အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၈ နှစ် က · ဗန်းမောက်

နဂါးမောက် စိုက်ပျိုးနည်းကို သိလိုပါတယ်ခမျာ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးစေလိုပါတယ်။ သက်ဆိုင်ရာ ပညာရှင်တို့...

နဂါးမောက် စိုက်ပျိုးနည်းကို သိလိုပါတယ်ခမျာ။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးစေလိုပါတယ်။ သက်ဆိုင်ရာ ပညာရှင်တို့ခင်များ။

စိုက်ပျိုးနည်း နဂါးမောက်
2

ဖြေကြားချက် ၂ ခု

လွန်ခဲ့သော ၈ နှစ် က

နဂါးမောက်စိုက်ပျိုးနည်းကို စိုက်ပျိုးနည်းပညာ- စိုက်ပျိုးနည်းအခန်းကဏ္ဍမှာဝင်ရောက်လေ့လာနိုင်ပါတယ်။ စိုက်ပျိုးနည်းရဲ့ညာဘက်ထောင့် မျှားကိုနှိပ်ပြီး သီးနှံရွေးချယ်ပြီးတော့လည်း အလွယ်တကူလေ့လာနိုင်ပါတယ်။ အောက်ပါLinkနေပြီးတော့လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ ၁။ ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့) အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့် လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။ ၂။ (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅) ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan, Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။ စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေဝပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေး ရန်လိုပါသည်။ ၃။ ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။ တစ်ကျင်းလျှင် ၂ ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။အပြည့်အစုံကိုhttps://greenwaymyanmar.com/posts/cultivation-of-dragon-fruits-0 ဝင်ရောက်လေ့လာနိုင်ပါတယ်။

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၈ နှစ် က

နဂါးမောက်စိုက်ပျိုးနည်းကို စိုက်ပျိုးနည်းကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။