အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

ကျနော်ဒေသမှာမိုးစပါးတခုဘဲစိုက်လို့ရပါတယ် ရေကတော့ဒီရေအတက်ကျရှိပါတယ်စပါးခင်းကိုကန်းသင်းမဆည်ကြပါဘူး စပါးးကိုလည်း...

ကျနော်ဒေသမှာမိုးစပါးတခုဘဲစိုက်လို့ရပါတယ် ရေကတော့ဒီရေအတက်ကျရှိပါတယ်စပါးခင်းကိုကန်းသင်းမဆည်ကြပါဘူး စပါးးကိုလည်းကြဲခင်းဘဲစိုက်ကြပါတယ် မျိုးညှောက်ဖောက်တဲ့အခါမှာ စပါးအမြစ်လက်တဆစ်လောက်မှကြဲ ကြပါတယ် ဒါပေမဲ့ဒီappထဲကဆောင်းပါးတော်တော်များများမှာကမျိုးညှောက်ကိုစားပါးစပ်ပြူစလို့ရေးထားတာတွေတွေ့ရပါတယ် အဲဒီနည်း၂နည်းမှာကွာခြားချက်တွေရှိပါသလား နောက်တခုက စပါးခင်းထဲကအပင်တွေရဲ့အမြစ်က မြေပေါ်ကိုနည်းနည်းစီပေါ်နေကြပါတယ် အဲဒါဘာကြောင်းပါလည်း မြေပြင်တဲ့အခါမှာလည်း တမန်းစိမ်းဘဲကြဲကြပါတယ် တမန်းအိပ်အောင်မစောင့်ပါ မြေပြင်အနေထားကတော့ ညီတဲ့နေရာညီပါတယ် မညီတာတွေကများပါတယ် လယ်ပြင်ဧရိယာကလည်း များကြပါတယ်

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

စပါးစေ့များစာပစပ်ပြူရင်ကျဲရင်အစေ့များကိုညီညီညာညာကျဲလို့ရတယ်အမြစ်ရှည်တော့အစေ့များအမြစ်နဲ့ညိပြီးညီညီညာညာမကျဘူးအမြစ်တိုတော့မြန်မြန်မြေထဲတိုးဝင်သွားတော့အမြစ်မြေပေါ်မပေါ်တော့ဘူးအမြစ်ကထိပ်ဖြားမှာဘဲကြီးထွားတဲ့နေရာရှိတယ်တာကြောင့်လက်တဆစ်စာအမြစ်ကမြေပေါ်ပေါ်နေတာတမန်းမှာကျဲတာကောင်းပါတယ်အထူးသဖြင့်မိုးများတဲ့ဒေသဖြစ်လို့ပါ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

စာပါးစပ်ပြူထက် ရှည်ရင်၊ကြဲချိန်မှာ ရှုပ်​ထွေးနိုင်ပါတယ်။လက်ဆမမှန်နိုင်ပါ။ (မရှုပ်ရင်​တော့ ပြသနာမရှိနိုင်ပါ)

233 လွန်ခဲ့သော ၂ နှစ် က

တမန်းအိပ်ငအာင်န့စ်ရက်ငစာင်ပြိးမြ့ကဲပါ

You

ဆက်စပ်မေးခွန်းများ

အခြောက်ကြဲခင်းမှာအတန်းလိုက်တိုက်ရိုက်အစေ့ချနည်းလေးသိချင်လို့ပါ

ဖြေကြားချက် 5 ခု

စိုက်ပျိုးရေးပညာနဲ့ပတ်သက်ပြီးတော့ စပါးတမျိုးတည်းအတွက် လေ့လာချင်ပါတယ် အဲဒါဆိုဘယ်ကနေစပြီးလေ့လာရမလည်း လမ်းညွန်ပေး...

ဖြေကြားချက် 4 ခု

စပါးတိုက်ရိုက်မျိုးစေ့ချနှင့်ပျိုးထောင်စိုက်အသက်ရက် ဘယ်​ေလာက်ကွာ

ဖြေကြားချက် 1 ခု

မဂ္်လာပါ ကျနော့်ရဲ့မေးခွန်းpostတွေကိုအများအားဖြင့်ပြေလေအောင်ဖြေပေးသော စိုက်ပျိုးရေးပညာရှင်ဒို့ဦးလေးအကောင့်...

ဖြေကြားချက် 3 ခု

မိုးစပါး၁၅၀ရက်သားပေါ်ဆန်းမွှေး စိုက်ပျိုးပြုစုပုံအဆင့်ဆင့်နှင့် ဓာတ်မြေဩဇာကျွေးပုံအဆင့်ဆင့်ကိုသိချင်ပါတယ်ဆရာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။