အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,278
လွန်ခဲ့သော ၄ နှစ် က · ဒိုက်ဦး

မြေပဲပင် အမြစ်ပုတ်သလိုဖြစ်နေပြီးအခင်းထဲအချို့နေရာမာတွေ့လာရပါတယ်။ အဲရောဂါကို ကုသဖို့ လိုအပ်တာလေးညွန်ကြားပေးပါ...

မြေပဲပင် အမြစ်ပုတ်သလိုဖြစ်နေပြီးအခင်းထဲအချို့နေရာမာတွေ့လာရပါတယ်။ အဲရောဂါကို ကုသဖို့ လိုအပ်တာလေးညွန်ကြားပေးပါအုန်း။ နောက် ၂ရက် သုံးရက်နေ EM ဖြန်းဖို့ရှိပါတယ် ယခုရောဂါ ကုသနည်းနဲ့ EM နဲ့ ဆိုးကျိုးလေးတွေနဲ့ အဆင်ပြေမပြေရယ် နောက်ပြီး ဘယ်အရာကို အရင်လုပ်သင့်ပါသလဲ ။ EM အပြင်းကို အသင့်သုံးစပ်ထားတာ ၃ရက်တော့်ရှိပါပြီ

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အမြစ်ပုပ်​ရောဂါ ဝင်ရင် အရွက်​လေး​တွေ အ​ရောင်​ဖျော့လာမယ်၊ ညိှုိးလာမယ်၊တပင်လုံး ဝါညှိုးလာမယ်။ နုတ်ကြည့်ရင် အမြစ်မွှေး ပါမလာ ​တော့ဘူး။ ကုသဖို့အတွက် ပင်လုံးပြန့်မှုိသတ်​ဆေးဖျန်းပါ။ အပင်ညှိုးသွားရင် ကုလို့မရ​တော့ပါ။ မညှိုး​သေးရင်လည်း၊​မြေကြီးထဲ ​ရောဂါကို ​မြေကြီးအ​ရောကွသတ်​ပေးနိုင်တဲ့ မှိုသတ်​ဆေးဖျန်းပါ။ ဖို့စတိုင်းအလူမီနီယံ(ဖိုးစီ၊ဖို့ကပ်..)ကို ​ဆေးတပုံး ၈၀ဂရမ်နုန်း ဖျန်းပါ။ မှို​ဆေးဖျန်းပြီး ၅ရက်ကြာမှ အား​ဆေးဖျန်းပါ။

580 လွန်ခဲ့သော ၃ နှစ် က
580 လွန်ခဲ့သော ၃ နှစ် က
580 လွန်ခဲ့သော ၃ နှစ် က
580 လွန်ခဲ့သော ၃ နှစ် က
580 လွန်ခဲ့သော ၃ နှစ် က
193,301 လွန်ခဲ့သော ၄ နှစ် က

ဖိုးလမင်းကျိုင်းကြောင့် အမြစ်ပုတ်တာဖြစ်နိုင်သလို ခါးရိရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ် ဆရာကြီးဦးခင်မောင်လတ်ကတော့ Diconal ကိုမျိုးစေ့လူးနယ်ပြီးမှစိုက်သင့်သလို မြေကြီးထဲလည်းထည့်လိုရပါတယ် မျိုးစေ့ကိုလူးနယ်စိုက်ရင်တော့ ဆေးအမှုန့်အကုန်သက်သာတယ်လို့အကြံပြုထားပါတယ်ရှင့်

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည်ထပ်ထည့်ပါ။

1,278 လွန်ခဲ့သော ၄ နှစ် က

လက်ရှိစပ်ထားEM ကို နောက်ရက်အနည်းငယ် ဆက်ထားလို့ရအောင် ဘယ်လို လုပ်ထားရမလဲဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေပဲပင် ထွက်နူန်းတိုးနည်း အလင်း ပြပေးအုံးဗျ.. ဘယ်အချိန် ဆေးဖြန့်... မြေသြဇာကြွေး နည်းလေး ပြောပြပါအုံး

ဖြေကြားချက် 2 ခု

မြေပဲပင်ဘာဖြစ်မှန်းမသိလိုပါအားဆေး၊မိုဆေးဖျန်းတယ်မရပါဖြေကြားပေးပါဦး၊ဆေးများလို့လားမသိဘူးအပင်တွေကုဒ်ပီး၊တချို့အ...

ဖြေကြားချက် 3 ခု

EM အရည်ပျင်းကို ရေနဲ့မရောသေးဘဲ ထန်းလျှက်ရည်(သို့)တင်းလဲရည်ပဲရောထားပြီး ၄ရက်ကနေ ၇ ရက်အတွင်း စိုက်ခင်းရောက်မှ ရေ...

ဖြေကြားချက် 1 ခု

ကျောက်မှုန့်(ဂျစ်ပဆန်)ကို မြေပဲ မြေပြင်ချိန်မှာထည့်လို့ရလား

ဖြေကြားချက် 5 ခု

အခင်းထဲမှာဖျာ၁ချပ်စာလောက်ကွက် ကွက်ပြီးသေနေတာတွေ့ရတယ်ဘာဖြစ်တာလဲ? ဘာဆေးဖျန်းရမလဲ? ဖြေပေးကြပါအုံးဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။