အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၇ နှစ် က

သဘာဝပိုးသတ်ဆေး ဖေါ်စပ်သုံးစွဲပုံ

စိုက်ပျိုး ဗဟုသုတ ရှောက်
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

ပင်လုံးပြန့်ပိုးသတ်ဆေး ဒီတစ်ခါတော့ လွယ်လွယ် ကူကူ ဖျော်စပ် အသုံးပြု နိုင်တဲ့ ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေး တစ်မျိုး ကို ဖော်ပြပေး လိုက်ပါတယ်။ Green Way ရဲ့ Facebook Page မှာလည်း စိုက်ပျိုးသူ တစ်ယောက်က မေးထား တာနဲ့ အားလုံး အတွက် လည်း အသုံးဝင် နိုင်မယ်လို့ ယူဆပြီး ရေးသား လိုက်ရပါတယ်။ ပါဝင်သောပစ္စည်း ကြက်သွန်ဖြူ - ၃ ကျပ်သား ရေနံဆီ - (၁-၂) ဇွန်း ငရုပ်သီးစိမ်းအရင့် - ၁ ကျပ်ခွဲသား ဂျင်း - ၁ ကျပ်ခွဲသား ရေ - ၃ လီတာ (ရေသန့်ဗူး ၃ ဗူး) ပြုလုပ်ပုံ နှင့် သုံးစွဲနည်း · ကြက်သွန်ဖြူ (၃) ကျပ်သားကို ညက်အောင် ထောင်းပြီး ရေနံဆီ (၁)ဇွန်း နှင့် တစ်ည စိမ်ပါ။ · ငရုပ်သီးစိမ်းရင့် တစ်ကျပ်ခွဲသား နှင့် ဂျင်း တစ်ကျပ်ခွဲသား ကို ညက်အောင် ထောင်းထားပါ။ · ရေ (၁) လီတာ မှာ ရွှေဝါဆပ်ပြာ ကွမ်းသီးလုံးခန့် ကို ရော၍ ဖျော်ပါ။ (အရည်-၁) · ကြက်သွန်ဖြူ နှင့် ရေနံဆီ အရောကို ရေ (၁)လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၂) · ထောင်းပြီးသား ငရုပ်သီးစိမ်း နှင့် ဂျင်း အရောကို ရေ (၁) လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၃) · အရည် သုံံးမျိုးလုံးကို ရောစပ်၍ ပိုးကျသော စိုက်ခင်းမှာ ပက်ဖျန်း နိုင်ပါသည်။ · ပင်လုံးပြန့် အာနိသင်ရှိ၍ သီးလုံး ဖောက်ပိုး၊ ထွာကောင်၊ ခူကောင် များ အတွက် အထူး သင့်တော် သောဆေး ဖြစ်ပါသည်။ မှတ်ချက်။ ။ ရေ ထပ်ရော စရာ မလိုပဲ အသင့် ပက်ဖြန်း နိုင်သည့် အသင့်သုံး ပိုးသတ်ဆေး ဖျော်ရည် အမျိုး အစား ဖြစ်ပါသည်။ Green Way အတွေ့ အကြုံ အရ ခြံ ကျဉ်းကျဉ်း လေးမှာ သာ ပက်ဖြန်း ဖူး ပါ သည်။ အောင်လည်း အောင်မြင်ပါသည်။ ဧက အကျယ် ကြီးများ အတွက် မူ မိမိ ကိုယ်တိုင် စမ်းသပ် ပြုလုပ် နိုင် ပါသည်။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

ပြင်ဆင် အသုံးချနည်း ပင်စိမ်းရွက် စစ်ထုတ်ရည်(ကြိတ်ရည်) - စစ်ထုတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် အခြားသစ်သီးပင်များတွင် ကျရောက်သည့် ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌ မေ့မြော့ အာနိသင် ရှိပြီး၊ အကောင်ကြီးများပေါ်၌ ဟန့်တား အာနိသင် ရှိသည်။ ယင်းအာနိသင်သည် (၉၀) ရာခိုင်နှုန်း ထိရောက်မှုရှိသည်။ စစ်ထုတ်ရည် တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆) ကျပ်သား လိုအပ်သည်။ အရွက်များကို ရေတွင် တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကို ကြိတ်နယ်(ထောင်း) ၍အရည် ကို စစ်ချ (ညှစ်) ယူပါ။ ယင်းကို ဆပ်ပြာရည် (၃ - ၄) စက်ခန့် ရော၍ သမအောင်မွှေပြီး နောက် တိုက်ရိုက်ပက်ဖြန်း အသုံးပြုနိုင်ပါသည်။ အရွက်ထွင်းပိုးများအတွက် အသုံးပြုရန် အကြံပြုချက် အရွက် (၁၂) ကျပ်သားကို ကြိတ်နယ်ပြီးရသောစစ်ရည်ကို ရေတစ်ပုလင်းတွင် ရောမွှေ၍ ပက် ဖြန်းပါ။ အသေးစိတ်ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ https://greenwaymyanmar.com/posts/basil-pesticide

116 လွန်ခဲ့သော ၇ နှစ် က

သဘာဝပိုးသတ်ဆေး

You

ဆက်စပ်မေးခွန်းများ

ရှောက်ပင်လေးတွေအပျော်တမ်းစိုက်ထားတာ ပုံထဲကအတိုင်းဖြစ်နေလို့အပင်မတက်တော့ဘူး။ဘာဆေးဖြန်းရမလဲအကြံပေးပါ ခင်ဗျား။

ဖြေကြားချက် 4 ခု

ရှောက်တွေပိုးကျပါတယ် ရာသီဥတုကြောင့် လားမြေဆီလွှာကြောင်လားသိချင်ပါတယ် ပိုးကောင်ရှာမတွေ့ပါ အပင်ရဲ့အရွက်ကအရောင်...

ဖြေကြားချက် 1 ခု

ရှောက်ပင်ပေါင်းမြက်များနေလို့ဘယ်ရွေးချယ်ပေါင်းသတ်ဆေးသုံးရမလဲ

ဖြေကြားချက် 4 ခု

ရှောက်ပင် က. ကိုင်းကူးလို့ရလားဗျ ကိုင်းကူးရရင် ဘယ်လိုလုပ်ကတယ်ဆိုတာကို ရှင်းပြပါလားဗျ ကျွန်တော်က. စိုက်ပျိုးရေး...

ဖြေကြားချက် 1 ခု

တောရှောက်ခါးသီးပင် စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးနည်းလေးသိချင်ပါတယ်။ ဈေးနှုန်းလေးကို english လေးနဲ့သိချင်ပါတယ်။

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။