မေးခွင့်ပြုပါခင်ဗျာ ဆရာများနှင့်တကွအတွေ့အကြုံရှိသော စပါးစိုက်တောင်သူများဖြေကြားပေးပါဦးခင်ဗျာ ကျွန်တော်တို့ရွာ...
မေးခွင့်ပြုပါခင်ဗျာ ဆရာများနှင့်တကွအတွေ့အကြုံရှိသော စပါးစိုက်တောင်သူများဖြေကြားပေးပါဦးခင်ဗျာ ကျွန်တော်တို့ရွာဘက်တွေမှာရေနူတ်မြောင်းကောင်းစွာမရှိပါဘူးခင်ဗျာ စက်နဲ့ပတ်ထုတ်ပေမဲ့ မိုးရေအရမ်းများနေတော့ ကန်သင်းတွေပါရေကျော်နေတော့မပတ်နိုင်တော့လို့ပါ စပါးတွေကရေအောက်မြုပ်နေတော့ရေညှိကပ်ပီးအပင်တွေသေနေတာလည်းတွေ့နေရပါတယ် သမန်းကောင်းပါလျှက်အပင်တွေအရမ်းလည်းကျွတ်ပါတယ် ရေညှိမစွဲအောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ ဓါတုဆေးဝါးသုံးရရင်လည်းလမ်းညွှန်ပေးပါဦးခင်ဗျာ,,
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၂ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