အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၃ နှစ် က

ရွေးချယ်ပေါင်းသတ်ဆေးများတွင်ပိုးသတ်ဆေးများကဲ့သို့ ( သီးနှံမရိတ်သိမ်းမှီစောင့်ဆိုင်းရမည့်ရက် ) သတိပေးချက် မပါ...

ရွေးချယ်ပေါင်းသတ်ဆေးများတွင်ပိုးသတ်ဆေးများကဲ့သို့ ( သီးနှံမရိတ်သိမ်းမှီစောင့်ဆိုင်းရမည့်ရက် ) သတိပေးချက် မပါသောကြောင့် ဟင်းသီးဟင်းရွက်စိုက်ခင်း အတွင်းအသုံးပြုသင့် / မသင့် ဝေဖန် / အကြံပေး. ကြပါခင်ဗျာ ပုံပါဆေးဗူးခွံပေါ်တွင် အဆိပ်ဖြစ်မှု့အဆင့်အတန်း GHS( - ) ဟုပါရှိပြီး ထုတ်လုပ်နေ့စွဲ နှင့် သက်တမ်းကုန်ဆုံးရက်မပါရှိပါ

စိုက်ပျိုး ဗဟုသုတ ကန်စွန်းရွက်
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ နှစ် က

အမှန်တကယ်​တော့ ဓါတုပစ္စည်း ဆိုတာ. ဖြစ်နိုင်ရင် သုံးကို မသုံးသင့်တာပါ။ မဖြစ်မ​နေသုံးရမယ်ဆိုရင်​တောင်.. IPM/IWMနည်းများနဲ့ စနစ်တကျ အသုံးပြုပြီး..​နောက်ဆုံး မနိုင်​တော့မှ ဓါတု​ဆေးသုံးရပါတယ်။ ​ရွေးချယ်​ပေါင်းသတ်​ဆေးpost emergenceသုံးရင်လဲ ​ပေါင်းပင် ၂-၄ရွက်အရွယ်.သီးနှံပင် တလသားအတွင်းဖျန်းရပါတယ်။ ဒါ​ကြောင့်..စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်ဖို့ ပညာ​ပေးလုပ်ငန်းများ လိုအပ်​နေတာအမှန်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။