အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
446
လွန်ခဲ့သော ၁ နှစ် က · အင်္ဂပူ

ကူညီပါအုံးဆရာတို့ခဗျ ပုံပါအတိုင်းပါ သေနေတယ်ဗျာ ခုနေကတော့အနည်းအပါးပေါ့ ဘေးပတ်ဝန်းကျင်ကအခင်းတွေကတော့ ေတာ်တော်...

ကူညီပါအုံးဆရာတို့ခဗျ ပုံပါအတိုင်းပါ သေနေတယ်ဗျာ ခုနေကတော့အနည်းအပါးပေါ့ ဘေးပတ်ဝန်းကျင်ကအခင်းတွေကတော့ ေတာ်တော်များများဖျက်ကုန်ကြတယ် မြောက်လေလည်း တော်တော်တိုက်ပါတယ် အကြုံပြုပေးကြပါအုံး

ပိုးမွှားရောဂါ ခရမ်းချဉ် စိုက်ပျိုးဗဟုသုတ
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၁ နှစ် က

အဲဒါဆိုရင်တော့၊ဘက်တီးရီးယားပင်ညှိုးရောဂါဖြစ်နိုင်ပါတယ်။ ကုသဖို့ခက်ပါတယ်။ကော့ပါးဟိုက်ဒြောက်ဆိုဒ် ၅ဇွန်း+တက်ထရာဆိုက်ကလင်း ၁၀ဂရမ် /ဆေး၁ပုံးနုန်း သိသိချင်းဖျန်းသင့်ပါတယ်။

446 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ဆရာ အပင်မှာ အကိုင်းအခတ် ၂ကိုင်းရှိတယ်ဆိုပါဆို့ တစ်ကိုင်းက စိမ်းစိုပြီးနောက်တစ်ကိုင်းက ညိုးတယ် နောက်မှ အပင်တစ်ပင်လုံးညိုးပြီးသေတယ် အမြစ်ကလည်း ပုံမှန်ပဲ အကိုင်းအခတ်မှာလည်းအနာအဆာမရှိဘူး ပင်စည်ကလည်း စိမ်းစိုနေတယ် စညိုးတဲ့အကိုင်းကလည်း အနာမရှိဘူး ကျွန်တော်တို့ဘက်မှာ အဲ့လိုအဖြစ်များတယ် များသောအားဖြင့် အသီးအပွင့်ဝင်မှ အသေမြန်တယ် သေနှုန်းများလာတယ်

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၁ နှစ် က

သေရတဲ့အကြောင်းရင်း သိမ် အကြံပေးနိုင်မှာပါ။ ဥပမာ။လေတိုက်လို့လဲကျပြီးရတဲ့ဒဏ်ရာကြောင့်သေတာလား?။ ရောဂါတခုခုကြောင့်ညှိုးပြီးသေတာလား ရှင်းအောင်ရေးပါဦး။ လေတိုက်လို့ဆိုရင်တော့၊အထိန်းတိုင်စိုက်ပြီး ကြိုးတန်းပစ်ပြီးထိန်းထားရပါတယ်။

347,513 လွန်ခဲ့သော ၁ နှစ် က

မြေဆောင်မှိုကြောင့်အမြစ်ပုပ်/ပင်ခြေပုပ်ရောဂါဖြစ်နိုင်ပါတယ်ခင်ဗျာTebuconazole/Carbendazim ဆေးတစ်မျိုးမျိုးကိုအပင်ခြေစိုရွှဲနေအောင်ဖျန်းပက်ပေးပါခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။