အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၁ နှစ် က

ပိုးသတ်ဆေးများ နှင့် နှိမ်နင်းနိုင်သောပိုးများ `````````````````````````````````````````````````` စုပ်စားပိုးနှင့် ကိုက်ဖြတ်စားပိုးများ ဟူ၍ အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါသည်။ဖော်ပြဆေးများနှင့် နှိမ်နင်းနိုင်သောပိုးများ စာရင်းသည် ယေဘုယျအခြေခံသဘောတရားများသာ ဖြစ်ကြပါသည်။ ပိုးသတ်ဆေးအသုံးပြုတော့မည်ဆိုပါက နီးစပ်ရာစိုက်ပျိုးရေးပညာရှင်များထံတိုင်ပင်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ ပိုးသတ်ဆေး တစ်မျိုးတည်းကို သီးနှံရာသီတလျှောက် သုံးကြိမ်ထက်ပိုသုံးခြင်းမျိုးရှောင်ကြဉ်ကြစေချင်ပါသည်။ ပိုးသတ်ဆေးသုံးစွဲဖို့ အကြမ်းဖျင်းချဉ်းကပ်နည်းဟု ခေါ်ဆိုနိုင်ပါသည်။ မိမိစိုက်ခင်းတွင် ကိုက်ဖြတ်စားပိုး ကျလို့ အရွက်တွေ အပေါက်ဖြစ်တာ ၊ စုတ်ပျက်နေတာမျိုး ကို စုပ်စားပိုးအထူးပြုဆေးမျိုုးကို သုံးရန်ချဉ်းကပ်မိတာမျိုးမဖြစ်စေလို၍ စုဆောင်းတင်ပြရခြင်းဖြစ်ပါသည်။ တောင်သူဦးကြီး များ ပိုးရန်ကင်းကွာ၍ သီးနှံအထွက်တိုး ဈေးကောင်းရပါစေကြောင်း ဆုတောင်းရင်း ဤစာရင်းလေးမှ တဆင့်အကျိုးတစ်စုံတစ်ရာ ရသွားပါက အတိုင်းမသိ ဝမ်းသာမိမှာဖြစ်ကြောင်းကိုလည်း တင်ပြချင်ပါသည်။ လက်လှမ်းမီရာစုဆောင်းပြုစုထားခြင်းဖြစ်ပါသည်။ ဤစာရင်း၌ မပါဝင်သော ဆေးများစွာလည်း ရှိနေပါသေးသည်။ ၁။ Acephate(အဆီဖိတ်) ပျ၊ လှေး၊ ရွက်ထွင်းပိုး၊ ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး။ ၂။Acetamiprid(အဆီတာပီပရစ်) ယင်ဖြူ၊ပျ၊လှေး၊စိန်ကွက်ဖလံ၊အသီးထိုးဖလံ၊ပိုးစေးနဲ၊၂၈ပြောက်ကျိုင်း၊ရွက်ထွင်းပိုး။ ၃။Abamectin(အဘာမက်တင်) မွှားပင့်ကူနီ၊စိန်ကွက်ဖလံ၊လှေးပိုး၊ယင်ဖြူ၊ပိုးစေးနှဲ၊အကြေးပိုး၊ရွက်ထွင်းပိုး၊ငမြှောင်တောင်၊ ပိုးစိမ်းကောင်၊ရွက်လိပ်ရွက်ကပ်၊ရှောက်လိမ္မော်ရွက်ထွင်းပိုး။ပင်စည်ထိုပိုး၊ ဖြုတ်စိမ်း။ ၄။Afidopyropen(အေဖီဒိုပိုင်ရိုပန်) ပျ၊ယင်ဖြူ၊အကြေးပိုးများ၊ရှောက်သံပုရာအကြေးပိုး ၅။Amitraz(အေမီထရက်) ယင်ဖြူ၊မွှားများ၊သစ်တော်သီးကျိုင်း ၆။Bifenthrin(ဘိုင်ဖန်သရင်) ယင်ဖြူ၊ပျ၊လှေး၊ပိုးလောက်ကောင်များ ၇။Bensultap(ဘန်ဆားတပ်) ရွက်လိပ်၊ကျိုင်း၊ရွက်ထွင်း၊သီးလုံးဖောက်၊ ပျ၊ လှေး၊ ဖြုတ်၊ ယင်ဖြူ ၊ မွှားပင့်ကူ/နီ ပိုး ၊ ပိုးစေးနှဲ။ ၈။ Buprofezin(ဗျူပရိုဖီဇင်) ပိုးစေးနဲ၊ဖြုတ်၊ယင်ဖြူ ၉။Carbosulfan(ကာဘိုဆာဖန်) ပျ၊လှေး၊ဖြုတ်၊ရွက်လိပ်၊ဆစ်ပိုး၊လောင်မီး၊နီမတုတ် ၁၀။Clothianidin(ကလိုသီရာနီဒင်) ပျ၊ဖြုတ်၊လှေး၊ ၁၁။Chlorfenapyr(ကလိုဖီနာပျာ) လှေး၊ခြ၊မွှား။ ၁၂။Cartap