ဖြေကြားချက် ၅ ခု
မြေထုတ်စည်း မျိုးပွားနည်း
ကိုင်းကူးခြင်းနှင့် မြေထုတ်စည်း မျိုးပွားခြင်း ကွာခြားပါတယ် လူအများပြောနေကြသော ကိုင်းကူးသည်ဆိုနေကြတာ မြေထုတ်စည်း၍ မျိုးပွားတာပါ။ ကိုင်းကူးသည်ဆိုသည်မှာ အောက်ခံပင်နှင့် ကူးဆက်မျိုးပွားတာပါ။ သံပုရာ၊ ရှောက် ရရာ အစေ့ပေါက်ပျိုးပင်နှင့် ကိုင်းကူးဆက်၍ ရပါတယ်။ ♥။ ပျိုးအိတ်နှင့် ပျိုးထောင်ထားသော အောက်ခံပင်အား ထိပ်ဖျားချွန်ခြင်းခြင်း၊ ဘေးသားအားလှိးခြင်းပြု၍ အပင်ကြီးဆီယူ၍ သံပုရာပင်ရှိ ကိုင်းအားခွဲ၍ သပ်ထိုးခြင်း၊ ဘေးခြင်းကပ်၍ လှီး၍ ပလပ်စတစ်ကြိုး၊ မိုးကာစဖြင့် ချည်နှောင်ထားပြီး ကျီးပေါင်းတက် ကိုင်ဆက်ချိန် ရောက်မှ အပင်ကြီးမှ ဖြတ်တာပါ။ အကောင်းဆုံးက ဆက်သည့်နေရာအောက်မှ ၇ ရက်ခန့် အစာဖြတ်ရစ်ခြင်းပြုပြီး မှ ကိုင်ဖြတ်ခြင်း ပြုရတာပါ ထိုနည်းဖြင့် သရက်၊ မာလကာ၊ ပိန္နဲ တို့အား ကိုင်းကူးဆက် မျိုးပွားနိူင်ပါသည်။
သံပုရာ ကိုင်းကူးမည်ဆိုပါက .၁။ ခဲတန်လုံးခန့် မနူမရင့်ကိုင်း(အစိမ်းရောင်နှင့်အဖြူရောင် ရောနေသည့်ကိုင်း) ကိုရွေးချယ်ပါယ ၂။ ထိုကိုင်း၏ အဆစ်အောက်မှ တစ်လက်မ အကျယ်ရစ်၍ အခေါက်ခွာပါ၊ ထို့နောက် အပေါ်ယံ အမှေးပါးပြောင်အောင် ခြစ်ပါ။ ၃။ အုံးဆန်မှုန်၊ လွစာမှုန့် ရရာ တစ်ခုခုအား ရေစိမ်ပါ၊ ရေစိမ်ရာတွင် Fartistart မြစ်ပွားဆေး ထည့်ပေးပါ။ ၄။ ထိုရေစိမ်ထားသောအမှုန်များအား ပလပ်စတစ်အိတ် 3×3,3×4လက်မ အိတ်ထဲသို့ ဖိနှိမ်ထည့်ပြီး ထိပ်မှ ကြိုးချည်ပါ။ ၅။ ထို အုန်းဆံမှုန့်ထုတ်အား အောက်မှအပေါ်သို့(သို)တဘက်မှ ဘေးတိုက် လှီး၍ သံပရာကိုင်း၏ အခေါက်ခွာထားသော အပေါ်နှုတ်ခမ်း အစစ်နေရာအား အုပ်၍ နှီး၊ ပီနန်ကြိုးဖြင့် ခိုင်ခံအောင် ချည်ပါ။ ၆။ အမြစ်ထွက်ခြင်းမှ ကျီးပေါင်းတက်ပြီး အဆစ်အနီးမှ အမြစ်ထွက်၍ အထက်နှုတ်ခမ်းအား အုပ်၍ စည်းရခြင်းပါ။ ၇။ အမြစ်အနီရောင်သန်းလာချိန်တွင် ကိုင်းအား ဖြတ်နိူင်ပါသည်။ ၈။ အကောင်းဆုံးမှာ အမြစ်အနီရောင် သန်းချိန်တွင် မူလရစ်ထားသောအရစ်အောက်မှ ထပ်မံရစ်ထားပြီး ၇ ရက်ခန့် အစာကြောဖြတ်ပြီးမှ ကိုင်းဖြတ်ပါက ပို၍ ကောင်းမွန်ပါသည်။ ထိုနည်းဖြင့် မာလကာ၊ သံပုရာ တို့အား မြေထုတ်စည်း၍ မျိုးပွားနိူင်ပါသည်။
