အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
400
လွန်ခဲ့သော ၁ နှစ် က

ကျနော့်မြေပဲခင်းက ၅၀ ရက်သားရနေပါပြီ လွန်ခဲ့တဲ့တပတ်က chlorantraniliprole25%+thiamethoxam25% ပက်ပြီး ၂ရက်အကြာမှာ...

ကျနော့်မြေပဲခင်းက ၅၀ ရက်သားရနေပါပြီ လွန်ခဲ့တဲ့တပတ်က chlorantraniliprole25%+thiamethoxam25% ပက်ပြီး ၂ရက်အကြာမှာ ယူနတီ မှိုဆေးဖျန်းထားခဲ့ပါတယ် မြေပဲက ခုထိ ခေါင်ညွှန့်ကိုကိုက်စားနေတုန်း ငမြှောင်တောင်တေက ဆရာ နောက်၁လခွဲလောက်ဆို မြေပဲက နုတ်ရတော့မှာ ပိုးသတ်မဖျန်းတော့ဘဲ နေရင် ရပြီလား မှိုဆေးကရော ဆက်ဖျန်းရဦးမလားဆရာ ဘာဆက်လုပ်ရမလည်း အကြံပေးပါဦးဗျ

ပိုးမွှားရောဂါ မြေပဲ စိုက်ပျိုးဗဟုသုတ
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

642 လွန်ခဲ့သော ၁ နှစ် က

ရိတ်ခါနီး၁၅ရက်အလိုမှသာဖြန်ပါ သိုလှောင်ချိန်အတွက်ပါ အဆင်ပြေပါလိမ့်မယ်

400 လွန်ခဲ့သော ၁ နှစ် က

ဆရာခင်ဗျ မှိုဆေးက ပက်ထားတာ၅ရက်လောက်ရှိပီ လောလောဆယ်ပက်ရမလားခင်ဗျ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁ နှစ် က

အရွက်စားပိုးကို လွှတ်ထားလိုက်ပါ။ ပရိုပီကိုနာဇိုး ၁ကြိမ်လောက်ဝင်လိုက်ပါ။ ရပါပြီ

348,301 လွန်ခဲ့သော ၁ နှစ် က

ပိုးသတ်ဆေးရောမှိုဆေးရောဖျန်းသင့်ပါတယ်ခင်ဗျ ငမြောင်တောင်နှိမ်နင်းဖို့Emamectinbenzoate+Lufenuronဖျန်းပေးပါ။မြေပဲရွက်နက်ပြောက်ရောဂါအတွက်ကတော့Difenoconazoleပါဝင်သောဆေးဖျန်းပေးပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။