အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · ပြည်

သံပုရာပင်တွေမှာ အပင်ခြေရင်း ပင်စည်မှအစေးထွက်ပြီးတပင်လုံးညှိုးကျ သေဆုံးသည်အထိဖြစ်နေပါတယ် ဘယ်လိုကာကွယ်ကုသလို့ရ...

သံပုရာပင်တွေမှာ အပင်ခြေရင်း ပင်စည်မှအစေးထွက်ပြီးတပင်လုံးညှိုးကျ သေဆုံးသည်အထိဖြစ်နေပါတယ် ဘယ်လိုကာကွယ်ကုသလို့ရနိုင်ပါမလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အမြစ်
ပိုးမွှားရောဂါ ရှောက်
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

♥ ပင်ခြေပုပ်ရောဂါ/အစေးထွက်ရောဂါ(Foot rot) ~ရောဂါ လက္ခဏာများ မြေပြင်နှင့် ထိစပ်နေသော ပင်စည်ပေါ်တွင် ရေစိုနာဖြစ်ပေါ်ပြီး အစေး များထွက်နေသည်။ ပင်စည်တစ်ပတ်လည်လုံးရောဂါပတ်မိသွားကာ အပင်သေသွား သည်။ ရောဂါကျနေသောအခေါက်ကိုခွာကြည့်ပါက ပင်စည်၏ အသားသည် အညိုရောင်ပြောင်းနေသည်။ ~ ကာကွယ်နှိမ်နင်းနည်းများ စိုက်ခင်းရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။ - အပင်အောက်ခြေပေါင်းမြက်ရှင်းလင်းပါ။ - အပင်ငယ်ဖြစ်ပါက Metalaxyl (မီတယ်လဆီ)၊ Fosetyl-AL (ဖေါ့စတိုင်အေအယ်လ်) ဆေးများကို ရွှဲရွှဲဖျန်း ပါ။ - ပင်စည်ပေါ်ရှိ ရောဂါကွက်နေရာကို ခြစ်ထုတ်၍ Metalaxyl (မီတယ်လဆီ) ၊ Fosetyl-AL (ဖေါ့စတိုင်အေ အယ်လ်) ဆေးများကို လိမ်းသုတ်ပါ။ - မိုးမကျမီ အပင်ခြေပိုင်း ၃ပေ ခန့်ကို ဘော်ဒိုဆေးရည် သို့မဟုတ် ထုံးဖြင့် သုတ်လိမ်းထားပေးပါ။ ~ အသုံးပြုသင့်သောဆေး Metalaxyl (မီတယ်လဆီ) Fosetyl-AL (ဖေါ့စတိုင်အေအယ်လ်) Dimethomorph (ဒိုင်မီသိုမော့ပ်)

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

အရက်ပျံဆွတ်ထားတဲ့ ကိရိယာနဲ့ ဒဏ်ရာ​တွေ သန့်ရှင်းပါ။ မက်တလက်ဇီးကို ​ရေနဲ့.​ဖျော်ပြီး စုတ်တံနဲ့ (အဝတ်စသန့်သန့်နဲ့)သုတ်​ပေးပါ။

You

ဆက်စပ်မေးခွန်းများ

ရှောက်ပင်တွေ ပုံမှာပြထားတဲ့ အတိုင်းဖြစ်နေတယ်ဆရာတို့ အရွက်တွေလဲ တွန့်နေတယ် ဘယ်လိုအကြောင်းကြောင့်လဲ ခင်ဗျ ဘာလုပ်...

ဖြေကြားချက် 1 ခု

ရှောက်ပင်ပေါက်လေး အပင်ထိပ်ဖျားအရွက်တွေလိပ်ပြီး ‌အရွက်တွေက အရိုးတံဘဲ ကျန်ခဲ့ပါတယ် ပိုးကြောင့်ဖြစ်တာလားခင်ဗျ

ဖြေကြားချက် 3 ခု

ရှောက်ပင်ကိုင်းကူးစိုက်ချင်လို့ မြေထုပ်စည်းပြီး ကိုင်းကူးနည်း‌ သိချင်လို့ပါ။

ဖြေကြားချက် 1 ခု

သံပရာပင်လေးဘာဖြစ်မှန်းမသိဘူးအရွက်လည်းထွတ်တယ်အပင်ကလည်းရွှေ့စိုက်ထားလေးလလောက်ရှိပြီဒီလောက်ကဒီလောက်ပဲဘာသုံးရမလည်း...

ဖြေကြားချက် 1 ခု

ယိုးဒယားသံပုရာ ပင် အသီးမတင်ဘူး အပွင့်တော့တအားပွင်တယ် ဘယ်လိုလုပ်ပေးရမလဲဗျ?

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။