စပါးဝါတာဘာကြောင့်လဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၇၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက် ပင်စည်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
အဖြေစုံပါပေတယ်ကျေးဇူး...
စပါဖျက်ပိုးများအတွက် ပိုးသတ်ဆေးကတ်တလောက်ဘယ်လိုဝယ်ရမလဲ
ဒီအဖြေကိုသဘောကျတယ် ဖြေးဆိုမှုအရမ်းတော်တယ် လေးစားပါတယ်
#စပါးရွက်ဖျားခြောက်/အပင်ဝါအဖြေရှာခြင်း🌾 '''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''' မိတ်ဆွေတို့ စပါးခင်းတွေမှာ ယခုနှစ်ပိုင်းတွေမှာ အရွက်ဝါခြင်း၊ အဖျားခြောက်ခြင်းနှင့် ဖြုတ်ပိုးများကျရောက်ခြင်းတို့ကြောင့် အချို့လယ်တွေ ဘက်တီးရီးယားရွက်ခြောက်ကျခြင်း၊ ရွက်ဖုံးပုပ်/ ရွက်ဖုံးခြောက်ကျကြခြင်းနှင့် စပါး ဂုတ်ကျိုးရောဂါဝင်ခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရပါတယ်။ စပါးပင်ရဲ့ ပင်ပြလက္ခဏာကိုကြည့်ပြီး👈 - အချို့က ပေါင်းသတ်ဆေးလောင်တာပါတဲ့။ - အချို့က ဖြုတ်ကြောင့်ပါတဲ့။ - အချို့ကျတော့ ဘက်တီးရီးယားရွက်ခြောက် စသဖြင့်....စသဖြင့်....မိမိ ထင်မြင်ချက်အပေါ် ကောက်ချက်ချပြီး မှိုဆေး/ပိုးသတ်ဆေး/ဘက်တီးရီးယားဆေး ဖျန်းပြီး အသည်းအသန် ကုသကြရပါတယ်။ စပါးပင်က အများအမြင်အရ ထူးမခြားနား ဘာကြောင့်လည်း...(သုံးသပ်ကြည့်ကြရအောင်) #အရွက်ဝါတယ်/ အဖျားခြောက်တယ်/ အပင်မထဘူး /ပုလဲပက်ရင် ပိုဆိုးလာတယ်/ မထူးဘူး စသဖြင့်တွေ့ရတယ်...... #အကြောင်းရင်းက ပိုးလား??...ရောဂါလား??.....အာဟာရလား??....🤔🤔 ၁။ ဖြုတ်စိမ်း/ဖြုတ်ညိုကြောင့်ဖြစ်ခြင်း🕷🐜🐜 """"""""""""""""""""""""""""""""""""""""'''''''''''''''''''''''''''''''''''''''''''''''''''''''''''''"'''''''''''''''''''''''' 🔸ဖြုတ်ကြောင့်ဆိုရင် ရှင်းပါတယ်။ အပင်ကိုလက်နဲ့ပုတ်ရမ်းလို့ အကောင်လေးတွေပျံတာတွေ့ရမယ်။ အပေါ်အရွက်တွေမှာတွေ့ရင် ဖြုတ်စိမ်း (leaf hopper)👈👈 အပင်ခြေ/ရေအစပ်မှာတွေ့ရင် ဖြုတ်ညိုတွေပါ။ (အပင်ခြေ အောက်ပိုင်း ဖြဲရှာမှ တွေ့ရတတ်ပါတယ်။ဆိုးရွားတဲ့အခြေအနေမှာတော့ စမတ်ကြပ်ခိုးတွေမဲနေတာတွေ့ရပါတယ်။)👈👈 #ဖြုတ်ဆေးဖျန်းရမှာပါ။☑☑☑ (ဗိုက်တာဂရို၊ စက်ကင်းရှယ်)💯💯💯 ၂။ ဘက်တီးရီးယားရွက်ခြောက်ရောဂါကြောင့်ဖြစ်ခြင်း(BLB) 🔸Blbရောဂါကြောင့်ဆိုရင် အရွက်ဝါမယ်/အဖျားခြောက်မယ်။ အရွက်ဖျားကစပြီး၊ ရွက်နားတလျောက်၊ ရှည်လျားပြီး မညီမညာ ကွက်/ဝါခြောက်လာမယ်။ ဘက်တီးရီးယားရောဂါအပင်ကောင်းတဲ့နေရာက စဖြစ်တယ်။ တစ်နေရာမှ တစ်နေရာကို လေ/ ရေနဲ့ ကူးစက်မြန်တယ်။ ယူရီးယားကျွေးရင် ပိုဆိုးမယ်။ အမြစ်နုတ်ကြည့်ရင်အကောင်းအတိုင်းပဲ။ ဒါဆိုရင်တော့..... #ဘစ်စမာသိုင်ယာဇိုး(ဖာတီဇို )မြန်မြန်ဖျန်းပါ💯 အဲသလိုလည်းမဟုတ်ဘဲ........ 