ခရမ်းနဲ့ပဲတောင့်ရှည်မှာသီးတောင့်ထိုးပိုးတွေကြနေတာဖြန်းဆေးမသုံးပဲမြေခံဆေးပုံပေးလို့အစဥ်ပြေနိုင်လား အစဥ်ပြေရင်...
ခရမ်းနဲ့ပဲတောင့်ရှည်မှာသီးတောင့်ထိုးပိုးတွေကြနေတာဖြန်းဆေးမသုံးပဲမြေခံဆေးပုံပေးလို့အစဥ်ပြေနိုင်လား အစဥ်ပြေရင်ဘာဆေးခံရမလည်းခင်ဗျာ
ခရမ်းနဲ့ပဲတောင့်ရှည်မှာသီးတောင့်ထိုးပိုးတွေကြနေတာဖြန်းဆေးမသုံးပဲမြေခံဆေးပုံပေးလို့အစဥ်ပြေနိုင်လား အစဥ်ပြေရင်ဘာဆေးခံရမလည်းခင်ဗျာ
မြေအတွင်း ထည့်သောဆေး (မြေခံဆေး) ထည့်ပေးခြင်းသည် အပင်အားဆေးဖြန်းခြင်းလောက် အာနိသင်မမြန်၍ မြေခံဆေးအား မသုံးကြ ဘဲ ရွက်ဖြန်းပိုးသတ်ဆေးအား သုံးစွဲနေကြတာပါ။ ♥ မဖြစ်မနေ အသုံးပြုလိုလျင်တော့ ဝိစာရမှ ထုတ်လုပ်ဖြန့်ချိလျက်ရှိသော Cartap - 4.0 % Thiamethoxam - 0.4 % Abamectin - 0.2 % ပါဝင်သည့် ဒီပါ ၄၆ ဂျီ (DEEPER 46 G) အား သုံးစွဲပါလို့ အကြံပြုပါတယ်။
ဖျန်းဆေးပဲသုံးတာအဆင်ပြေဆုံးပါ
မရပါဘူးဗျ။ဖျန်းဆေးပဲသုံးပါ။ဖလံထောင်ချောက်တွေပါဆင်ပေးရင် ပိုထိရောက်ပါလိမ့်မယ်ဗျ။
ရာနှုံးပြည့်မကာကွယ်နိုင်ပါ
မြေခံဆေး ထည့်ရုံနဲ့ မရပါဘူးဗျ။ အပင်ဖျန်းဆေးဖျန်းမှရမှာပါ။
အသီးထိုး ပိုး ဆိုတော့ဖြန်းဆေးသုံးမှ အဆင်ပြေမယ်ထင်တယ် အလန်းပိုးသတ်ဆေးဖျန်းကြည့်ပါလားဗျ။ ကျတော်တို့ပဲေတာင့်ရှည်စိုက်တုန်းက အလန်းပိုးသတ်ဆေးပဲသုံးခဲ့တာပါ။
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။