ရောဂါအနာကင်းပြီး သန်မာသောကိုင်းကိုရွေးချယ်ပါ။မနှစ်က အသီးသီးခဲ့သောကိုင်းဆို ပိုကောင်းပါတယ်နော် ။ကိုင်းရဲ့ အရင်းဘက်ကနေပြီး အဖျားဘက်သို့ ခပ်ဟဟလေး ဖြစ်သွားအောင် ၃လက်မခွဲအရှည်ခန့်ရအောင် အရှည်လိုက် ထက်ခြမ်းခွဲပေးပါ။ခွဲထားသောအရင်းဘက်ထိပ်စကို ရေသန့်ဘူးအငယ်ထဲသို့ ဟပြီးထည့်ပါ။ ရေသန့်ဘူးကို ထောင်မတ်စွာ ရေဖြည့်လို့ရရန် ကိုင်းခွဲထားသောအရှည်ကို လိုသလိုပြုပြင်ပါ။ထို့နောက်ဘူးထဲသို့ ရေပြည့်အောင်ထည့်ပါ။ရေလျော့သွားတိုင်းပြန်ဖြည့်ပေးပါ။တစ်လခန့်ကြာလျှင် ရေသောက်မြစ်များထွက်လာပါလိမ့်မယ်။ နောက်ထပ်တစ်လခန့်မွေးမြူပြီး၊ကိုင်းအရင်းမှ ဖြတ်တောက်၍ ပျိုးအိတ်ဖြင့်သေချာစွာ ပျိုးယူပါ။အမြစ်ခိုင်မြဲသွားလျင်ရွေ့စိုက်နိူင်ပါပြီခင်ဗျာ။ ကိုင်တိုင်ပျိုးယူတဲ့နည်းလမ်းပါ။လွယ်လဲလွယ်ကူတာကြောင့် မျှဝေပေးလိုက်ပါတယ်
"သံပုရာပင် ကိုင်းကူးနည်း" **************************** အကိုင်းကူးယူတော့မည့်ဆိုလျှင် အုန်းသီးအခွံမှ ထွက်ရှိသော အမှုန့် ... အုန်းဆံမှုန့်ကို ကြိုတင်ပြီး ရေဝအောင် အရင်စိမ်ထားပေးပါ။ ကိုင်းကူးယူတဲ့နေရာမှာ မိမိကူးယူလိုသော အကိုင်းကို ပုံမှာပြထားသလို တစ်လက်မခန့် အကျယ်ယူ၍ သံပရာပင်၏ အခေါက်ကို ခွာထုတ်ပေးလိုက်ပါ။ ဒါဟာ အပင်အမနှင့်ကိုယ်ကူးယူမည့်အကိုင်းကို ရေကြောဖြတ်ပစ်တဲ့သဘောပါ။အခေါက်ခွာသည့်နေရာမှာလည်း အရိုးတံ ပတ်ပတ်လည်မှာ သေချာသန့်ရှင်းစွာ ခြစ်ထုတ်ပေးရပါမယ်။ သေချာခြစ်ထုတ်မပေးပါက ရေကြောဆက်နေတတ်ပြီး အမြစ်မထွက်လာတတ်ပါ။ သန့်စင်စွာခွာထုတ်ပြီးပါက ရေစိမ်ထားသော အုန်းဆံအမှုန့်ကို ရေညှစ်၍ ပလပ်စတစ်အိတ်ထဲထည့်ကာ ပုံမှာပြသထားသည့်အတိုင်း ပြင်ပရေမ၀င်နိုင် အောင် ကျစ်လစ်စွာ ချည်နှောင်ပြီး စည်းပေးထားလိုက်ပါ။တစ်လခန့် ကြာသော် ၎င်း နေရာမှ အမြစ်လေးများ စတင်ထွက်ရှိလာပါလိမ့်မည်။ အမြစ်များ လုံလောက်စွာ ထွက်ရှိလာပါက မိမိစိုက်ပျိုးလိုသော နေရာသို့ ဖြတ်တောက်၍ ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။ Credit;
ဆက်စပ်မေးခွန်းများ
ရှောက်သံပုရာကိုင်းဖျားခြောက်ရောဂါကို ဘယ်လိုကုရမလဲဗျ
ဖြေကြားချက် 3 ခု
သံပရာစိုက်ပျိုးနည်းမျှေ၀ပေးပါ
ဖြေကြားချက် 1 ခု
သံပုရာသီးတွေ ဒီလိုဖြစ်နေတယ် ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု
သံပုရာပင်စိုက်ထားတာအသီးမသီးလို့အသီးသီးအောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
သံပုရာသီးကို စီးပွားရေးအတွက် အများဆုံးအသုံးပြုတာကို သိချင်လို့ပါဗျ ဖြေပေးကြပါအုံး
ဖြေကြားချက် 1 ခု