အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ဘိုကလေး

စပါးအပင်တစ်လသားမှာ လက်စိုက်စိုက်တာ၁၂လက်မခြားစိုက်ရင်အဆင်ပြေမလား အပင်ပွားနှုန်းအခြေနေလေးသိချင်ပါတယ်ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
စိုက်ပျိုး ဗဟုသုတ စပါး စပါးခင်းရေပေးစနစ်

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ပျိုးသက်တစ်လသား အရွယ်တွင် ၁၂×၁၂လက်မ ကောက်ကွက်စိုက်ပါက ပျိုးသက်ကြီးသဖြက် ပင်ပွားထွက်ရှိမှု အားနည်းသဖြင့် ကောက်ကွက် ၉×၉လက်မခန့်ဖြင့်သာ စိုက်သင့်ပါတယ်။

9,446 လွန်ခဲ့သော ၄ နှစ် က

တလသားစိုက်ထားတယ်ဆိုတာက ဘာစပါးမျိုးလဲဗျ။သက်တမ်း ၁၃၅ရက်နဲ့အထက်စပါးဆိုရင် မြေသြဇာပုံမှန်ကျွေးပြီးရေသွင်းရေထုတ်လုပ်ပေးရင် ပင်ပွားရနိူင်ပေမယ့် သက်ငယ်စပါးဆိုရင်တော့ ပင်ပွားအတွက်နောက်ကျတယ်လို့ပြောလိုပါတယ်ခင်ဗျ။

9,446 လွန်ခဲ့သော ၄ နှစ် က

ရေစားထားသောလယ်အတွက် ပိုတက်အဓိကထားကျွေးပေးပါ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

ရေစားထားတဲ့ စပါးစိုက်ခင်းအတွက် ​ကျောက်မှုန့် တဧက ၂အိတ်ပက်ပါ။ ပြာများများစုပြီး ​ရောပက်ပါ (နွား​ချေးမှုန်ွ ၊သဘာဝ​မြေ​ဆွေးကို အီးအမ်​​​ရောပက်ပါ)

1,104 လွန်ခဲ့သော ၄ နှစ် က

မြေကောင်းလျှင် မြေသြဇာနိုင်နိုင်ကျွေးမှ ပင်ပွားကောင်း

116 လွန်ခဲ့သော ၄ နှစ် က

ရေစားထားတဲ့တွက် ဘယ်လိုလုပ်ရမလည်းအကျန်ပေးကြပါဗျာ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

မြေသန်ရင် ၊​မြေသြဇာ​ကောင်း​ကောင်း​ကြွေးရင် ၊​ရေသွင်းထုတ်ရရင်၊အပင်ပွား​ကောင်းနိုင်ပါတယ်၊ ပုံမှန်အတိုင်းဆိုရင် ​ကောက်ကွက်ကျဲတယ်။၉×၉လက္မ​လောက် သင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။