🔸 ဖြုတ်လည်းမရှိဘူး။ အရွက်ဖျားလည်းမခြောက်ဘူး။ အရွက်ဝါတယ်/ အောက်ရွက်ဟောင်းတွေက စဝါတယ်။ ပုလဲကျွေးကျွေးမဖြုံဘူး။ အမြစ်နုတ်ကြည့်ရင်.....အမြစ်သစ်မထွက်ဘူး။ အချို့ရဲနေမယ်၊ အချို့မဲညို့နေမယ်၊ ရေနေလည်းကြာမယ်ဆိုခဲ့ရင်တော့......... (မှိုသတ်ဆေးဖျန်းမနေပါနဲ့.....ရောဂါမဟုတ်ပါ။) ၃။ ဇီဝကမ္မကမောက်ကမဖြစ်ခြင်း သက်မဲ့( Abiotic)ကြောင့်ဖြစ်တဲ့ လက္ခဏာပါ။⏪⏪ - အောက်ရွက်တွေက စဝါ/ခြောက်လာတယ်။ - ရေနဲ့ထိတဲ့ ပင်စည်နေရာတွေညိုပုပ်နေတယ်။ - အမြစ်နုတ်ကြည့်ရင် အမြစ်သစ်မထွက်ဘူး။ - အမြစ်တွေ ညိုမဲနေတယ်။ - ဟိုက်ဒြိုဂျင်ဆာလဖိုဒ်(H2S) အဆိပ်သင့်ခြင်း (နေပူ/ ရေပူ/ တမန်းပူလောင်တယ်လို့လည်း ခေါ်ကြတယ်။) #ဖြစ်ရခြင်းအကြောင်းရင်းတွေက.......... > မြေချဥ်ငံကိန်း နိမ့်နေခြင်း > တမန်းမပုပ်/မဆွေးပဲ ကမန်းကတမ်းစိုက်ခြင်း၊ > ကောက်ချက်နက်ခြင်း၊ ကောက်ပင်နာခြင်း၊ > ရေလှောင်များခြင်း/ ကြာခြင်း၊ > နေ့အပူချိန်မြင့်ခြင်း စတဲ့အချက်တွေကြောင့်စပါးပင်အမြစ်တွေ အပူလောင်ပြီး အောက်စီဂျင်ပြတ်၊ အစာငတ်ကာအာဟာရပေါင်းစုံ (ပိုတက်စီယံ၊ မဂ္ဂနီစီယံ၊ ကယ်လစီယံ၊ ဖော့စဖိတ်)....ချို့တဲ့တော့တာပါပဲ။ အဲသလိုဖြစ်နေရင် ဘာလုပ်ရမလဲ???? ▪ ရေထုတ်လို့ရရင် ရေထုတ်ပါ။ (စပါးအမြစ်လေးတွေ လေရှူနိုင်မှ အမြစ်သစ်ထွက်မှာပါ) ▪ ဂျစ်ပဆန်(ရီဗိုက်-၁ဧက/၁အိတ်)နဲ့ ပိုတက်ချ် (၁ဧက/အိတ်ဝက်) ရောပက်ပါ။ ▪ ရေပါးပါးပြန်သွင်းပါ ▪ အရွက်လေးတွေ စိမ်းလာရင် ကွန်ပေါင်းမြေသြဇာ (စမတ် သီးစုံ19-7-8 ဟူးမစ်)ကျွေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရက်၉၀၊ ၂၉ ရက်သား ရွက်ဖျားလေးတွေခြောက်နေလို့ပါ၊ တီစူပါ ပေါ်တက် မြေခံမှာထည့်ပြီး၊ N ၁၅ ရက်သားမှာတစ်ကြိမ်၊ ဒုအ...
ဖြေကြားချက် 2 ခု
စပါးပင်တွေတအားအဖျားတွေခြောက်နေပါတယ်ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ဘာလုပ်သင့်လဲ အကြံပေးပါ့ဦး ဆရာတို့ရေ အဖျားခြောက်သလို့ဖြစ်နေလို့ဗျ မိုးရေသောက် လယ်တွေပါ ရေငတ်ထားတာလဲ ကြာပီဗျ အ...
ဖြေကြားချက် 1 ခု
စံပြ ၁၅း၇း၈ မြေဇီကို ဝယ်ထားပါတယ်ဆရာတို့ရေ ဘယ်ချိန်မှာကျွေးရင်သင့်တော်မလဲဗျ အပင်ငယ်ပင်ပွားချိန်ကိုတော့ နွားချေး...
ဖြေကြားချက် 1 ခု
မဖောက်ထုံးနဲ့ကန့်ကစပါးဂုတ်ကျိုးမှိုရောဂါကိုအသုံးပြုလို့ရပါသလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။