အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,031
လွန်ခဲ့သော ၁ နှစ် က · ရေစကြို

နောက်တစ်ပတ်ဆို မတ်ပဲရိတ်ပါပြီ ကျွန်တော်တို့ဘက်က7လပိုင်းဆန်းလောက်ဆိုမြစ်ရေစဝင်ပါတယ် မိုးစပါးကိုမြစ်ရေအကျ8လ...

နောက်တစ်ပတ်ဆို မတ်ပဲရိတ်ပါပြီ ကျွန်တော်တို့ဘက်က7လပိုင်းဆန်းလောက်ဆိုမြစ်ရေစဝင်ပါတယ် မိုးစပါးကိုမြစ်ရေအကျ8လပိုင်းလောက်စိုက်ပါတယ် မေးချင်တာက နွေထယ်ရေးမကိုင်မီ စပါးခွံချပြီးမှထယ်ထိုးချင်တာ စပါးခွံကတစ်လနှစ်လလောက်နဲံဆွေးနိုင်လားဗျ စပါးခွံချပြီးထယ်ထိုးတာနဲံစပါးခွံကိုမီးရှို့ပြီးမှထယ်ထိုးတာနဲံဘယ်ဟာကောင်းလဲဗျ

မြေဆီလွှာ စပါး စပါးခွံ

ဖြေကြားချက် ၄ ခု

1,031 လွန်ခဲ့သော ၁ နှစ် က

စပါးခွံကိုအပုံသေးလေးတွေပုံ ပြီးလိုက်ဖြန်းရမှာလားဗျ အီးအမ်နဲ့ထရိုင်ကိုဒါးမားကို ဘယ်နှုံးထားသုံးရမလဲဗျ တစ်ဧကကို စပါးခွံ ဘယ်နှတင်းလောက် ထည့်သင့်လဲဗျ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၁ နှစ် က

စပါးခွံချပြီး,အီးအမ်နဲ့ထရိုင်ကိုဒါးမားဖျန်းပါ။ပြီးမှထယ်ထိုးလိုက်ပါ။၁ဘ၂လနဲ့ဆွေးပါတယ်။

347,513 လွန်ခဲ့သော ၁ နှစ် က

ဆွေးမြေ့အောင် မထားနိုင်ရင် စပါးခွံကို မီးရှိူ့ပြီးမှ ထယ်ထိုးခြင်းကပိုကောင်းပါတယ်ဗျ ‌ပိုတက်စီယမ်လိုအဟာရဓာတ်ကိုမြန်မြန်ရစေပါတယ်ဗျ။ နှစ်ခုယှဉ်ရမယ်ဆိုရင် အားနည်းချက်အားသာချက်တွေတော့ရှိပါတယ် ဖတ်ရှု့သူအတွက်ရှည်သွားမှာစိုးရိမ်လို့မတင်ပြတော့ပါခင်ဗျ။

347,513 လွန်ခဲ့သော ၁ နှစ် က

အော်ဂဲနစ်ပစ္စည်းတွေဆွေးမြေ့နှုန်းကြာချိန်က အပူချိန်၊စိုထိုင်းဆ၊အောက်ဆီဂျင်ရရှိမှုတွေအပေါ်မူတည်ပြီးကွာခြားပါတယ်။နွေးထွေးစိုစွတ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးမြန်မြန် ဆွေးမြေ့ပါတယ်။ စပါးခွံက လစ်ဂနင်ဓာတ်များတဲ့ အတွက် ဆွေးမြေ့ဖို့ကြာပါတယ် နှစ်လအတွင်းမဆွေးမြေ့နိုင်ပါဘူးခင်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မဂ်လာပါဗျ စပါးခွံကို မြေဖုံးပစ္စည်းအဖြစ် အသုံးပြုလို့ရပါလားဗျ။အထူက ဘယ်နှစ်လက်မလောက် ဖြူးပေးရမလဲဗျ။ကောက်ရိုး...

ဖြေကြားချက် 4 ခု

စပါးခွံနဲ့ဖွဲနုအရောတွေကိုအမိုးအောက်မှာ၄နှစ်လောက်ပစ်ထားတာအခုကြည့်တော့စပါးခွံတွေကဆွေးပြီးမြေဆွေးပုံစံဖြစ်နေတယ်ဒီ...

ဖြေကြားချက် 3 ခု

မိုးစပါး အခြောက်ကြဲခင်းမှာ ပုံပါအတိုင်း တန်းကြားကျယ်သွားအောင် ဘယ်လိုဆောင်ရွက်လိူ့ရလဲဗျ၊ ပုံမှန်အတိုင်းဆိူ စပါး...

ဖြေကြားချက် 3 ခု

ဘယ်လိုနိုင်နှင်းရမလဲဖြေပေးကြပါ

ဖြေကြားချက် 2 ခု

စပါးအဖုံးမှထွက်ခါစအနှံမှာလှေးပိုးတွေ့လို့စပါထွက်နုန်းထိခိုက်နိုင်ပါသလားခင်ဗျာ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။