အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၃ နှစ် က · မြန်အောင်

တောင်သူဦးကြီးများကျန်းမာချမ်းသာကြပါစေ မသိတာလေးမေးပရစေ လယ်မြေဧကတွေတိုင်းတာတယ်အခါရှေ့လူကြီးတွေက လံတုတ်တွေနဲ့အ...

တောင်သူဦးကြီးများကျန်းမာချမ်းသာကြပါစေ မသိတာလေးမေးပရစေ လယ်မြေဧကတွေတိုင်းတာတယ်အခါရှေ့လူကြီးတွေက လံတုတ်တွေနဲ့အကွက်ရိုက်ပြီးတိုင်ကြပါတယ်။၁ကြိုးလို့ပြောတာကြားဖူးသလို၁၀စီးလို့လည်းပြောတာကြားဖူးပါတယ်။ ဧက ကွက်ထဲမှာမှ ၁ဝစီး သို့မဟုတ် ၅တောင်စီး သို့မဟုတ် ၁၅တောင်းစီးအမျိုးမျိုးလိုသလိုတိုင်တာကြပါတယ်။ လံတုတ်နဲ့အကွက်တိုင်းပုံတိုင်းနည်းနှင့် တွက်ချက်ပုံ ဘယ်နှစ် လံ ကို ၅တောင်းစီး၁၀စီးအစရှိသည့်တိုင်းတာပုံတွက်ပုံလေးကိုရှင်းပြပေးပါလို့အကူညီတောင်းပရစေခမျှ။

စိုက်ပျိုး ဗဟုသုတ မတ်ပဲ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

ဒေသအလိုက်တိုင်းတာမှု စနစ်အများကြီး ရှိပေမဲ့ အမှန်ကန်ဆုံးက လျင် 43560 စတုရန်းပေ ရှိတာပါဘဲ ယခုခေတ်တွင် မိမိအသုံးပြုနေသော ဖုန်းတွင် မြေတိုင်းတာသည့် Appထည့်ထားပြီး အသုံးပြုလို့ရပါတယ်

116 လွန်ခဲ့သော ၃ နှစ် က

တစ်ကြိုး/တစ်ဆယ်စီး ကျ လံ အရေအတွက်နဲဆိုဘယ်နှစ်လံပတ်လည်းရှိမလည်းခမျှ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

၅​တောင်စီး/၁၀​တောင်စီး​တွေ ထက် ပိုရှင်း​အောင် ဒီလိုမှတ်ပါ။ ၁ဧက=(၆၆​ပေ×၆၆၀​ပေ)=၄၃၅၆၉ စ​/ပေ ၁ဧက= (၁သံကြိုး× ၁၀ သံကြိုး) ၁ဧက=(၁၀ လံ × ၁၀၀ လံ) (၄​တောင်=၁လံ) (၁လံ=၆​ပေ)

3,692 လွန်ခဲ့သော ၃ နှစ် က

အဲ့ဒါတွေတော့ သိပ်မသည့်ဘူး ဗျ ဒီဘက် ခတ် မှာတော့ အတိအကျဆို ပေကြိုး နဲ့ပဲ ၊ အကြမ်းဖျင်း တိုင်းတာချင်ရင်တော့ Google Earth ကနေလည်း တိုင်းလို့လည်းရပါတယ် တစ်ဧက မှာ 43560 ft² ရှိပါတယ် အဲ့တော့ တစ်ဧက ကို ၂၀၈.၇၁ ပေ x ၂၀၈.၇၁ ပေ ရှိပါတယ်ခင်ဗျ ပေဘူး ကလည်း ဝယ်ရတာ မခက် ပါဘူးဗျ အဆင်ပြေစေ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။