အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
474
လွန်ခဲ့သော ၂ နှစ် က · မြင်းခြံ

နှင်းဆီပန်း အကိုင်းဖျက်ပီ ဘယ်လိုပျိုးရမလဲဗျ ဖြေပေးကြပါဗျ

စိုက်ပျိုး ရေ နှင်းဆီ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

နှင်းဆီအရင်မျိုးတွေကကိုင်းဖြတ်ပြီးစိုက်ရင်အမြစ်ထွက်တာနည်းပြီးကြာလို့စိုက်ရခက်ပါတယ် ရုတုံး(rootone) လို(fertistat) လိုအမြစ်ထွက်တဲ့ဟော်မုံးသုံးပြီးအကိုင်ရင့်များကိုအဆစ်လေးငါးဆစ်ပါကိုင်းဖြတ်အရင်းကိုဟော်မုန်းနဲ့စိန်ပြီးသဲကျင်းထဲမှာစိုက်ပြီးပလပ်စတစ်အမိုးအောက်မှာစိုက်ရေမှန်မှန်လောင်းပေရင်တော့ရနိုင်ပါတယ်၊နှင်းဆီအရင်များကိုအများအားဖြင့်အမြစ်ထွက်မြန်တဲ့အရိုင်းပေါ်မှာအဖူးမြွှုတ်မျိုးပွားကြတယ်

474 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

နှင်းဆီကိုင်း တနှစ်သား​ကျော်အရွယ်၊ ကိုင်းအရှည် ၈လက်မ ခန့် ဖြတ်ပါ။ ပျိုး​မြေ​နေရာကို .၄လက်မ ပျဥ်ပြားအမြင့်နဲ့ ​လေးဖက်ကာထားပါ။ အဲဒီအထဲကို သဲသန့်သန့်အပြည့်ထည့်၊​ရေ​လောင်းထားပါ။ ပျိုး ဘောင်ထဲကို နှင်းဆီ ကိုင်းဖြတ်ရဲ့အရင်းပိုင်း ၄လက်မ မြုပ်​အောင် ၄၅°​စောင်း ပြီး ထိုးစိုက်ပါ။ (မစိုက်မီ ကိုင်း​အောက်​ခြေ ၄လက်မ​နေရာကို အမြစ်ထွက်ဟိုမုန် စိမ်ပြီးမှ စိုက်ပါ) ည​နေတိုင်း​ရေဖျန်ပါ။ အရိပ်လုပ်​ပေးပါ။ ၁လ​လောက်ဆို ၊ပျိုးအိတ်ထဲ.​ပြောင်းစိုက်ပါ။

You

ဆက်စပ်မေးခွန်းများ

နှင်းဆီးပန်းက ပုံမှာပြထားသလိုပိုးကောင်လေးတွေဝင် အရွက်တွေ မဲမဲလာပြီး နောက်ပွင့်မဲ့အဖူးလေးတွေပါ ခြောက်ပြီးမပွင့်...

ဖြေကြားချက် 2 ခု

သံချေ ရွက် နတ် ပြောက်ရောဂါကျနေလို့ ဘာဆေးတွေဖျန်းရမှာလဲဗျ

ဖြေကြားချက် 3 ခု

နှင်းဆီပင် ပုံပါအတိုင်းဖြစ်နေလို့ပါ ဘာဆေးသုံးရမလဲ ဘယ်ဆေးအုပ်စုတွေရှောင်ရမလဲ ဖြေပေးစေချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 2 ခု

ဆရာတို့ နှင်းဆီပန်းခုမှစစိုက်မှာပါ ပုံမှန်လေနှင်းဆီပန်း‌က စစိုက်တဲ့အချိန်ကနေ ဘယ်ချိန်လောက်ဆိုခူးလိုရပီလဲဗျ🙏🙏🙏

ဖြေကြားချက် 3 ခု

နှင်းဆီ အရွက်တွေမည်းပြီးကြွေကျလို့ ဘယ်လို ‌ကာကွယ် ကုသရမလဲ အကြံပေးပါအုံးဆရာတို့

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။