အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၈ နှစ် က · ပြင်ဦးလွင်

နဂါးမောက်ပင်စတင်စိုက်ပျိုးသည့်ချိန်မှစ၍ဘယ်နှရက်တွင်အမြစ်များစတင်ထွတ်ပါလဲခင်ဗျား၊ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ အသေး...

နဂါးမောက်ပင်စတင်စိုက်ပျိုးသည့်ချိန်မှစ၍ဘယ်နှရက်တွင်အမြစ်များစတင်ထွတ်ပါလဲခင်ဗျား၊ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ အသေးစိတ်ပြောပြ ရှင်းလင်းပေးပါလာခင်ဗျာ။ အထူးကျေးဇူးတင်လျက်................... လေးစားလျက်.......။

အပင်အာဟာရ နဂါးမောက်

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၇ နှစ် က

၁လအတွင်းအမြစ်ထွက်ပါတယ် ၃လပိုင်းစိုက်ပါ ၇လမှာအသီးသီးပါတယ် မျိုးကောင်းဖို့တေ့လိုတယ်

လွန်ခဲ့သော ၈ နှစ် က

အစေ့နဲ့စိုက်တာလား ပျိုးပင်နဲ့စိုက်တာလားခင်ဗျာ့။ နဂါးမောက်အစေ့များကို ရေဆေးပြီး သဲနုံးမြေ သို့မဟုတ် သဲနုံး နှင့် မြေဆွေး ရောထားသော မြေတွင်အညှောင့် ပေါက်စေပါ။ မြေကိုရေစွတ်စိုနေပါစေ။ အစေ့များသည် (၃-၄)ရက် တွင် အညှောင့်များစပေါက် လာပါမည်။ အစေ့များ အညှောင့် ပေါက်ပြီး (၄-၅)ရက် သတ္တပတ်အကြာတွင် အိုးတွင်ထည့်၍ ပျိုးရပါမည်။ အိုးများနှင့် ပျိုးထားသော နဂါးမောက်ပင်ကို (၉)လ (၁၀)လအကြာတွင် မြေချစိုက်နိုင် ပါသည်။ အစေ့မှ စိုက်ပျိုးခြင်း သည် အချိန်ကြာမှသာ သီးပွင့် ပါသည်။ ငါးနှစ် ခြောက်နှစ် ကြာအောင် အချိန်ယူတတ် ပါသည်။ ကိုင်းဖြတ် စိုက်ပျိုးခြင်း ထက် အချိန်များစွာ ကြာမြင့် ပါသည်။ စီးပွားဖြစ် စိုက်ပျိုးရန် သင့်တော် သောနည်း မဟုတ်ပါ။ ကိုင်းဖြတ်စိုက်ပျိုးခြင်း စိုက်ပျိုးရန် အတွက် ကိုင်းဖြတ်ခြင်းကို နံနက်ခင်းတွင် ပြုလုပ် သင့်သည်။ ကိုင်းဖြတ် စိုက်ပျိုးရန် အတွက် နဂါးမောက် ကိုင်းဖြတ်ရာတွင် အရှည်တစ်ပေမှ တစ်ပေခွဲခန့် ဖြတ်သင့်ပါသည်။ ကိုင်းဖြတ်ရှည်လျှင် ရှည်သလိုအမြစ်သစ်များ ထွက်ပေါ်မှု၊ အရွက်နှင့်အတက်ပေါက်မှုများ ပိုမြန်ပါသည်။ အကိုင်းဖြတ်ထဲတွင် သိုလှောင်ထားသော ရေနှင့် အစာကြောင့် ဖြစ်ပါသည်။ အကိုင်းများကို ဖြတ်ရာတွင် အောက်ခြေကို အနည်းငယ် ရွေစောင်း၍ ဖြတ်လေ့ဖြတ်ထ ရှိပါသည်။ ကိုင်းရင့်များသည် ကိုင်းနုများထက် ပို၍အင်းဆက်ပိုး များနှင့် အခြား ဘေးဒဏ်များကို ခံနိုင်ရည် ရှိပါသည်။ ကိုင်းဖြတ်များကို