အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
174
လွန်ခဲ့သော ၄ နှစ် က · နွားထိုးကြီး

မြေပဲပင် ထွက်နူန်းတိုးနည်း အလင်း ပြပေးအုံးဗျ.. ဘယ်အချိန် ဆေးဖြန့်... မြေသြဇာကြွေး နည်းလေး ပြောပြပါအုံး

အပင်အာဟာရ မြေပဲ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

​မြေသြဇာ ​ကျွေးဘို့အတွက် ​မြေခံမှာ သဘာဝ​မြေသြဇာနဲ့အတူ ဂျစ်ဆန်မှုန့် မဖြစ်မ​နေထည့်ပါ။ အပင်ဖြစ်ဖိူ့၊ဥချဖို့ အတွက် ၊ အပင်သဘာဝအလုပ်လုပ်ပါတယ်။ တကယ်တမ်းအထွက်နုန်း​လျော့စေတာက အပင်​သေခြင်းနဤ့ အရွက်​ပြောက်​ရောဂါ​ကြောင့်.​မြေပဲဥလျက်နဲ့ အဆံမ​အောင်လို့ပါ။ တဧက အပင်တသိန်း မှာတပင် တ​တောင့်​အောင်ရင်၊ အ​တောင့်၆တင်းထွက်ပါတယ်(အကြမ်းဖျဥ်း) တပင် ၁၀​တောင့်​အောင်ရင်၊တဧက တင်း၆၀ ထွက်ပါတယ်။ အ​တောင့်၁၅​တောင့် ​အောင်ရင် ၉၀ထွက်ပါတယ်။ ဆိုလိုတာက .. ​မြေသြဇာ​ကျွေးရာမှာ ကယ်လစီယံပါတဲ့ ဂျစ်ဆန်ကို ​မြေခံ​ရော၊​ဘောင်လုံးချိန်ပါ ထည့်ပါ။ ရွက်​ပြောက်​ရောဂါ၊ခါးရိ​ရောဂါအတွက် မှုိသတ်​ဆေး ၂ကြိမ်ဖျန်းပါ။

174 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကျေးဇူးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေပဲပင်ဘာဖြစ်မှန်းမသိလိုပါအားဆေး၊မိုဆေးဖျန်းတယ်မရပါဖြေကြားပေးပါဦး၊ဆေးများလို့လားမသိဘူးအပင်တွေကုဒ်ပီး၊တချို့အ...

ဖြေကြားချက် 3 ခု

EM အရည်ပျင်းကို ရေနဲ့မရောသေးဘဲ ထန်းလျှက်ရည်(သို့)တင်းလဲရည်ပဲရောထားပြီး ၄ရက်ကနေ ၇ ရက်အတွင်း စိုက်ခင်းရောက်မှ ရေ...

ဖြေကြားချက် 1 ခု

ငါးအမိုင်နိုအက်ဆစ်လုပ်မလို့ပါ EMအရည်မရှိလို့ EMအစား ကြက်ဥဂျူလင်စီ ထည့်လို့ရလားဆရာတို့

ဖြေကြားချက် 2 ခု

မြေပဲပင် အမြစ်ပုတ်သလိုဖြစ်နေပြီးအခင်းထဲအချို့နေရာမာတွေ့လာရပါတယ်။ အဲရောဂါကို ကုသဖို့ လိုအပ်တာလေးညွန်ကြားပေးပါ...

ဖြေကြားချက် 9 ခု

ကျောက်မှုန့်(ဂျစ်ပဆန်)ကို မြေပဲ မြေပြင်ချိန်မှာထည့်လို့ရလား

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။