အခုမှအိမ်နောက်မှာ စိုက်ပျိုးရေးစလုပ်တာပါ။ အတွေ့အကြုံမရှိပါဘူး။ ဟင်းနုနွယ်တွေမြေကြီးပေါ်ပျိုးပြီးစိုက်ထားတာ...
အခုမှအိမ်နောက်မှာ စိုက်ပျိုးရေးစလုပ်တာပါ။ အတွေ့အကြုံမရှိပါဘူး။ ဟင်းနုနွယ်တွေမြေကြီးပေါ်ပျိုးပြီးစိုက်ထားတာ ပိုးတွေကိုက်နေလို့ပါ။ တမာဆီနဲ့ပိုးသတ်ကြတယ်ဆိုတာဖတ်မိလို့ မနေ့ကတော့ ဩဂဲနစ်တမာရည်ဝယ်ပြီး နည်းနည်းဖြန်းထားပါတယ်။ ဒီနေ့မနက်အရွက်ပေါ်မှာ အဲဒီ မည်းမည်းလေးတွေတွေ့လို့။ ဘာလဲမသိဘူး။ ပြီးတော့ အပင်ကိုဘယ်လိုဂရုစိုက်ရမလဲသိချင်လို့ပါ။ မြေဩဇာက နွားချေးပဲထည့်ထားတာပါ။ ကျေးဇူးပြုပြီးကူညီလမ်းပြပေးပါဦးနော်။
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်