မှိုသတ်ဆေးတွင် တို့ပြီးမှ စိုက်ပါက မှိုရောဂါ ကာကွယ်ရာ ရောက်ပါသည်။ ထို့အပြင် ကိုင်းဖြတ်များကို အေး၍ခြောက်သွေ့သော နေရာများတွင် (၅)ရက်မှ (၇)ရက်ခန့် ထားပြီးမှ စိုက်လေ့ရှိပါသည်။ ကိုင်းဖြတ်များကို စိုက်ကွင်းထဲတွင် တိုက်ရိုက်စိုက်နိုင်သော်လည်း အရိပ်တွင် ပျိုးအိတ် သို့မဟုတ် အိုးနှင့် မြေဆွေးထည့်၍ အမြစ် ထွက်လာရန် ပျိုးပြီးမှသာ စိုက်လေ့ ရှိပါသည်။ အကိုင်းဖြတ်များမှ အမြစ်ထွက် မြန်စေရန် အမြစ်ပွားသေး သို့မဟုတ် အမြစ်ထွက် စေသော ဟော်မုန်းဆေးတွင် နှစ်ပြီးမှ စိုက်ပါက အမြစ်ထွက် မြန်ပါသည်။ ရက် ၄၀-၅၀ ခန့်ကြာမှ အမြစ်ထွက် သော နဂါးမောက် အကိုင်းဖြတ်သည် ၁၀-၁၅ရက် အကြာတွင် အမြစ် ထွက်လာနိုင် ပါသည်။ နဂါးမောက်ပင် အကိုင်းဖြတ်ကို စိုစွတ်စေပြီး အမြစ်ထွက် စေသော ဟော်မုန်း အမှုန့်တွင် (၁၀) စက္ကန့်ခန့် နှပ်ပြီးမှ စိုက်လျှင် အတက်ထွက်ခြင်း မြန်ပြီး သန်စွမ်းသော အမြစ်ပွားများ (၄)လမှ(၆)လ အတွင်း ထွက်ရှိပါမည်။ အတက်များ သည်လည်း တရက် လျှင် တစ်လက္မခန့် ရှည်ထွက် ပါမည်။ ကိုင်းဖြတ်များကို ခရီးဝေးသို့ တင်ပို့လျှင် ရေစိုသော စက္ကူ သို့မဟုတ် အဝတ်စ နှင့် ရစ်ပတ်၍ ပို့သင့်ပါသည်။ မလိုအပ်သော ရေခြောက်သွေ့ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ကိုင်းဖြတ် စိုက်ပျိုး ထားသော ပျိုးပင်ပေါက် အိုးများကို ရေအနည်းငယ် လောင်းပေး နိုင်သော်လည်း ရေဝပ်၍ အပင်ပုပ်ခြင်း မဖြစ်စေရန် ဂရုစိုက်ရ ပါမည်။ နဂါးမောက် ပျိုးပင်များ၏ အမြစ်များသည် ပျိုးအိတ် သို့မဟုတ် အိုး၏ အောက်ခြေမှ ဖောက်ထွက်၍ မြေသို့ စိုက်ဝင်ပြန့်ပွား လာနိုင် ပါသဖြင့် ပျိုးပင်များ မြေချရန် အချိန်မှာလည်း အရေးကြီးပါသည်။ ပျိုးပင်များကို အမြင့်ခုံတွင် တင်ထားခြင်း၊ အမာခံ မျက်နှာပြင် ပေါ်တွင် တင်၍ စိုက်ပျိုးသင့် ပါသည်။ နဂါးမောက်ပင်ကို ကိုင်းကူး ကိုင်းဆက်ခြင်း နည်းဖြင့် မျိုးပွား နိုင်သော်လည်း အများအားဖြင့် လွယ်ကူ ရိုးရှင်းသော ကိုင်းဖြတ် စိုက်ပျိုးခြင်း နည်းကိုသာ သုံးပါသည်။ ကိုင်းကူးခြင်းဖြင့် မျိုးရင်းတူသော အရိုင်းပင်ကို နဂါးမောက်ပင်ဖြင့် မျိုးပွားနိုင်သည်ကို စာတွေ့အနေဖြင့် လေ့လာနိုင် သော်လည်း လက်တွေ့တွင် စမ်းသပ် စိုက်ပျိုးခြင်း မရှိသေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။