အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,804
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

ကြောင်းတင်ချိန်ဆိုတာ အပင်စိုက်ပီး စိုက်ခင်းအပင်တွေ မြေမကျပ်အောင် မြေဆွတဲ့အချိန်ကိုပြောတာလားဗျ။ EMစူပါဘိုကာရှီ...

ကြောင်းတင်ချိန်ဆိုတာ အပင်စိုက်ပီး စိုက်ခင်းအပင်တွေ မြေမကျပ်အောင် မြေဆွတဲ့အချိန်ကိုပြောတာလားဗျ။ EMစူပါဘိုကာရှီကို မြေပြင်ချိန်နဲ့ကြောင်းတင်ချိန်မှာအသုံးပြုလို့ရတယ်လို့ဖတ်ဖူးလို့ ကျေးဇူးပြု၍ရှင့းပြပေးကြပါအုံးဗျ

အပင်အာဟာရ ဆလပ်

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

EMဘိုဘာရှီ နှင့် စူပါဘိုကာရှီ ကို မြေကြီးထဲသို့ အပင်အားမထိ့ခိုက်စေပဲ မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်ပါသည်၊ မြေပြင်သည့်အချိန် ကြိုတင်ထည့်တာကတော့ အဟာရပျော်ဝင်ချိန်ရှိသဖြင့်ပို၍ ကောင်းပါသည်။

1,804 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

စိုက်တဲ့သီးနှံနဲ့ အသုံးပြုမည့် ပစ္စည်းကို ကြည့်ရင်.. ဟင်းသီး/ရွက် စိုက်ခင်းမှာ.. ၁။​မြေပြင်ချိန်=မစိုက်မီထွန်​​ရေးပြင်ချိန်.. ၂။​ကြောင်းဆွဲချိန်= စိုက်ခါနီးအပင်စိုက်​ကြောင်းဆွဲချိန် လို့အညာ​ဒေသအ​ခေါ်နဲ့ ယှဉ်ပြီးဖြေကြာပေးတာပါ။

260,000 လွန်ခဲ့သော ၄ နှစ် က

ကြောင်းတင်ချိန်ဆိုတာ ကြားထွန်ဝင်တာလို့ ထင်ပါတယ်ခင်ဗျာ။ ကြားထွန်ဝင်မြေဖို့ချိန် EMစူပါဘိုကာရှီထည့်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။