မိုးစပါးတစ်ရာသီမှာပေါင်းသတ်ဆေးဘယ်နှစ်ကြိမ်လောက်ဖျန်းလို့ရပါသလဲဆရာပထမတစ်ခါဖျန်းတာပေါင်းအကုန်မသေလိုပါဆရာအကြံပေးပါအုံးဆရာ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂၅ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေရာကွက်ကျားမိုးရွာ
ပေါင်း မြက်တွေကို ပေါင်းသတ်ဆေး၁ကြိမ်ဖျန်းရုံနဲ့ အပြီးမရှင်းနိုင်ပါ။ ရေနဲ့သတ်ခြင်း၊ထွန်နဲ့သတ်ခြင်း၊ပေါင်းအုပ်ဆေးဖျန်းခြင်း၊နောက်ဆုံးမနိုင်ရင် ပေါင်းသတ်ဆေးဖျန်းခြင်း..စတဲ့ အဆင့်ဆင့် ကာကွယ်နိုင်မှ အဆင်ပြေပါမယ်။ နောက်ပြီး..ပေါင်းတွေမှာ၊ဘယ်ပေါင်းတွေက ဘာaiနဲ့ဖျန်းရတယ်..ဆိုတဲ့ ပေါင်းအမျိုးအစားနဲ့ ဆေးaiတွေကိုလဲ သိထားဖို့လိုပါမယ်။
မိုးစပါးမှာပေါင်းသတ်ဆေးချန်းချိန်သတာမှတ်ရန်မလွယ်ကူပါအချို့ပေင်းပင်တွေကအရွက်ထိအောင်ပေါင်းသတ်ဆေးဖျန်းရင်ရေအောက်မှာနှင်းမြေထဲမှာရှီိတဲ့အပင်ပိုင်ဆိုင်ရာများပါသေတယ်အချို့အပင်တွေကဆေးထိတဲ့ဟာတွေဘဲသေတယ်ဒါကြောင့်ပေါင်းသတ်ဆေးကိုအကောင်းဆုံးအချိန်ပေါင်းပင်သိပ်မထူခင်ပေါင်းသတ်ဆေးကိုနှံ့အေင်ဖျန်းပေးရင်တစ်ကြိမ်နဲ့လုံလောက်နိုင်ပါတယ်နောက်ပိုင်းမိုးများလာရင်လဲဖျန်းလို့မကောင်းတော့ပါစပါးပင်များလဲကြီးနေရင်နေရောင်မရ၍ပေါင်းလဲမထနိုင်တော့ပါတာကြောင်းမြေပြင်ချိန်ထဲကပေါင်းသေအောင်တမန်းပုတ်အောင်ထားရင်ပေါင်းသတ်ဆေးတစ်ကြီမ်နဲ့့လုံလောက်နိုင်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့s metolachlorကဘယ်လိုအခြေနေမှာဆေးထိရောက်လဲခင်ဗျာ နေပးရက်မှာဆေးဖျန်းမိလို့ပေါင်းပန်မသေလို့ပါခင်ဗျာ
ဖြေကြားချက် 1 ခု
ရေမချိုးမြက်ပါ စပါးက ၁ လ သား ဘယ် ပေါင်းသတ်ဆေး သုံးရမလဲ လမ်းညွှန်ပေးပါ ခင်ဗျာ
ဖြေကြားချက် 1 ခု
ကဇွန်းပင်နဲ့ဆေးမြင်ခွာပင်များ ထူထပ်စွာ ပေါက်နေပါတယ် ဘယ်လိုသတ်ရမလဲ၊ဘာဆေးသုံးသတ်ရမလဲ ဖြေဆိုပေးစေလိုပါတယ်။
ဖြေကြားချက် 1 ခု
စပါးပေါင်းသတ်ဆေးနှစ်မျိုးလောက်ရောစပ်ပက်ဖျန်လို့ရပါသလားဆရာဥပမာပေါင်းဝေးနဲ့ဒီမင်း=နောက်ပြီးတော့ပေါင်းဘုရင်မနဲ့ဒီ...
ဖြေကြားချက် 3 ခု
စပါးအခြောက်ကျဲခင်းမှာရောအစိုတမန်းကျဲခင်းတွေမှာတွေ့ရတဲ့မျက်တစ်မျိုးရှိပါတယ်ဆရာဒေသအခေါ်ကတော့သုံးပင်ခွလို့ခေါ်ကြ...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။