အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
754
လွန်ခဲ့သော ၄ နှစ် က · ရွှေဘို

စိုက်ပျိုးရေးလုပ်ငန်း အများစုမှာ အနာနဲ့ဆေး လွဲနေတာတွေ တော်တော်များနေတယ်ဗျ ဘာပိုးကျရောက်နေလို့ ဘာဆေးပတ်ဖျန်းရ...

စိုက်ပျိုးရေးလုပ်ငန်း အများစုမှာ အနာနဲ့ဆေး လွဲနေတာတွေ တော်တော်များနေတယ်ဗျ ဘာပိုးကျရောက်နေလို့ ဘာဆေးပတ်ဖျန်းရမယ် တိတိကျကျမသိဘဲ ဆေးကုန်သည်တွေ အရောင်းကိုယ်စားလှယ်တွေ လမ်းညွှန်တဲ့အတိုင်း မှားမှားမှန်မှန် ရမ်းသမ်းပြီးသုံးနေရတဲ့အဖြစ်တွေရှိနေတယ်ဗျ ဘယ်မြေအမျိုးစားဆို ဘယ်ဓာတ်ကြွယ်ဝတဲ့ဓာတိမြေသြဇာ သုံးသင့်သလဲကစ ကျေးလတ်နေတောင်သူတွေ သိအောင်ကူညီပေးကြစေလိုပါတယ်

မြေဆီလွှာ စပါး

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ခင်ဗျ... အစိမ်းရေင်လမ်းရဲ့အမေးဖြေ မာ မေးနိုင်သလို ဆောင်းပါးများကိုလည်း ဖတ်ရုလေ့လာနိုင်ပါသည်။ တောင်သူတွေအတွက် အကျိုးဖြစ်နိုင်မည့် ဆောင်းပါးလေးတွေ့ကို ရေးပေးနေဆဲဖြစ်သလို စိုက်ပျိုးရေးနည်းစနစ်တွင်လည်း အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် စမ်းသပ်စိုက်ပျိုးနေဆဲပါခင်ဗျာ။ စိုက်ပျိုးရေးအခက်အခဲများကို မေးနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုး​ရေး​ကျောင်းဆင်း၊ ကုမ္ပဏီဝန်ထမ်း​တွေ၊ အခါအား​လျော်စွာ၊ ​တောင်သူပညာ​ပေး​ဆွေး​နွေးပွဲ​လေး​တွေ မှာ ပိုး၊​ရောဂါ၊​ပေါင်း၊ ​မြေဆီလွှာအ​ကြောင်း နည်းပညာ​ပေး​နေကြပါတယ်။ လိုအပ်ရင် ကိုယ့်ရွာကို ပညာ​ပေး​ဆွေး​နွေးပွဲဖိတ်လိူ့ရပါတယ်။ မိမိသိလိုတာကိုလည်း အပြန်အလှန်​မေး။​ဆွေး​နွေးနိုင်ပါတယ်။ (တချို့​သော ​ဒေသ​တွေကလွဲရင်​ပေါ့) ကိုမင်းမင်း ​ပြောသလို ၊​တောင်သူ​တွေအတွက် စိုက်ပျိုး​ရေးနည်းပညာ​ပေးအစီအစဥ်​တွေ လိုအပ်​နေတာ​တော့ အမှန်ပါဘဲဗျ။ ​လော​လောဆယ်​တော့ ကိုယ်သိလိုတာ​လေး​တွေကို အစိမ်း​ရောင်လမ်းမှာ ​မေးနိုင်ပါတယ်။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

Greenway မှာ မေးလို့ရပါတယ်ခင်ဗျ တောင်သူလဲငွေမကုန်တဲ့ဆေးမျိုး အနာနဲဆေးလဲထည့်ရမယ် ပတ်ဝန်းကျင်ကျန်းမာရေးကိုလဲမထိ့ခိုက် ထိရောက်မှုလဲရှိစေတဲ့ အဖြေတွေပေးလျှက်ရှိပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြန်မာပြည် စိုက်ပျိုးရေးလုပ်ငန်း ကို စိတ်ပျက်ပြီး ပြည်ပသွားအလုပ်လုပ်ပေးနေကြရတဲ့ အဖြစ်ကလွတ်မြောက်အောင် ဘယ်လို...

ဖြေကြားချက် 15 ခု

စပါးအခြောက်ကြဲခင်းမှာ လွန်ခဲ့တဲ့နှစ်တွေက ရေငန်ဝင်ထားတဲ့နေရာတွေ စပါးပင်မထွက်လာဘူး ထွက်လာပြနိလည်းနေပူရှိန်...

ဖြေကြားချက် 5 ခု

စပါးအခြောက်ကြဲခင်း ပေါင်းသတ်ဆေးဖြန်းဖို့သင့်တောင်ပြီလားးး

ဖြေကြားချက် 4 ခု

ဘိုကာရှီမြေသြဇာပြုလုပ်နည်းသိချင်လို့ပါကျေးဇူးပြုရျ်ဖြေပေးကြပါ

ဖြေကြားချက် 7 ခု

EMဘိုကာရှီမြေဆွေးကို ၃လ ၄လ ကြာအောင်ကြာရှည်သိုလှောင်ထိန်းသိမ်းထားနည်းသိချင်ပါတယ်... ဘိုကာရှီ ကအစိုဓာတ်ကုန်သွား...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။