အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၁ နှစ် က · မြဝတီ

ကိုက်လန်ပျိုးရက်ဘယ်လောက်ကြာနိုင်မလဲရှင့် တစ်ခါမှမစိုက်ဖူးလို့ပါ အိမ်မှာဟင်းစားအတွက်စိုက်တာမလို့စိုက်ပျိုး‌ဖို့...

ကိုက်လန်ပျိုးရက်ဘယ်လောက်ကြာနိုင်မလဲရှင့် တစ်ခါမှမစိုက်ဖူးလို့ပါ အိမ်မှာဟင်းစားအတွက်စိုက်တာမလို့စိုက်ပျိုး‌ဖို့အတွက်ဘာတွေလိုအပ်မလဲရှင့် အကြံပေးကြအုန့်နော့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ အများအားဖြင့် နေသာ
စိုက်ပျိုးနည်း ကိုက်လန် ကိုက်လန်စိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁ နှစ် က

နေရောင်အမြဲရတဲ့ ခြံဝန်းကျယ်တနေရာမှာ၊ ၃ ​ေပအကျယ် ၊၈လက်မအမြင့်၊၁၀ပေခန့်အရှည်၊ေမြဘောင်ပြုလုပ်ပေးပါ။ ဘောင်ပေါ်ကို မြေဆွေး+စက်ဖွဲပြာရောပြီး မူလမြေနဲ့သမပါ။ မြေညှိပြီးရင် ရေဝအောင်ဖျန်းပေါ။ မြေဖန့်ပြီဆိုရင်၊ဘောင်ပေါ်ကို စိုက်ကြောင်း ၂ကြောင်းဆွဲပြီး မျိုးစေ့လေးတွေ တစေ့ချင်းချစိုက်ပါ။ မျိုးစေ့လေးတွေပေါ်ကို သဲပါးပါးဖြူးပေးပါ။ ညနေတိုင်း ရေပါးပါး ဖျန်းပေးပါ။ ၁ပတ်ခန့်ကြာရင်အပင်လေးတွေပေါက်ပါမယ်။ ၃၊၄ရွက်အရွယ် ရောက်ရင်၊ပင်ကြား ၆လက်မထားပြီး၊ကြားက အပင်တွေကို ၊တခြားဘောင်အလွတ်ပေါ် ခွဲစိုက်ပါ။ စိုက်ပြီး၁လ၊၄၅ရက်ဆို ခူးစားလိူ့ရပါတယ်။

349,556 လွန်ခဲ့သော ၁ နှစ် က
You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။