ပိုတက်ဆီယန်နိုက်ထရိုတ်ဘယ်လိုဖော်စပ်အသုံးပြုရမလဲဗျ..ဖော်စပ်ပုံနဲ့ဆေးအညွှန်းလေးပြောပေးပါ...အ.းဆေးတွေကစျေးအရမ်း...
ပိုတက်ဆီယန်နိုက်ထရိုတ်ဘယ်လိုဖော်စပ်အသုံးပြုရမလဲဗျ..ဖော်စပ်ပုံနဲ့ဆေးအညွှန်းလေးပြောပေးပါ...အ.းဆေးတွေကစျေးအရမ်းကြီးလို့ပါ...
ပိုတက်ဆီယန်နိုက်ထရိုတ်ဘယ်လိုဖော်စပ်အသုံးပြုရမလဲဗျ..ဖော်စပ်ပုံနဲ့ဆေးအညွှန်းလေးပြောပေးပါ...အ.းဆေးတွေကစျေးအရမ်းကြီးလို့ပါ...
တောင်သူလယ်သမား လုပ်ရလည်းလွယ်၊ ကုန်ကျစရိတ်လည်း သက်သာ၊ ဓာတ်ကြွင်း အာနိသင်လည်း ကင်းလွတ်တဲ့ဇီဝပိုတက်စီယမ်မြေသြဇာအရည် ပြုလုပ်သုံးစွဲနည်းလေး မျှဝေပေးလိုက် ချင်ပါတယ်။ ⏩ဆေးရွက်ကြီးပင်စည်အရိုး တစ်ကီလိုဂရမ်ကို ဓားနဲ့ နုပ်နုပ်စဉ်းပါ။ ရရှိလာတဲ့ဆေးရွက်ကြီးပင်စည်အရိုး အပိုင်းအစများကို ဖွဲနု နို့ဆီတစ်ဘူးနဲ့ သမအောင် ရောမွှေပါ။ ရောမွှေရရှိသော ပစ္စည်းကိုမြေအိုးတစ်လုံး ထဲသို့ထည့်ပါ။ ၎င်းအပေါ်က အီးအမ် ၁၀၀စီစီကို လောင်းထည့်၍ တုတ်ချောင်းဖြင့်သမအောင်မွှေပေးပါ။ အိုးထဲသို့ ရေတစ်ဂါလန်မျှထည့်၍ မွှေပေးပါ။ အိုးအဝကိုပိတ်ပါးစဖြင့်ဖုံး၍ ကြိုးဖြင့် ကျပ်ကျပ်ပတ်စည်း ပေးထားပါ။ ⏩အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်ဖြင့် တိုက်ရိုက်မထိတွေ့စေရပါ။ ခုနစ်ရက် တစ်ပတ်ပြည့်တဲ့အခါ ပိတ်ပါးစကိုဖွင့်၍ တုတ်ဖြင့်သမအောင်မွှေပေးပါ။ ပိတ်စပြန်ဖုံးပြီး ခုနစ်ရက် ထပ်မံထားပါ။ (၁၄ ရက်) နှစ်ပတ်ပြည့်ပါက အသုံးပြုနိုင်ပါတယ်။ ⏩အသုံးပြုပုံကတော့ ဆေးရွက်ကြီးအရည် ၇၀၀ စီစီကို ရေလီတာ ၂၀ နဲ့ ရောစပ်၍ ပက်ဖျန်းနိုင်ပါတယ်။ ပက်ဖျန်းရာမှာအပင်အရွက်အောက်မျက်နှာပြင်ထိအောင်ဖျန်းနိုင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ သီးနှံများကတော့ စပါးသီးနှံမှာ ပင်ပွားစုံချိန်၊ မှို့ကပ်ချိန်၊ အနှံစုံချိန်သုံးကြိမ်ဖျန်းပေးရန် လိုအပ်ပါတယ်။ တခြားနှံစားသီးနှံများလည်း အသုံးပြုနိုင်ပါတယ်။ သစ်သီးဝလံ (သရက်၊ ကျွဲကော၊ မာလကာ၊ ထောလပတ်၊ ပန်းသီး၊ လိမ္မော်၊သစ်တော်) စတဲ့သီးနှံများကို အပွင့်ဖူးပေါ်စတစ်ကြိမ်၊ ပန်းဖြိုင်ဖြိုင်ပွင့်ပြီးစတစ်ကြိမ်နှစ်ကြိမ်ဖျန်းပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ ငရုတ်၊ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်၊ မုန်လာထုပ်၊ ပန်းမုန်လာများမှာအပင်ကြီးထွားအဆင့်မှာ တစ်ကြိမ်၊ ပွင့်ဖူးထိုးစ တစ်ကြိမ် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ် သုံးကြိမ်ဖျန်းပေးဖို့လိုအပ်ပါကြောင်း မျှဝေလိုက်ရပါတယ်။
ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း) ဆရာကြီးဦးဖရက်သိန်းဖေရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ပုံအဆင့်ဆင့်နဲ့အသုံးပြုပုံကိုညွှန်ပြပေးပါ...
ဖြေကြားချက် 3 ခု
သရက်သီးတွေအရမ်းကွဲလာလို့ပါ...ဘာလိုအပ်လို့ပါလဲ...
ဖြေကြားချက် 3 ခု
၁၀နှစ်အထက်ရှိတဲ့ သရက်ပင်အတွက် မြေသြဇာ ဘယ်လိုအမျိုးအစားကျွေးရလဲဗျ သိသူများအသေးစိတ်လေး ဝေမျှပေးပါအုံးဗျ။ ကျေးဇူး...
ဖြေကြားချက် 1 ခု
မင်္ဂလာပါ သရက်သီးထိုးယင်အကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
"သ ရက် ပင်" မှ မြေကြီးနှင့်မလွတ်သောကိုင်းများကို "ခုတ်ခြင်း" နဲ့ "အသီးမတင်ခြင်း" ဆက်နွယ်မှု ရှိလား သိချင်လို့...
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။