အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,176
လွန်ခဲ့သော ၂ နှစ် က · ပြင်ဦးလွင်

ကာချီလန်လို့ခေါ်တာပါအပင်ပေါက်ခါစစိုရင်အရွက်တွေအကုန်နီးပါးပိုးစားပြီးအပင်တွေပျောက်ပျောက်သွားလို့ဘာပိုးစားမှန်း...

ကာချီလန်လို့ခေါ်တာပါအပင်ပေါက်ခါစစိုရင်အရွက်တွေအကုန်နီးပါးပိုးစားပြီးအပင်တွေပျောက်ပျောက်သွားလို့ဘာပိုးစားမှန်းလဲ ရှာလို့မတွေ့လို့ပါ ဆေးဖျန်းတာလဲ တစ်ရက်တစ်ခါလောက်ဖျန်းရေရတော့ဆေးဖိုးနဲ့မဘွယ်လို့ပါ လမ်းညွှန်ပေးပါဦးဘာဆေးသုံးရမလဲစိုတာကို။

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image

ဖြေကြားချက် ၈ ခု

5,464 လွန်ခဲ့သော ၂ နှစ် က

Apစနေးခရုသတ်ဆေးပတ်ထား

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

အရွက်မှာအပေါက်ငယ်လေးတွေက အနက်ရောင်ကြိုင်းကောင် flee beetle ပိုးစားထားတာ အညွန်းကိုစားထားတာကခရု၊ပက်ကျိစားထားတာခရုကညမှထွက်စားတာညမှာမီးထိုးပြီးရှာဖမ်းပါကျိုင်းကောင်ကိုပိုးသတ်ဆေးဖျနးပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

မာလာမြိုင်မှာ မက်တယ်ဒီဟိုက်၅ဂျီ ရှိတယ်။ အညွှန်းစာပါအတိုင်းဖျန်းပါ

2,176 လွန်ခဲ့သော ၂ နှစ် က

အဲ့ဒ်မျိုးခရုတွေပါဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ခရုကိုက်တာပါ။ စီပူ​တော့ 5G(မက်တယ်ဒီဟိုက်) ဖျန်းပါ

2,176 လွန်ခဲ့သော ၂ နှစ် က

ခရုအကြီးကြီးတွေတော့ရှိတယ်ဗျ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ညမှာ ခရု​တွေလာတတ်သလား..ကြည့်ပါဦး။ ခရုမရှိရင် ကျိုင်းကိုက်တာပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

အရင်ဖျန်းတဲ့​ဆေး​တွေက ဘာအုပ်စုလဲ ဆိုတာပါ ​ရေးရမှာ။ ပရိုဖီနို​ဖော့+လမ်ဘဒါ (ဆလက်ပလပ် ) ​ဆေးတပုံး ၄၀စီစီ ထည့်ပြီး ည​နေစာင်းချိန်ဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။