အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
518
လွန်ခဲ့သော ၃ နှစ် က · ပန်းတနော်

ဆရာဒို့ဦးလေးခင်ဗျ မတ်ပဲခြွေပပြီးပဲမှော်ကျန်တဲ့နေရာကစပါးပင်ကအရမ်းရှည်ထွက်ပြီးဓါတ်မြေဩဇာကြွေစရမလိုအောင်အပင်တအား...

ဆရာဒို့ဦးလေးခင်ဗျ မတ်ပဲခြွေပပြီးပဲမှော်ကျန်တဲ့နေရာကစပါးပင်ကအရမ်းရှည်ထွက်ပြီးဓါတ်မြေဩဇာကြွေစရမလိုအောင်အပင်တအားကောင်းပါတယ် မတ်ပဲမှော်မှာပါတဲ့အာနိသင်တွေ ကောင်ကျိုးဆိုးကျိုးတွေကိုပြောပြစေချင်ပါတယ် တချို့တောင်သူတွေက ပြောတာမတ်ပဲမှော်နေရာကအပင်သာကောင်းပြီးပိုးလဲကျအသီးလဲမတင်ဘူးဆိုပြီးမီရှို့လိုက်ကြတယ် ကျေးဇူးတင်ပါသည်

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

မတ်ပဲအပါအဝင် ပဲမျိုးစုံ​တွေရဲ့ ပဲ​မှော်(အပင်အကြွင်းအကျန်များ)မှာ N:P:Kအာဟာရတန်ဘိုး အ​နေနဲ့(N=4.8%/ P=1.21% / K= 1.30%)ပါဝင်တယ်လို့ ပညာရှင်​တွေ​ဖော်ပြထားပါတယ်။(ပုံမှာကြည့်ပါ) နိုက်ထရိုဂျင် များစွာပါဝင်လို့၊ အပင်ကြီးထွက်နုန်ူ​းကောင်း​စေပါတယ်။ ဒါ​ကြောင့် တ​နေရာထဲ စုပုံထားရင်၊ အပင်ဖက်အား​ပေးပါတယ်။(ဒါ​ကြောင့် ပဲ​မှော်​တွေကို လယ်ကွက်ထဲမှာ ဖြန့်ချ​ပေးပါ) မီရှို့တာက​တော့ ကြီးမား​သော ဆုံးရှုံးမှုတခုပါဘဲ။

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ နှစ် က

ပဲ မှော်ထဲမှာနိုက်ထရိုဂျင်နှင့်ဖော့စဖိတ်ပိုတက်နှင့်အခြားအာဟာရဓာတ်များပါလို့စပါးပင်ကောင်းတာပါသို့သော်လည်းပဲပင်မှာကျတဲ့ရောဂါပိုးများလည်းပါလာရင်စိုက်မဲ့ပဲပင်ကိုလည်ကောင်းရောဂါကျနိုင်တယ်စပါးကိုတော့ရောဂါမကျတတ်ပါ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။