အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,061
လွန်ခဲ့သော ၃ နှစ် က · ယင်းမာပင်

အပင်က အသက်ကြီးလာပေမယ့် အပင်မဖြစ်ဘူးဖြစ်နေတာ ဘာဓာတ်တွေချို့တဲ့နေတာလဲဗျ။ ဆေးလား မြေဆီလား အကြံပေးပါအုံး။

Post image

ဖြေကြားချက် ၅ ခု

1,061 လွန်ခဲ့သော ၃ နှစ် က

မြေဆီအ​ဖြူ(ပုလဲ)ကို အာမို၊နိုက်ထရိုတို့နဲ့တညလောက်ရေခပ်စိုစိုဖြစ်အောင်နယ်ပြီး ကျွေးရင်ရော အဆင်ပြေနိုင်လားဗျ

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

အဟာရချို့တဲ့ပြီး ရေလိုအပ်ချက်ရှိနေ၍ အဟာရထည့်သွင်းပြီး ရေစနစ်တကျ ပေးသွင်းရန် ိုအပ်ပါမည်။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၃ နှစ် က

ယူရီးယားကို အပင်က အချိန်ကြာကြာနဲ့ အကျိုးရှိရှိစားနိုင်အောင်လို့ပါ။ သဘာဝမြေသြဇာက အခြောက်နေရင် ရေနည်းနည်းဖြန်းပြီး ပုလဲ (ယူရီးယား) နဲ့ ရောနပ်လိုက်ရင် ပုလဲက အရည်ပျော်ပြီး သဘာဝမြေသြဇာထဲ စိမ့်ဝင်သွားတာကြောင့် အငွေ့ပျံပြီး လျော့သွားတာ သွင်းရေထဲမှာ ပျော်ပြီး မျောပါသွားတာမျိုးတွေကို ကာကွယ်ပေးပြီး မြေကြီးထဲမှာ အချိန်ကြာကြာနေနိုင်သွားတာပါ။ ပုလဲကို အကျိုးရှိရှိအသုံးချနည်းတစ်မျိုးပါ။ မြေသြဇာ အရမ်းဈေးကြီးတဲ့ကာလမှာ ဒါမျိုးက တောင်သူတိုင်းလုပ်သင့်ပါတယ်။

1,061 လွန်ခဲ့သော ၃ နှစ် က

သဘာဝမြေသြဇာနဲ့ယူရီးယားကိုတညသိပ်ရမှာကို နားမလည်ဘူးဗျ နှစ်မျိုးရောထားပြီး နောက်နေ့မနက်မှ ကျွေးရမှာပြောတာလားဗျ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

အာဟာရချို့တဲ့ပုံဘဲဗျ။ အ​ရောင်မစိမ်းစိုဘူး။ ဝိုင်ခွ ​အောက်က အတက်​တွေ ညှပ်ပြီး မှို​ဆေးဖျန်းပါ။ သဘာဝ​မြေသြဇာနဲ့ယူရီးယားကို တညသိပ်ပြီး၊ အစာ​ကျွေး၊​ရေသွင်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။