စျေးကွက်အတွက်တောင်သူများရဲ့အကြံပြုချက်များသိရှိလိုပါသည်။ယခုပုံပါဆလပ်များသည် အများအားဖြင့် တရုတ်နှင့်ယိုးဒယား...
စျေးကွက်အတွက်တောင်သူများရဲ့အကြံပြုချက်များသိရှိလိုပါသည်။ယခုပုံပါဆလပ်များသည် အများအားဖြင့် တရုတ်နှင့်ယိုးဒယားဘက်မှအ၀င်များပြီး စျေးကွက်ထဲတွင် ကာလပေါက်စျေး 1Kg (၆၀ကျပ်သား)လျှင် ၇၀၀၀/၈၀၀၀ကျပ်ထိ ရှိပါသည်။ (နိုင်ငံခြားမျိုးစေ့တွေ၀ယ်ယူပြီးပြည်တွင်းမှာလည်းစိုက်ပျိုးကြသူများရှိကြပါတယ်။) မကြာခင်မှာလည်း ပြည်တွင်းမှထုတ်လုပ်ဖြန့်ချိမည့် ၄င်းဆလပ်မျိုးစေ့များကို၀ယ်ယူစိုက်ပျိုးနိုင်တော့မှာဖြစ်ပါတယ်။ ထိုသို့ပြည်ပသွင်းကုန်များအစား ပြည်တွင်းမှာစိုက်ပျိုး ထုတ်လုပ်နိုင်မယ့်အပေါ်လူကြီးမင်းတို့ရဲ့ စျေးနှုန်းအရသော်လည်းကောင်း ၊ စိုက်ပျိုးမှုအပိုင်းအရသော်လည်းကောင်း အခြားသောဆွေးနွေးအကြံပြုချက်လေးတွေကိုသိရှိလိုပါတယ်ခင်ဗျ။