ ကြီးထွားကြပါသည်။

    ပုစွန်ဆိတ်၏ ခြေ၊ လက် ()စုံအနက် ပထမတစ်စုံမှာ ကြီး၍ ပြားနေပြီး အဖျားတွင် နှစ်ခွဖြစ်၍ ချိတ်ကဲ့သို့ အကောက်ကလေးဖြစ်နေပါသည်။ ထိုအကောက်ကလေးမှာ ၎င်းတို့ထက်ငယ်သော ရေသတ္တဝါလေးများကို ညှပ်၍ စားသောက်ကြရန်ဖြစ်သည်။ ၎င်းပုစွန်ဆိတ်မှာ ဈေးချိုပြီး အာဟာရဓါတ်လည်း ကြွယ်ဝပါသည်။

    ပုစွန်ဆိတ်ကို အစပ်ကြော်စားခြင်း၊ အစိမ်းသုပ်ခြင်း၊ ယိုးဒယားမယ်နှင့် ပုစွန်ဆိတ်ကိုနယ်၍ အကြွပ်ကြော်စားခြင်းအပြင် ပုစွန်ဆိတ်လှော်ထောင်း၊ ပုစွန်ဆိတ်ကြက်ဥပေါင်း၊ ပုစွန်ဆိတ်ငရုတ်သီးကြော်၊ ပင်စိမ်းရွက်ပုစွန်ဆိတ်အစပ်ဟင်း စသဖြင့် ချက်၍စားသုံးကြပါသည်။

() ပုစွန်ကျော့ (medium – sized prawn)

    ပုစွန်ကျော့မှာလည်း ပုစွန်ဆိတ်နည်းတူ ရေနက်ရာပင်လယ်ပိုင်းတွင် တွေ့ရှိမှုနည်းပါးပြီး ရေတိမ်၍ သဲမြေရှိရာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် အမြောက်အမြားတွေ့ရပါသည်။ ပုစွန်ကျော့မှာ အလွန်ဆုံး()လက်မထိသာ ကြီးကြပါသည်။

    ပုစွန်ကျော့တွင် အာရုံမှင်()စုံလုံးသည် သေး၍ရှည်သည်။ ပထမနှင့် ဒုတိယခြေ၊ လက်()စုံသည် ပုစွန်ထုပ်ခြေ၊ လက်နှင့်ဆင်တူပါသည်။ ပုစွန်ကျော့၏ ဦးခေါင်းထိပ်မှာမူ ဆူးတောင်ကဲ့သို့ အညွှန့်အတက်နှင့် အချွန်()ခု ထိုးထွက်နေပါသည်။ ပုစွန်ကျော့သည် စိမ်းပြာရောင်ရှိ၍ အညိုစက်ပါရှိသည်။

    ပုစွန်ကျော့လေးများမှာလည်း ဈေးသင့်ပြီးချိုလှပါသည်။ ပုစွန်ကျော့အာလူးကတ်သလိတ်၊ ပုစွန်ကျော့ တန်ပူရာကြော်၊ ပုစွန်ငါးပေါင်းထုပ်၊ ပုစွန်လုံးကြော်၊ ပုစွန်ကျော့အစပ်ဟင်း၊ အချိုချက်၊ ပုစွန်ခရမ်းသီးနှပ် စသဖြင့်ပြုလုပ်၍ စားသုံးကြပါသည်။

() ပုစွန်ကျား (giant tiger shrimp)

    ပုစွန်ကျားမျိုးမှာမူ ကိုယ်ထည်ပြား၍ ပုစွန်ထုပ်လောက် ခေါင်းမကြီးချေ။ အပေါ်အခွံမှာလည်း ပုစွန်ထုပ်လို မထူဘဲ ပါးလွှာကြပါသည်။ အရောင်မှာ စိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ်သည်။ အရွယ်အစားမှာ (၆ – ၈)လက်မအထိရှိကြသည်။ ၎င်းတို့ကို ရေတိမ်ရာ မြစ်၊ ချောင်း၊ စသည်တို့တွင် တွေ့ရပါသည်။

    ပုစွန်ကျားကိုလည်း လူကြိုက်များလှပါသည်။ ဈေးသင့်ပြီး အရသာမှာချိုလှသောကြောင့် ပုစွန်များကို အချိုကြော်၊ အစပ်ကြော်စားခြင်း၊ ပုစွန်တန်ပူရာကြော်၊ ပန်းငရုတ်ပွပုစွန်ကြော်၊ ပင်လယ်စာခေါက်ဆွဲကြော်၊ ကြေးအိုး၊ hot pot၊ ပင်လယ်စာဟင်းလျာများတွင်လည်း ပုစွန်ကျားကိုထည့်ပြီး အသုံးပြုကြပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ

ပြည့်ဖြိုးအောင် • ဖြေကြားချက် 0 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 2 ခု

သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး

kosoe • ဖြေကြားချက် 2 ခု

ကွမ်းရွက်ကဘာလို့အဲ့လိုဖြင့်တာလဲဘယ်လိုပြန်လုပ်ကောင်းလာနိုင်မလဲအကြံပေးပါအုံး

Ko Soe • ဖြေကြားချက် 2 ခု

စပါးမျိုးကဗျော့ထွန်းဖုံးနေပါပြီ အရွက်မှာအစင်းတွေ့နေလို့ ပီပိုလန်နဲ့ပိုးသတ်ဆေးဖျန်းချင်လို့ရမလားခင်ဗျဖြေပေးပါ

သက်ခိုင်လွင် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။