အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,031
လွန်ခဲ့သော ၁ နှစ် က · ရေစကြို

မတ်ပဲ45ရက်သားပါ ရေတင်ထားတာ လေးရက်ရှိပါပြီ အပွင့်လေးတွေတော့စလိုက်နေပါပြီ မတ်ပဲက ပွင့်ရင်းအပင်ကြီးထွားလားဗျ အပင်...

မတ်ပဲ45ရက်သားပါ ရေတင်ထားတာ လေးရက်ရှိပါပြီ အပွင့်လေးတွေတော့စလိုက်နေပါပြီ မတ်ပဲက ပွင့်ရင်းအပင်ကြီးထွားလားဗျ အပင်နည်းနည်းပုသလားလို့ဗျ ပူံပါအတိုင်းထန်းပင်ရိပ်နေရာမှာ အရွက်ပေါ်မှာ မှိုလေးတွေလည်းတွေ့ပါတယ်နောက်ရက်ဆေးဖြန်းချင်တာ အပင်အားဆေး+သီးပွင့်အားဆေး+ပိုးဆေး ဖြန်းပြီးမှ မှိုဆေးဖြန်းရမလား မှိုဆေးပဲအရင်ဖြန်းရမလားဗျ ရေဖြန်းပြီး ရာသီဥတုကအုံအိုက်အိုက်ဖြစ်နေတယ်ဗျ ပိုးသတ်ဆေးနဲ့မှိုဆေးအေအိုင်လေးညွှန်ပေးပါဆရာသမားတို့ခဗျ

အပင်အာဟာရ မတ်ပဲ ပိုးသတ်ဆေးအေအိုင်များ
Post image
Post image
Post image
Post image
Post image
+၅

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အပင်အားဆေး နှင့် အသီးပွင့်ဆေးကို တွဲနိုင်ပါတယ် မှို ပိုး အတွဲ ဖျန်းပြီး ၃ ရက် နောက်ပိုင်း လိုက်နိုင်ပါတယ် -နောက်ထပ် တစ်ပတ်လောက်ကြာရင် ပိုး - မှို တစ်ခါဖျန်းပြီးရင် အဆင်ပြေသလောက့်ရှိသွားပါပြီ အခင်း အနေအထားအရ အဆင်ပြေသလိုချိန်ဆနိုင်ပါသည်။

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၁ နှစ် က

ရောဂါကုပြီးမှအစာကြွေးပါအစာကြွေးလိုက်ရင်ရောဂါကတိုးလာမယ်

1,031 လွန်ခဲ့သော ၁ နှစ် က

emamectin+lambda cyhalothrinအတွဲ ပိုးဆေးနဲ့တွဲဖြန်းလို့ရမယ့်မှိုဆေးaiလေးသိချင်ပါတယ်ဆရာ

1,031 လွန်ခဲ့သော ၁ နှစ် က

မှိုဆေးပိုးဆေးအားဆေးကို တစ်ပြန်ဆီခွဲလိုက်ရမှာလားဗျ တစ်ပြန်နဲ့တစ်ပြန်ဘယ်နှရက်ခွာလိုက်ရမလဲဗျ နောက်ပြီး အပင်အားဆေးနဲ့အသီးပွင့်ဆေးပေါင်းပြီးလိုက်ရမလားဗျ အပင်အားဆေးလိုသေးလားဗျ

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၁ နှစ် က

မှိုဆေး ပိုးဆေး အရင်ဖျန်းပြီး မှ အားဆေးလေး လိုက်ပေးပါခင်ဗျ မှိုဆေး ဖျန်းသင့်သော အေအိုင်များ hexaconazole, tebuconazole,propiconazole ပါသော ဆေး တစ်ခုခု ပိုးဆေး emamectin benzoate သို့ lamda cyhalothrin ဖျန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။