hydrochloride(ကာတက်ဟိုက်ဒရိုကလိုရိုဒ်) စပါးဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ စိန်ကွက်ဖလံ၊ ယင်ဖြူ၊ ရွက်လိပ်ပိုး၊ ခေါင်ညွန့်ထိုးပိုး၊ လှေး၊ ရွက်ထွင်း၊ နီမတုတ်။ ၁၃။Cyromazine(ဆိုင်ရိုမာဇင်း) ယင်အုပ်စုမှပေါက်ပွားသော လောက်ကောင်ပိုးများ ကြီးထွားမှုကို ဟန့်တားပါသည်။ ၁၄။Chlorantraniliprole(ကလိုရန်ထရန်နီလီပရိုး) ပွင့်ထွေး၊ငမြောင်တောင်၊သီးလုံးဖောက်နှင့် ကိုက်ဖြတ်ဝါးစားပိုးများ ၁၅။ Cyantraniliprole(ဆိုင်ရန်ထရန်နီလီပရိုး) ရွက်ထွင်းပိုး၊လှေး၊ကိုက်ဖြတ်ဝါးစားပိုးလောက်ကောင်များ ၁၆။ Deltamethrin(ဒယ်တာမီသရင်) ဝါ၊စပါး၊ဟင်းသီးဟင်းရွက်၊သစ်သီးပင်များ၊လက်ဖက်နှင့် ဆေးရွက်ကြီးခင်းများတွင် ကျရောက်တတ်သောပိုးများ ၁၇။Dinotefuran(ဒိုင်နိုတီဖျူရန်) ပျ၊ယင်ဖြူ၊လှေး၊ဖြုတ်၊ရွက်ထွင်းပိုး၊ကျိုင်းကောင်များ၊ပိုးစေးနဲ ၁၈။Ethiprole(အီသီပရိုး) ပျ၊ဖြုတ်၊လှေး၊ကျိုင်းများ၊ယင်ကောင်မှပေါက်သောလောက်ကောင်များ၊ဓါးခုတ်ကောင် ၁၉။ Emamectin benzoate(အီမာမက်တင်ဘင်ဇိုအိတ်) ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ပွင့်ထွေးပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ရွက်ထွင်း၊ သီးလုံးဖောက်ပိုး ၂၀။Flubendiamide(ဖလူဗန်ဒိုင်အေမိုက်) ကိုက်ဖြတ်ဝါးစားပိုးများဖြစ်သော လိပ်ပြာဖလံအုပ်စုဝင်များမှ ပေါက်ပွားသော ပိုးလောက်ကောင်များ အစာစားချင်မှုကို ဟန့်တား၍သေစေပါသည်။ ၂၁။ Fenobucarb(ဖီနိုဗျူကပ်) ဖြုတ်များ ၂၂။ Formetanate(ဖော်မီတာနိတ်) လှေး၊မွှားပင့်ကူ ၂၃။ Fipronil(ဖစ်ပရိုနေး) လှေး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ပျ၊ စပါးဆစ်ပိုး ၂၄။ Flypyradifurone(ဖလူပိုင်ရာဒီဖျူရုန်း) ပျ၊ယင်ဖြူ ၂၅။ Flonicamid(ဖလိုနီကာမစ်) ပျ၊ယင်ဖြူ၊လှေး ၂၆။ Indoxacarb(အင်ဒိုဇာကပ်) လိပ်ပြာဖလံပိုးလောက်ကောင်များ ၂၇။Profenofos(ပရိုဖီနိုဖော့စ်) ပွင့်ထွေး၊ငမြောင်တောင်၊ဝါပျပိုး၊ယင်ဖြူ၊မွှားပင့်ကူများ၊အပင်ဂျပိုးများ။ ၂၈။ Pymetrozine(ပိုင်မီထရိုဇင်း) ပျ၊ယင်ဖြူ၊စပါးဖြုတ်ညို ၂၉။ Spinetoram(စပိုင်နီတိုရမ်) လိပ်ပြာဖလံများမှ ပေါက်သောလောက်ကောင်များ၊ရွက်ထွင်း၊ပျ ၃၀။Spiromesifen(စပီရိုမက်စီဖန်) ယင်ဖြူ၊မွှားပင့်ကူများ။ ၃၁။ Spirotetramat(စပီရိုတက်ထရာမက်) ပျ၊ယင်ဖြူ၊ပိုးစေးနဲ ၃၂။ Thiocyclam(သိုင်ရိုဆိုင်ကလန်) ပျ၊ယင်ဖြူ၊ဖြုတ်၊မွှားပင့်ကူများ၊ပိုးလောက်ကောင်များ ၃၃။ Triflumezopyrim(ထရိုင်ဖလူမီဇိုပိုင်ရင်) ဖြုတ်များ ၃၄။ Thiamethoxam(သိုင်ရာမီသိုဇမ်) ပျ၊ယင်ဖြူ၊လှေး၊စပါးဖြုတ်၊အာလူးကျိုင်း၊ပိုးစေးနဲ။ Crd------- #စိုက်ပျိုးရေးပညာရပ်နှင့်ဆောင်းပါးများ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။