စပါးအတွက်ဓာတ်မြေသြဇာတွေကလည်းများပါတယ်အနည်းဆုံးသိရသလောက်တောင်NPK၃မျိုးလို့တောင်သိရပါတယ် ဒါပေမဲ့ စျေးနှုန်းတွေက...
စပါးအတွက်ဓာတ်မြေသြဇာတွေကလည်းများပါတယ်အနည်းဆုံးသိရသလောက်တောင်NPK၃မျိုးလို့တောင်သိရပါတယ် ဒါပေမဲ့ စျေးနှုန်းတွေကလည်း စပါးစိုက်သွင်းအားစုနဲ့ဓာတ်မြေသြဇာစရိတ်က စပါးအထွက်နဲ့တောင်လိုက်မီနိုင်မယ်မထင်ပါဘူး ပိုးသတ်ဆေး မှုိသတ်ဆေး ပေါင်းသတ်ဆေးစသဖြင့်ပေါ့ ဒါပေမဲ့ပညာရှင်များခင်ဗျာ မြေခံမြေသြဇာအသုံးချပြီး ယူရီးယားတမျိုးတည်းနဲ့ စပါးအအသီးအောင်စေ့များအောင် ဘယ်လိုအချိန်တွေမှာ ပုလဲကျွေးယင် အောင်စေ့ပိုများနိုင်ပါသလည်း ဥပမာတင်း၁၀၀ထွက်ဖို့မပြောပါနဲ့ဦး တင်း၇၀ တစ်ဧကလောက်ဆိုလည်း မဆိုးတဲ့အနေထားပါ အခုကတင်း၅၀ကိုတောင် ဆုတောင်းရတဲ့ဒေသပါ စပါးစိုက်ပျိုးပညာပေးအဖွဲ့ ကွင်းဆင်းသုသေသနအဖွဲ့တွေကောရှိပါသလား နိုင်ငံတော်မှာ တခါမှလည်း မကြားဖူး ရောက်တာလည်းမမြင်ဖူးပါ အမှန်ဆိုသိတောင်မသိပါ အခုကအင်တာနက်နည်းနည်းလောက်ရလို့ ဝါသနာပါရာ ရှာယင်း အားလုံးသူကိုလေးစားလျက်ပါ