ဖြေကြားချက် ၄ ခု
အဖြူရောင်ဆိုလျင် ပျ မဟုတ်ပါဘူး ပိုးစေးနဲ ဖြစ်မှာပါ။ ပိုးစေးနှဲ(Mealy bug) အား မင်းသော်ကသစ်သား (၃) ကျပ်သားကို တောက်တောက်စင်း၍ ရေ (၁) လီတာဖြင့် တစ်နာရီကြာပြုတ်ပါ။ ပြုတ်ရည်ထဲသို့ ဆေးရွက်ကြီးစီးကရက် တစ်ဝက်စာရောထည့်ပြီး (၂၄) နာရီ စိမ်ထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ရရှိလာသော စစ်ကျရည်ကို ဆပ်ပြာမှုန့် (၆) ကျပ်သားနှင့် ရေ (၆) လီတာဖျော်စပ်ထားသော ဆပ်ပြာရည်ဖြင့် ထပ်မံရောစပ်ပါ။ အရက်ပျံအနည်းငယ်ထပ်မံ ရောစပ်ပြီး ပိုးစေးနှဲများ ကျရောက်နေသော အပင်များကို ပက်ဖျန်းပါ။ ရေ (၁ဝ) လီတာတွင် တမာဆီ (၁၀၀) မီလီလီတာနှုန်းထည့်ပြီး ပိုးစေးနှဲကျရောက်နေသော အပင်များကို ပက်ဖျန်းပါ။ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ (၁၀၀) ရောစပ်သမကာ ပက်ဖျန်းပေးပါ။ ဖျက်ဆီးခံရသော အရွက်များ၊ အကိုင်းများနှင့် ပင်စည်များကို ကောက်ယူဖျက်ဆီးပါ။ အဆီဖိတ် (Acephate) ဒိုင်ကလိုဗော့စ် (Dichlorvos) (Acephate) ကလိုပိုင်ရီဖော့စ် (Chlorpyrifos) ဆိုက်ပါမက်သရင်း (Cypermethrin) လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda-cyhalothrin) တို့အား အသုံးပြု နှိမ်နင်းနိူင်ပါသည်။
ဆပ်ပြာရည် အရင်ဖျန်းပေးပြီး ဆေးခြောက်တဲ့အခါ အရပ်ပျံဖျန်းပေးလိုက်ပါ ရပါတယ်
ပျပိုးမဖြစ်နိူင်ဘူးဗျ၊မီလီဂျပိုးလို့ခေါ်တဲ့ ပိုးစေးနှဲပဲ ဒီရာသီကအကျများပါတယ်။
အိမ်အလှစိုက်ပင် အနည်းငယ်ဆိုရင် ပြာမှုန့်ကို ရေဖျော်ပြီး အပေါ်ယံ အရည်ကြည်နဲ့ ဖျန်းပါ။(ပြာရည် တဝက်၊ရေတဝက် ရောဖျန်းပါ။) ပိုးများ/အအင်များရင် အဆီတာမီပရစ်(အဆက်-20) ကို ဆေးတပုံး တဇွန်းနုန်းဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အိမ်ကပန်းပင်လေးတွေ တပင်ကအရွက်ဖျားတွေခြောက် တပင်ကအရွက်တွေဝါပြီး တပင်က မှိုစွဲနေလို့ ဘယ်လိုဆေးမျိုးသုံးပေးရမလဲဆ...
ဖြေကြားချက် 2 ခု
အရွက်တွေပိုးကျနေလို့ပါ ဘယ်ပိုးသတ်ဆေးသုံးရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
ဇော်လုံးပန်း(ကျောက်စိမ်းပန်း)တွေက မစိမ်းဘဲ အဝါဖျော့ ရောင်ဖြစ်နေပါတယ် ဘာဖြစ်တာပါလဲရှင့် ဘာလုပ်ပေးဖို့လိုပါသလဲ...
ဖြေကြားချက် 2 ခု
alicasia silver dragon အရွက်လေးတွေမှာ ပုံထဲကလို အပေါက်လေးတွေဖြစ်နေတာ ဘယ်လိုကုသပေးရမလဲ
ဖြေကြားချက် 1 ခု
ဘွန်ဆိုင်းပင်စိုက်ပျိုးနည်းကို သိချင်လို့ပါ ကျေးဇူးပြုပီးဖြေကြားပေးပါခင်ဗျ
ဖြေကြားချက် 1 ခု