အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၃ နှစ် က · စဉ့်ကိုင်

မိုးကြို နွေနှမ်းစိုက်ပျိုးခြင်းဖြစ်ပါသည် ဆည်ရေသောက် ဧရိယာဖြစ်ပါသည် ဖေဖော်ဝါရီလ တတိယအပတ်တွင် ရေသွင်း၍ မတ်လ ဒု...

မိုးကြို နွေနှမ်းစိုက်ပျိုးခြင်းဖြစ်ပါသည် ဆည်ရေသောက် ဧရိယာဖြစ်ပါသည် ဖေဖော်ဝါရီလ တတိယအပတ်တွင် ရေသွင်း၍ မတ်လ ဒုတိယအပတ်တွင် နှမ်းပက် စက်မောင်းဖုံး ကြမ်းရိုက် မိုးရေကြောင်းပေး၍ မိုးမျှော်ပြီး မိရိုးဖလာစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသည် အပင်သက်တမ်း ၁လ ဝန်းကျင်ရှိပါပြီ အပင်များလည်းကောင်းစွာဖြစ်ထွန်းပါသည် သို့သော် အပူချိန်များခြင်း မိုးမရွာခြင်းများကြောင့် ရေမပေးနိုင်လျှင် ထွက်နှုန်းကောင်းစွာမရရှိမှာ စိုးရိမ်နေမိသည်. အဓိကအကြောင်းအရင်း အချက်မှာ အပင်များ ကွက်ကြား ငြိုးသေသေနေခြင်းဖြစ်သည်. အပင်နုတ်ကြည့်သောအခါ ပုံပြထားသည့်အတိုင်း အမြစ်များ နီဝါခြောက်နေသည်ကို တွေ့ရှိရသည်...မြောင်းရေရှိသည် ရေပေးဝေချင်သည် ရေဖျန်းစနစ်သုံးမှ အပင်အတွက်အဆင်ပြေမည် ကျေးဇူးပြု၍ အကြံ ပြုစာများပေးပါရန် တောင်းခံအပ်ပါသည်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး အမြစ် အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ ပူ
ပိုးမွှားရောဂါ နှမ်း
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရေ​သောက်မြစ် ပုပ် ​နေတဲ့သ​ဘော.ပါ။ ​နေပူ/​​ေမြပူ ပြီး အမြစ်ပုပ်ဝင်တာဖြစ်နိုင်ပါတယ်။ ထရိုင်ကိူဒါးမားကို အပင်​ခြေ​ရောက်​အောင်ဖျန်း​ပေးပါ။ ပြီးရင် စပရင်ကလာ.နဲ့ ၁ဧကစာ အပြည့်ဆင်ပြီး ည​နေပိုင်း သိူ့မဟုတ် မနက်ပိုင်း မိုးတုရွာသလိုဖျန်းပါ။

9,446 လွန်ခဲ့သော ၃ နှစ် က

ကျနော်က မကွေးတိုင်း၊စလင်းမြို့နယ်ကပါ လက်ရှိလဲ မိုးကြိုနှမ်း ၃ဧက စိုက်ပျိုးထားပါတယ်။အရင်ခတ်ကာလတွေတုန်းက လယ်သမားကြီးများက နှမ်းကို တစ်လသားဝန်းကျင်မှ ခါးရေပေးကြပါတယ်။ဒီဘက်ခေတ်မှာတော့ ရာသီဥတုကမတူတော့ဘူးလေ အပူချိန်တွေတအားမြင့်တက်သလို၊ခရမ်းလွန်ရောင်ခြည်ပမာဏကလဲ အရမ်းမြင့်နေတယ်။အဲ့ဒါကြောင့် ကျနော်က စိုက်ပြီး ၁၅ ရက်သားမှာ ခါးရေတန်းပြီးသွင်းပေးခဲ့ပါတယ်။ပိုက်ရွှေ့စနစ်နဲ့ မအိုင်ရုံတမယ် များများသွင်းပေးခဲ့ပါတယ်။ရာသီကလဲအရမ်းပူနေတော့ ဘာမှ အပင်ကို ဥပါဒ်မဖြစ်စေပါဘူး။အပင်သေတာလဲရပ်သွားပါတယ်။အကိုရဲ့အခင်းအနေအထားက နှမ်းပင်ကလေးတွေရဲ့အမြစ်ကြီးထွားမှု လိုက်မမီနိူင်အောင်ကို အစိုဓာတ်ခမ်းခြောက်တာမြန်နေတဲ့အတွက်ကြောင့်ပါ။ပေါ်ယံမှာ တုန်းရိုက်ထားလို့မသိသာပေမယ့် အောက်ဘက်မှာ မြေအက်နေမှာပါ။အက်ကြားထဲမှာ ပုရစ်နဲ့မြေအောင်းပိုးတွေခိုလာပါလိမ့်မယ်။အဲ့ထက်နောက်ကျသွားတဲ့တောင်သူတွေ ကျနော်တို့ဆီမှာ နှစ်ခါပြန်ကျဲနေကြရပါတယ်။ရှေးရိုးစွဲနှလုံးမမူပဲ လက်ရှိရာသီအနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပါလို့အကြံပြုပါရစေ။

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

၁။ မြောင်း ရေရလျင် ရေဖြန်းစနစ်ဖြင့် ရေမပေးလဲ ရေမဝပ်အောင် စပ်ရေသွင်းပေးနိူင်လျင် အဆင်ပြေပါတယ်။ ရေဖြန်းစနစ်အတွက် ပိုက်များဝယ်ပြီးသားရှိလျင် အဆင်ပြေပေမဲ့ ဝယ်ပြီးအသုံးပြုရမည်ဆိုလျင် မသုံးသင့်ပါ၊ ကုန်ကျစရိတိမြင့်မား၍ ဖြစ်ပါတယ်။ ၂။ ရေပေးသွင်းပြီး မြေအစိုဓာတ် ရှိချိန်တွင် ထရိုင်ကိုဒါးမားအား ၅ရက်တစ်ကြိမ် အပါတ်စဉ် ပက်ဖြန်းပေးသွားလျင် သက်သာပါလိမ့်မည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။