အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
21,642
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ဆရာခဗျ စပါးအခြောက်ကျဲခင်းပါ။ ဧကဝက်လောက် ကန်ဇွန်းပင်ငယ်တွေပေါက်နေပါတယ်။ စာထဲဖတ်ဖူးတာ ကန်ဇွန်းကစပါးထွက်နှုံးကို...

ဆရာခဗျ စပါးအခြောက်ကျဲခင်းပါ။ ဧကဝက်လောက် ကန်ဇွန်းပင်ငယ်တွေပေါက်နေပါတယ်။ စာထဲဖတ်ဖူးတာ ကန်ဇွန်းကစပါးထွက်နှုံးကိုသိပ်မထိခိုက်နိုင်ဘူးဆိုလို့(ဆေးလဲမသုံးချင်လို့) ဒီတိုင်းထားလိုက်လို့ရလားခဗျ။ ထွက်နှုံးအရမ်းထိခိုက်နိုင်လားသိချင်ပါတယ်ကျေးဇူးပါ။

ဖြေကြားချက် ၇ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကဇွန်းပင်ငယ်သေးတော့မသိသာသော်လည်းစပါးပင်ကိုမြေသြဇာကြွေးလိုက်ရင်ကဇွန်းပင်တွေတဟုန်ထိုးကြီးလာပြီးစပါးပင်တွေကိုနွယ်တက်ပြီးဖုံးသွားမယ်ကဇွန်းပင်မထားပါနဲ့

292 လွန်ခဲ့သော ၃ နှစ် က

ဘာပြောပြောပေါင်းပင်မို့နှုတ်ပစ်သင့်ပါတယ်၊မျိုးပွားလာမယ်လေ။

350 လွန်ခဲ့သော ၃ နှစ် က

ကန်ဇွန်းက ရေမြုတ်ပြစ်ရင် သေကုန်မယ်ထင်တယ်

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ဆရာကြီစခဗျ

639 လွန်ခဲ့သော ၃ နှစ် က

ကန်စွမ်းက အြမစ်တေ အရမ်းပွားတယ် အပင်တေထူထပ်လာပါတယ်။ စပါးပင်တေကိုထိခိုက်စေပါတယ်

21,642 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

စပါးပင်ရစ်ပတ်တဲ့အထိ မများဘူးဆိုရင် ထားလိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။